တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဖူထျန် စိမ့်မြေအရပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဖူထျန် စိမ့်မြေအရပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်းငှက် သန်းပေါင်းများစွာသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (EAAF) တစ်လျှောက်၌ သားပေါက်ရာနှင့် ဆောင်းခိုရာ နေရာများအကြား ခရီးနှင်ရာတွင် မုန်တိုင်းများ၊ အစာရှားပါးမှုနှင့် လူသားတို့ကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ကြံ့ကြံ့ခံကျော်လွှားကာ ကမ္ဘာ့တိုက်ကြီးကိုဖြတ်ကျော်လျက် ခက်ခဲကြမ်းတမ်းသော ခရီးကို နှစ်စဉ် စတင်ကြရသည်။

အလက်စကာပြည်နယ်နှင့် ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှ အရှေ့တောင်အာရှနှင့် ဩစတြေးလျနိုင်ငံတို့အထိ ဖြန့်ကြက်တည်ရှိနေသော EAAF လမ်းကြောင်းအား ကမ္ဘာပေါ်တွင် အသွားအလာအများဆုံး ငှက်ပျံသန်းရာလမ်းကြောင်းများအနက် တစ်ခုအဖြစ် သတ်မှတ်ထားကာ တရုတ်နိုင်ငံသည် ထိုလမ်းကြောင်း၏ အလယ်ဗဟိုတွင် တည်‌ရှိသောကြောင့် ရွှေ့ပြောင်းငှက်များအတွက် အစားထိုး၍မရနိုင်သော ကွန်းခိုရာနေရာနှင့် နယ်စပ်ဖြတ်ကျော် ကျေးငှက်များကာကွယ်စောင့်ရှောက်ရေးအတွက် ဗဟိုချက်အဖြစ် အကျိုးပြုလျက်ရှိသည်။

မြို့ပြများရှိ "စားကျက်နေရာများကို ပြန်လည်အားဖြည့်ခြင်း"

ဆန်းကျန့်ပင်လယ်အော်အနီးရှိ ကွမ်တုန်း နေ့လျင်တင်း ဖူထျန် အမျိုးသားသဘာဝဘေးမဲ့တောသည် တရုတ်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာတစ်ခု၏ အလယ်ဗဟို၌ တည်ရှိသည်။ ယင်းသဘာဝဘေးမဲ့တော၏ ဒီရေတောများနှင့် လတာပြင်များသည် EAAF လမ်းကြောင်းတစ်လျှောက် ရွှေ့ပြောင်းသွားလာကြသော ငှက်များအတွက် အရေးပါသည့် ဆောင်းခိုရာနှင့် ခရီးတစ်ထောက်နားရာ နေရာတစ်ခုကို ပေးစွမ်းလျက်ရှိသည်။

"ရွှေ့ပြောင်းငှက်တွေဟာ ဂေဟစနစ်ရဲ့ ပြောင်းလဲမှုတွေကို ထင်ထင်ရှားရှား ညွှန်ပြပေးတဲ့ အရာတစ်ခုပါပဲ" ဟု အဆိုပါဘေးမဲ့တော၏ အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်သူ ယန်ချုံ က ပြောသည်။

"ဆောင်းခိုရာနေရာ ဒါမှမဟုတ် သားပေါက်ရာနေရာတွေဆီ ဦးတည်ပျံသန်းကြတဲ့ ကမ်းစပ်နေငှက်တွေဟာ ခရီးတစ်လျှောက်မှာ အားပြန်မွေးဖို့ ခရီးတစ်ထောက်နားရတယ်။ ရွှေ့ပြောင်းသွားလာတဲ့ ရာသီတွေမှာဆိုရင် ငှက်တော်တော်များများက ဆန်းကျန့်ပင်လယ်အော်မှာ တစ်ပတ်နှစ်ပတ်လောက် နားခိုကြတယ်" ဟု ယန် က ပြောကြားခဲ့သည်။

Nature Conservation Society-Myanmar မှ အမှုဆောင်ဒါရိုက်တာ ကိုပြည့်ဖြိုးအောင်မှာ ၂၀၂၀ ပြည့်နှစ်မှစ၍ တရုတ်သုတေသီများနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက် ရေညှောင့်နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက်များ၏ ဆောင်းခိုသည့် အလေ့အထများကို သုတေသနပြုလေ့လာခဲ့သည်။ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် အဆိုပါ ကမ်းစပ်နေငှက်မျိုးစိတ်၏ သဘာဝအလျောက် ရှင်သန်နေထိုင်လျက်ရှိသော အရေအတွက်မှာ ရာဂဏန်းမျှသာ ရှိတော့သည်ဟု ယူဆရသည်။

"တရုတ်နိုင်ငံအနေနဲ့ စားကျက်နေရာတွေ ပြန်လည်ထူထောင်ဖို့နဲ့ စိမ့်မြေယိုယွင်းပျက်စီးမှုကို ကုစားဖို့ လုပ်ဆောင်ရာမှာ ငှက်ပျံသန်းရာလမ်းကြောင်း တစ်ခုလုံးအတွက် စံနမူနာချမှတ်ခဲ့ပါတယ်။ ကျန်းဆူးပြည်နယ် ယန်ချိန်မြို့နဲ့ ဆန်းတုန်းပြည်နယ် မြစ်ဝါမြစ်ဝှမ်းဒေသတွေမှာလို အမျိုးသားသဘာဝဘေးမဲ့တောတွေ ထူထောင်တာဟာ အဓိကကျတဲ့ ခြေလှမ်းတစ်ခုပါပဲ" ဟု ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ဂေဟဗေဒ ယဉ်ကျေးမှုဆိုင်ရာ မျှော်မှန်းချက်နှင့် လက်တွေ့ကျသော စီမံဆောင်ရွက်ချက်များက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒ စီမံခန့်ခွဲမှုအတွက် မြင်သာထင်သာရှိသော အားဖြည့်ပံ့ပိုးမှုများဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260816/569b0a031c14435f95b3bb57ffe7e4da/c.html

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၌ ပျံသန်းနေသော ငှက်အုပ်တစ်အုပ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၌ ပျံသန်းနေသော ငှက်အုပ်တစ်အုပ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ် (ဆင်ဟွာ)

.......................................................................................

(English Version)

Xinhua Headlines: How flutters of great little birds weave together Asia-Pacific community

BEIJING, Aug. 16 (Xinhua) -- Each year, millions of migratory birds embark on grueling transcontinental journeys along the East Asian-Australasian Flyway (EAAF), braving storms, food shortages and human-made threats as they travel between breeding and wintering grounds.

Stretching from Alaska and the Russian Far East to Southeast Asia and Australia, the EAAF is considered one of the world's busiest flyways, with China at its midpoint serving as an irreplaceable rest haven and a core hub for cross-border conservation.

"REFUELING STATIONS" IN CITIES

The Guangdong Neilingding Futian National Nature Reserve near Shenzhen Bay sits amid one of China's most densely urbanized areas. Its mangroves and tidal flats provide an important wintering and stopover site for migratory birds traveling along the EAAF.

"Migratory birds are a visible barometer of changes in an ecosystem," said Yang Qiong, a senior engineer at the reserve.

"Shorebirds bound for their wintering or breeding destinations must stop along the way to refuel. During migration seasons, many choose to stop over in Shenzhen Bay for one to two weeks," Yang said.

Pyae Phyo Aung, executive director at Nature Conservation Society-Myanmar, has worked with Chinese researchers since 2020 to study the wintering activities of the spoon-billed sandpiper along the southern coasts of China and Myanmar. The critically endangered shorebird is believed to number only in the hundreds in the wild.

"China has set an example for the entire flyway in habitat restoration and reversing wetland degradation. Establishing national nature reserves such as those in Yancheng, Jiangsu Province and the Yellow River Delta in Shandong Province is a key step," he said, adding that China's vision of ecological civilization and practical initiatives are tangible contributions to regional cooperation and global ecological governance.

https://english.news.cn/20260816/569b0a031c14435f95b3bb57ffe7e4da/c.html

English Caption 1

An aerial drone photo taken on July 23, 2026 shows the Futian mangrove wetland in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

English Caption 2

This photo taken in January 2026 shows a flock of birds over the gulf of Mottama, Myanmar. (Xinhua)