ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Awaji ပန်းခြံအတွင်း၌ ပြည်သူများက ဆိုင်းဘုတ်များကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Awaji ပန်းခြံအတွင်း၌ ပြည်သူများက ဆိုင်းဘုတ်များကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)  

“ဂျပန်နိုင်ငံက ‘ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း’ ကို တွန်းအားပေးခြင်းဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပြီး ဂျပန်နိုင်ငံ ကိုယ်တိုင်နဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ သယ်ဆောင်လာပေးနိုင်ပါတယ်” ဟု ရုရှား ဒုတိယကမ္ဘာစစ် သမိုင်းပညာရှင်အဖွဲ့ အမှုဆောင်ကောင်စီ အဖွဲ့ဝင် Anatoly Koshkin က ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုကို မကြာသေးမီက လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။

Anatoly Koshkin က ဂျပန်သည် လူထိခိုက်သေကျေစေနိုင်သည့် လက်နက်တင်ပို့မှုကို ပယ်ဖျက်ခြင်း၊ လက်နက်ပြင်ဆင်မှု တိုးချဲ့ရန် အရှိန်မြှင့်ခြင်းတို့ကို လုပ်ဆောင်လာသည်သာမက ၎င်းပြည်တွင်း၌ လူတချို့က “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ရည်ရွက်ချက်ရှိရှိ တွန်းလှန်နေသလို အခြားနိုင်ငံမှ နျူကလီးယားလက်နက် တင်သွင်းရန် လျှို့ဝှက်စီစဉ်နေသည်ဟုပင် သတင်းများပေါ်ထွက်လာကြောင်း Anatoly Koshkin က ဆိုသည်။

“ဆုတ်ယုတ်နေတဲ့ အမေရိကန်က ၎င်းရဲ့ ‘ကမ္ဘာ့ရဲသား’ ဆိုတဲ့ အခန်းကဏ္ဍကို ဆက်လက်ထိန်းထားဖို့အတွက် ၎င်းရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျပန်ရဲ့ လက်နက်ပြင်ဆင်မှုအင်အားကို တစ်နေ့တခြား ဂရုပြုလာပါတယ်။ ဂျပန်ကတော့ အခွင့်ကောင်းယူပြီး စစ်ရေးအသွင်ပြောင်းမှုလမ်းကြောင်းထက်ကို ထပ်မံလျှောက်လှမ်းလာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံပြည်တွင်းမှ အင်အားစုအချို့သည် သမိုင်းအား ငြင်းဆိုရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ယနေ့တိုင် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးသည့် ဖြစ်ရပ်မှန်ကို လက်မခံသေးတဲ့အပြင် အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံးက ဂျပန်စစ်ရာဇဝတ်သားများအား စီရင်ခြင်း၏ တရားဝင်မှုကိုပင် သံသယဝင်နေကြောင်း Anatoly Koshkin က ထောက်ပြခဲ့သည်။

“ဂျပန်နိုင်ငံသားတချို့၊ အထူးသဖြင့်လူငယ်တွေက စစ်ဝါဒအတွေးအခေါ်ရဲ့ သက်ရောက်ခြင်းခံရမှုကြောင့် ‘ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပယ်ဖျက်ခြင်း’ ဆိုတဲ့ အယူအဆကို ထောက်ခံသူတွေတောင် ဖြစ်လာပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ဂျပန်နိုင်ငံပြည်တွင်းမှ လူမှုအဖွဲ့အစည်းအင်အားစု အများအပြားက ဂျပန်နိုင်ငံအနေဖြင့် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို တွန်းအားပေးဖော်ဆောင်ခြင်းသည် အလွန်အမင်း အန္တရာယ်များ၍ နောက်ဆုံးတွင် ဂျပန်နိုင်ငံအတွက် ကပ်ဘေးအသွင် နောက်ဆက်တွဲဆိုးကျိုးများ သယ်ဆောင်လာမည်ကို နားလည်သိရှိကြကြောင်း၊ “လတ်တလောကာလမှာ ဂျပန်နိုင်ငံ ပြည်တွင်းက ဆာနာအဲ တာကာအိချိအစိုးရရဲ့ ‘ထပ်မံစစ်ရေးအသွင်ပြောင်းမှု’ မူဝါဒအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ များပြားနေပြီး ဆန္ဒပြပုဂ္ဂိုလ်တွေက ဆာနာအဲ တာကာအိချိအနေနဲ့ ဝန်ကြီးချုပ်ရာထူးကနေ အမြန်ဆုံး နုတ်ထွက်သွားဖို့ တောင်းဆိုနေကြပါတယ်” ဟု Anatoly Koshkin က ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

俄罗斯史学家:日本“再军事化”威胁巨大

新华社莫斯科8月16日电(记者栾海)“日本推进‘再军事化’是巨大威胁,可能给日本自身和东亚、东南亚国家带来严重后果。”俄罗斯二战史学家协会执行理事会成员阿纳托利·科什金日前在接受新华社记者专访时说。  

科什金说,日本不仅解禁杀伤性武器出口、加速军备扩张,其国内更有人蓄意推翻“无核三原则”,甚至被曝密谋从他国引进核武器。“衰落中的美国为保住其所谓‘世界警察’角色,日益关注其盟国日本的军备力量。日本则借机重新走上军事化道路。”  

科什金指出,日本国内一些势力妄图否认历史,至今不接受二战战败事实,甚至质疑远东国际军事法庭审判日本战犯的合法性。“一些日本人,特别是一些年轻人,受到军国主义思想的影响,甚至成为‘废除和平宪法’这一主张的支持者。”  

科什金表示,日本国内还是有很多社会力量认识到,日方推进“再军事化”极其危险,最终会给日本带来灾难性后果。“近期,日本国内掀起反对高市内阁‘再军事化’政策的抗议浪潮,抗议人士要求高市尽快辞去首相职务。”(完)

图说:8月15日,在日本东京的淡路公园内,日本民众手持标语参加集会。新华社记者 贾浩成 摄