
ဝါရှင်တန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်းမှ သင်္ဘောတပ်သားများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိသည်ဟု ဖော်ပြခံရမှုနှင့် စပ်လျဉ်း၍ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Brad Cooper က လေယာဉ်တင်သင်္ဘောပေါ်မှ သင်္ဘောတပ်သားများ၏ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာကို ဂရုပြုရန်လိုအပ်ကြောင်း၊ သို့သော် အမေရိကန်စစ်တပ်၏ လက်ရှိ တာဝန်ထမ်းဆောင်နေသာ လေယာဉ်တင်သင်္ဘောများအနက် ယူအက်စ်အက်စ် လင်ကွန်းတွင် စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သော အမှုအခင်းအရေအတွက်သည် “အနည်းဆုံးစာရင်းများတွင် ပါဝင်နေ” ကြောင်း ဩဂုတ် ၁၆ ရက်တွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
Brad Cooper သည် ဩဂုတ် ၁၅ ရက်တွင် ၁၀ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ထိုကာလအတွင်း လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်းသို့ သီးသန့်သွားရောက်ပြီး လေယာဉ်တင်သင်္ဘောပေါ်ပါ လူပုဂ္ဂိုလ်အားလုံးအား အမှာစကားပြောကြားခဲ့သည်။ Brad Cooper က “အမေရိကန်ရေတပ်ရဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၁၁ စင်းအနက် လက်ရှိ လင်ကွန်းသင်္ဘောပေါ်မှာ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အမှုအခင်းအရေအတွက်က အနည်းဆုံးစာရင်းထဲမှာ ပါဝင်နေပါတယ်” ဟု ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားခဲ့သည်။
ပင်လယ်ပြင်ပေါ်တွင် ရေရှည်တာဝန်ထမ်းဆောင်ခြင်းသည် လူတိုင်းနှင့် မသင့်လျော်ကြောင်း၊ “တစ်မူထူးခြားတဲ့ စိန်ခေါ်မှုနဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ပြည့်နှက်နေတာ အမှန်ဖြစ်ပါတယ်” ဟု Brad Cooper က ဆိုသည်။
လတ်တလောရက်ပိုင်းတွင် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်း သင်္ဘော၏ တပ်သားများသည် အင်အားပြင်းထန်သော စစ်ဆင်ရေးလှုပ်ရှားမှုနှင့် ကာလကြာရှည်စွာ ဖြန့်ကြက်နေရာချထားမှုကြောင့် နေထိုင်မှုအခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာရှိနေပြီး သင်္ဘောပေါ်တွင် လူများစွာသည် စိတ်ပိုင်းဆိုင်ရာပြိုလဲမှုကြောင့် ပင်လယ်ထဲခုန်ချရန်ပင် ကြိုးပမ်းခဲ့သည်ဟု သတင်းဖော်ပြခံရသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်းပေါ်မှ သင်္ဘောတပ်သားတစ်ဦးသည် ဩဂုတ် ၃ ရက်၌ ပင်လယ်ထဲပြုတ်ကျခဲ့ရာ ၎င်းအား ကယ်တင်ခဲ့ပြီးဖြစ်သည်ဟု ဩဂုတ် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။
အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် လင်ကွန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အစီအစဉ်အတိုင်း ဖြန့်ကြက်နေရာချထားခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အရှေ့အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းခြင်းခံခဲ့ရပြီး အီရန်အပေါ် အမေရိကန်စစ်တပ်၏ “မော်ကွန်းတင် အမျက်ဒေါသ” လှုပ်ရှားမှုနှင့် အီရန်အပေါ် အမေရိကန်၏ ရေကြောင်းဆိုင်ရာပိတ်ဆို့မှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
美:“林肯”号心理健康相关案例数在现役航母中最低
新华社华盛顿8月16日电 针对“林肯”号航母水兵被曝存在心理健康问题,美军中央司令部司令布拉德·库珀16日发文表示,航母水兵心理健康问题需要关注,但在美军现役航母中,“林肯”号上与心理健康相关的案例数量“处于最低之列”。
库珀15日结束了为期10天的中东之行,其间专程登上“林肯”号并向航母全体人员发表讲话。库珀在16日发表的声明中称:“在美国海军现役的11艘航空母舰中,目前‘林肯’号上与心理健康相关的案例数量处于最低之列”。
库珀称,长期在海上服役并不适合每一个人,“确实充满独特的挑战和艰辛”。
近日,“林肯”号航母被曝其水兵因高强度作战节奏和长期部署存在生活条件和心理健康问题,舰上甚至有多人精神崩溃试图跳海。美军中央司令部13日发表声明证实,“林肯”号航母上一名水兵3日坠海,已被救起。
据美国媒体报道,“林肯”号航母从去年11月开始按计划部署,今年1月被调往中东,参加了美军对伊朗的“史诗怒火”行动以及美国对伊朗的海上封锁。 (完)
图说:2022年1月3日拍摄的美国“亚伯拉罕·林肯”号航母。(美联社资料图片)








