အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် Dear You ရုပ်ရှင် မိတ်ဆက်ပြသပွဲသို့ လာရောက်ကြည့်ရှုသော ပရိသတ်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် Dear You ရုပ်ရှင် မိတ်ဆက်ပြသပွဲသို့ လာရောက်ကြည့်ရှုသော ပရိသတ်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဩဂုတ် ၁၆ ရက်အထိ ပြည်ပတွင် Dear You ရုပ်ရှင်လက်မှတ်ရောင်းရငွေသည် ယွမ် ၁၀၄ သန်း ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်၏ နိုင်ငံခြားဖြန့်ချိရေးလုပ်ငန်းများကို လက်ရှိတွင် တည်ငြိမ်စွာ ဆောင်ရွက်လျက်ရှိရာ ရုံတင်ပြသသည့်နိုင်ငံနှင့် ဒေသများ တစ်ဆင့်တိုး တိုးချဲ့လုပ်ဆောင်နေကာ စီးပွားဖြစ်ဖြန့်ချိမှုနှင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၌ ပြသမှုအတွက် ချိတ်ဆက်မှုတွင်လည်း အားတက်ဖွယ် တိုးတက်မှုများ ရရှိနေပြီဖြစ်သည်။

Dear You ရုပ်ရှင်သည် ချောင်ရှန့်ဒေသိယစကားဖြင့် အဓိကထားတင်ဆက်ထားပြီး “ကမ္ဘာ့အထင်ကရ မှတ်တမ်းစာရင်းဝင်” (Memory of The World Register) အဖြစ် ရွေးချယ်ခံထားရသော ချောင်ဖီး (Qiaopi) မှတ်တမ်းကို ချိတ်ဆက်မှုအဖြစ်ထားရှိကာ ပင်လယ်ရပ်ခြား၌ အလုပ်ကြိုးပမ်းလုပ်ကိုင်သော တရုတ်လူမျိုးနှင့် မိသားစုဝင်မိတ်ဆွေများ အပြန်အလှန် သတိရတမ်းတမှု၊ ဖေးမကူညီမှု အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် မိသားစုအပေါ် ထားရှိသည့်  ရိုးသားဖြူစင်သော သံယောဇဉ်၊ ဆင်းရဲဒုက္ခများကြားမှ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ အပြန်အလှန်ကူညီမှုနှင့် စစ်မှန်သော မေတ္တာကရုဏာတို့သည် ပြည်တွင်းပြည်ပရှိ ပရိသတ်များ၏ နှလုံးသားကို ထိမိစေခဲ့သည်။

အဆိုပါရုပ်ရှင်သည် အရှေ့တောင်အာရှတွင် “ဇာစ်မြစ်အားရှာဖွေခြင်း” အကြောင်းအရာကို အဓိကထားကာ ဒေသခံ ချောင်ရှန့်ဒေသ တရုတ်လူမျိုးအသင်းအဖွဲ့၊ အဖွဲ့ချုပ်များနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဥရောပနှင့် အမေရိကတွင်မူ “ချောင်ဖီး (Qiaopi) မှတ်တမ်း” ကို ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ၏ ဘုံစာပေးစာယူ အမွေအနှစ်အဖြစ် တိုးချဲ့ဖော်ပြခဲ့သည်။

ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ၏ မိသားစုသို့ ပို့စာများနှင့် ငွေလွှဲစာပါဝင်သည့် “ငွေနှင့်စာစောင်” ကို “ချောင်ဖီး (Qiaopi)” ဟုခေါ်ပြီး ၎င်းသည် လွန်ခဲ့သည့်ရာစုနှစ်တွင် နန်ယန်ဒေသ (အရှေ့တောင်အာရှ) ရှိ တရုတ်လူမျိုးများနှင့် ဇာတိမြေအကြား စာပို့ဆက်သွယ်သည့် အဓိကနည်းလမ်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် “ချောင်ဖီး (Qiaopi) မှတ်တမ်း - ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ၏ ငွေနှင့်စာစောင်” သည် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ “ကမ္ဘာ့အထင်ကရ မှတ်တမ်းစာရင်းဝင်” (Memory of The World Register) အဖြစ် ထည့်သွင်းခံခဲ့ရသည်။

ထိုမတိုင်မီ Dear You ရုပ်ရှင်သည် စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ၊ ဗြိတိန်၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံခြားရုပ်ရှင်ရုံဈေးကွက်များစွာသို့ ဆက်တိုက် ဝင်ရောက်ပြသခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ မြောက်အမေရိက၊ ပြင်သစ်၊ စပိန်၊ တောင်ကိုရီးယား စသည့် နိုင်ငံတကာဈေးကွက်များတွင်လည်း ဆက်လက်တိုးချဲ့ပြသသွားမည်ဖြစ်သည်။ (Xinhua)

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် Dear You ရုပ်ရှင်ပိုစတာရှေ့တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ပရိသတ်တစ်ဦးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် Dear You ရုပ်ရှင်ပိုစတာရှေ့တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော ပရိသတ်တစ်ဦးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

《给阿嬷的情书》海外累计票房破亿元

新华社广州8月18日电(记者邓瑞璇)截至8月16日,电影《给阿嬷的情书》海外累计票房已达1.04亿元人民币。该电影海外发行工作目前持续稳步推进,上映国家和地区进一步拓展,商业发行与国际电影节展映接连取得积极进展。  

《给阿嬷的情书》以潮汕方言为主,以入选《世界记忆名录》的侨批档案为纽带,讲述海外打拼的华侨与家人朋友彼此牵挂、守望相助的故事。真诚朴素的家国情怀,艰难困苦中的坚韧、互助与真情义,引发海内外观众共鸣。  

影片在东南亚主打“寻根”主题,与当地潮属社团、同乡会深度合作,在欧美则将“侨批”延展为全球移民的共同书信记忆。集华侨家书和汇款凭证同体的“银信合封”被称为“侨批”,是上个世纪南洋华侨与故乡通信的主要方式。2013年,“侨批档案——海外华侨银信”入选联合国教科文组织《世界记忆名录》。  

此前,《给阿嬷的情书》已陆续登陆新加坡、马来西亚、澳大利亚、英国、日本、泰国、越南、印度尼西亚、菲律宾等多个海外院线市场,接下来将继续在北美、法国、西班牙、韩国等国际市场推进。(完)

图说1:8月5日晚,在印度尼西亚雅加达,观众入场参加首映礼。新华社发(阿贡·昆卡亚摄)

图说2:8月4日,在越南胡志明市,一名观众在《给阿嬷的情书》宣传海报前留影。新华社记者 胡佳丽 摄