
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁၇ ရက်တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ တည်ထောင်ခြင်း ၈၁ နှစ်ပြည့်မြောက်ခြင်းအတွက် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားနိုင်ငံသည် “ရွှေရောင် အင်ဒိုနီးရှား ၂၀၄၅ ခုနှစ်” မျှော်မှန်းချက်ဆီသို့ တည်ငြိမ်စွာတိုးတက်လှမ်းချီလျက်ရှိပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှုအသစ်များ ရရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စတင်တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းအား ဂုဏ်ပြုကြောင်း ထောက်ပြခဲ့သည်။
မိမိအနေဖြင့် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံ ဌာနစုံ၊ ဒေသစုံကို ဦးဆောင်ကာ မိမိတို့ရရှိထားသည့် သဘောတူညီချက်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်၊ ဘက်စုံထောင့်စုံ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုကို အဆက်မပြတ်မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
习近平就印度尼西亚共和国成立81周年向印度尼西亚总统普拉博沃致贺电
新华社北京8月17日电 8月17日,国家主席习近平致电印度尼西亚总统普拉博沃,祝贺印度尼西亚共和国成立81周年。
习近平指出,在普拉博沃总统领导下,印尼朝着“黄金印尼2045”愿景稳步迈进,经济社会发展取得新成就。祝贺印尼成为世界人工智能合作组织创始成员国。我高度重视中印尼关系发展,愿同普拉博沃总统一道努力,引领两国各部门、各地方落实好我们达成的共识,增进战略互信,深化全方位互利合作,不断提升中印尼命运共同体的地区和全球影响力,更好造福两国人民。(完)
图说:20525年9月3日下午,国家主席习近平在北京人民大会堂会见专程来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的印度尼西亚总统普拉博沃。新华社记者 黄敬文 摄








