
ဘိုဂိုတာ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ နိုင်ငံအနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဒေသစံတော်ချိန် ဩဂုတ် ၁၈ ရက် နံနက် ၆း၃၀ နာရီအထိ လူ ၃၀၄ ဦး သေဆုံးကာ ၄,၅၄၈ ဦး ဒဏ်ရာရရှိပြီး ၄၂၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ကို ကိုလံဘီယာနိုင်ငံတစ်ဝန်း ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၄၇၂ ခုတွင် ခံစားခဲ့ရပြီး သဘာဝဘေးဒဏ်သင့်သူဦးရေမှာ ၂၉၂,၀၀၀ အထိရှိကြောင်း အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ဆေးဘက်ဆိုင်ရာဌာန ၃၀၃ ခု၊ ပညာရေးဌာန ၃,၄၄၃ ခုနှင့် လူနေရပ်ကွက် ၃,၉၀၅ ခုတို့သည် ငလျင်အတွင်း ပျက်စီးခဲ့ပြီး လမ်း ၄၁၃ ခု၊ ရေပေးဝေရေးအဆောက်အအုံ ၈၆ ခုနှင့် လေဆိပ် ၅ ခုတို့လည်း ထိခိုက်ခဲ့သည်။
ကိုလံဘီယာ ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့် အကွာတွင် ရှိပြီး ငလျင်အနက်မှာ ၉၆ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Xinhua)
.......................
(Chinese Version)
哥伦比亚强震遇难人数已达304人 逾29万人受灾
新华社波哥大8月18日电(记者李子健)哥伦比亚国家灾害风险管理局18日公布最新数据显示,截至当地时间18日6时30分,该国西部10日发生的强震已造成304人死亡、4548人受伤、426人失踪。
数据显示,哥伦比亚全国有15个省的472个市镇受到此次地震影响,受灾人数达29.2万人。
目前,已有303所医疗机构、3443所教育机构和3905个社区在地震中受损,413条道路、86处供水设施和5座机场受到影响。
据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。(完)
图说:这是8月12日在哥伦比亚西南部城市卡利拍摄的在地震中坍塌的建筑物。新华社发(安德烈斯·莫雷诺摄)








