
ကွာလာလမ်ပူ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ခိုင်မာစွာ ကိုင်စွဲထားကြောင်းနှင့် ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒမှာ နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုကို ရရှိထားပြီးဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က ကာတာနိုင်ငံ Al Jazeera ရုပ်သံဌာန၏ သီးသန့်အင်တာဗျူးကို မကြာသေးမီက ဖြေကြားခဲ့ရာတွင် ထပ်လောင်း ပြောကြားခဲ့သည်။
အန်ဝါ အီဘရာဟင်က ထိုင်ဝမ်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် “ကျွန်တော်က ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှုမြင်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းပါပဲ၊ ဒါကို အားလုံးက လက်ခံထားကြပါတယ်”ဟု ပြောကြားခဲ့သည်။
အန်ဝါ အီဘရာဟင်က မလေးရှားနိုင်ငံရှိ ပြည်နယ်တစ်ခုခုက ခွဲထွက်လိုပါက မိမိအနေဖြင့် “နိုင်ငံတော် ပေါင်းစည်းညီညွတ်မှုကို ကာကွယ်သွားမည်” ဟု ပြောကြားခဲ့သည်။
၁၉၇၄ ခုနှစ် မေ ၃၁ ရက်တွင် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ပူးတွဲကြေညာချက်တွင် မလေးရှားနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ကို အသိအမှတ်ပြုကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြားမရနိုင်သော နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟူသော ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။ မလေးရှားအစိုးရက ဤရပ်တည်ချက်ကို ယင်းနောက်ပိုင်းတွင်လည်း အကြိမ်ကြိမ် ထပ်လောင်း အတည်ပြုခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
马来西亚总理重申坚持一个中国原则
新华社吉隆坡8月19日电(记者袁睿 王嘉伟)马来西亚总理安瓦尔·易卜拉欣日前接受卡塔尔半岛电视台专访时重申,马来西亚坚持一个中国原则,并表示台湾问题纯属中国内政,一个中国原则已获国际社会普遍接受。
安瓦尔在回答有关台湾问题的提问时说:“我视台湾为中国的一部分,就是一个中国,这是大家所接受的。”
安瓦尔表示,如果马来西亚的一个州想分裂,他将“捍卫国家统一”。
1974年5月31日中国和马来西亚签署联合公报。马来西亚在联合公报中表示,承认中华人民共和国政府为中国的唯一合法政府,并承认中国政府关于台湾是中华人民共和国领土不可分割的一部分的立场。马政府此后多次重申这一立场。(完)
1. 2025年8月31日晚,国家主席习近平和夫人彭丽媛在天津梅江会展中心举行宴会,欢迎来华出席2025年上海合作组织峰会的国际贵宾。这是马来西亚总理安瓦尔和夫人步入梅江会展中心。








