
အန်ကာရာ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်သည် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အမေရိကန်-အီရန်အကြားမှ ပြဿနာအား သံတမန်ရေးနည်းဖြင့် ဖြေရှင်းရန်တိုက်တွန်းခဲ့ကြောင်း တူကီယဲနိုင်ငံ သမ္မတအိမ်တော် သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
အာဒိုဂန်က အီရန်နှင့် အမေရိကန် တင်းမာမှုအခြေအနေတွင် သံတမန်ရေးအခန်းကဏ္ဍအား အပြည့်အဝအသုံးပြုချမှု၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့ပြီး တူကီယဲအနေဖြင့် နှစ်ဖက်က ဆက်လက်တွေ့ဆုံဆွေးနွေးရန် ဆန္ဒမျှော်လင့်ချက်ကို ဖော်ပြခဲ့ကာ တူကီယဲအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုလုပ်ငန်းအသီးသီးကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်က တူကီယဲ-အမေရိကန် နှစ်ဖက်ဆက်ဆံရေးနှင့် ဒေသတွင်းအရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ကြေညာချက်တွင် ဆိုထားသည်။ အာဒိုဂန်က တူကီယဲနှင့် ပါကစ္စတန်၊ ဆော်ဒီအာရေဗျတို့သည် အတူတကွကာကွယ်ရေး သဘောတူညီချက်အား လက်မှတ်ထိုးခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအား အာမခံပေးလိုသည့် ခိုင်မြဲသောရပ်တည်ချက်ကို ဖော်ပြခဲ့သည်ဟု ဆိုသည်။
ဂါဇာဒေသအခြေအနေနှင့် စပ်လျဉ်း၍ တူကီယဲသည် အဆိုပါဒေသ ရေရှည်ငြိမ်းချမ်းရေးနှင့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးကို ဖော်ဆောင်ရန်အတွက် လုပ်ဆောင်သည့် အစီအမံ အသီးသီးအား ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်သည် ဇွန် ၁၇ ရက်တွင် နားလည်မှုစာချွန်လွှာ တရားဝင်အကြောင်းအရာအား ထုတ်ပြန်ကြေညာခဲ့ရာ ၎င်းအနက် အပိုင်း (၃) အကြောင်းအရာမှာ အမေရိကန်နှင့် အီရန်သည် အများဆုံး ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးညှိနှိုင်း၍ နောက်ဆုံးသဘောတူညီချက် ရရှိရမည်ဟု ကတိပြုထားခြင်းပင် ဖြစ်သည်။ နားလည်မှုစာချွန်လွှာတွင် သတ်မှတ်ထားသော ရက်ပေါင်း ၆၀ ဆွေးနွေးညှိနှိုင်းမှုကာလသည် ဩဂုတ် ၁၇ ရက်တွင် ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
埃尔多安与特朗普通话 呼吁外交解决美伊问题
新华社安卡拉8月18日电 土耳其总统府新闻局18日发表声明说,土总统埃尔多安与美国总统特朗普通电话,呼吁外交解决美国和伊朗之间的问题。
声明说,埃尔多安强调了在伊朗与美国紧张局势中充分发挥外交作用的重要性,表达了土耳其希望双方继续对话的愿望,并表示土耳其将继续支持各项和平努力。
声明说,双方还就土美双边关系及地区问题交换了意见。埃尔多安表示,土耳其与巴基斯坦、沙特阿拉伯签署共同防务协议,表明了确保地区稳定与安全的坚定立场。谈及加沙局势,他表示,土耳其将继续支持为实现该地区持久和平以及加沙重建所采取的各项举措。
美国和伊朗6月17日公布谅解备忘录正式文本,其中第三条内容是:美国与伊朗承诺在最多60天内进行谈判并达成最终协议。8月17日,谅解备忘录所设定的60天谈判窗口期期满。(完)
图说:7月7日,土耳其总统埃尔多安(左)在安卡拉会见美国总统特朗普。新华社发(穆斯塔法·卡亚摄)








