ဆွီဒင်နိုင်ငံ မာလ်မိုမြို့တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တရုတ်နိုင်ငံမှ ခွိုင်မန့်နှင့် ဂျပန်နိုင်ငံမှ ဟာယာတ ဟိနာတို့ ယှဉ်ပြိုင်ခဲ့သည့် WTT Europe Smash Sweden ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ ခွိုင်မန့်၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံ မာလ်မိုမြို့တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တရုတ်နိုင်ငံမှ ခွိုင်မန့်နှင့် ဂျပန်နိုင်ငံမှ ဟာယာတ ဟိနာတို့ ယှဉ်ပြိုင်ခဲ့သည့် WTT Europe Smash Sweden ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ ခွိုင်မန့်၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

မာလ်မို၊ ဆွီဒင်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံ မာလ်မိုမြို့တွင် ဩဂုတ် ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTT Europe Smash Sweden ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ်မယ်များဖြစ်သည့် ဝမ်မန့်ယွိ၊ ဝမ်ရိသီ နှင့် ခွိုင်မန့်တို့က အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

ကွာတားဖိုင်နယ်ပွဲစဉ်၌ ဆီဒင်-၁ ဝမ်မန့်ယွီက တရုတ် ထိုင်ပေမှ ဖုန်ယွိဟန် ကို ၄-၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ဝမ်က ဆီမီးဖိုင်နယ်တွင် ပိုမိုခက်ခဲသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဟု မျှော်မှန်းထားကြောင်း၊ သို့ဖြစ်၍ ၎င်းအနေဖြင့် အပြည့်အဝပြင်ဆင်ထားပြီး ပိုမိုလွတ်လွတ်လပ်လပ် ကစားကာ ရမှတ်တိုင်းအတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေပြီဟု ပြောသည်။

ဝမ်ရိသီ ကလည်း တစ်နိုင်ငံတည်းသူ ရှီရွှင်ရောင် ကို ၄ ပွဲပြတ် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဝမ်ရိသီ က ၄ ပွဲပြတ်အနိုင်ရခဲ့သော်လည်း အဆိုပါပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၎င်းအနေဖြင့် ကံတရား၏ ဖေးမမှုကို အနည်းငယ်ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။ ၎င်းအနေဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေကာ တည်ငြိမ်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းထားရင်း ဆီမီးဖိုင်နယ်တွင် ၎င်း၏ပုံမှန်လက်စွမ်းအတိုင်း ကစားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်လက်ပြောသည်။

ခွိုင်က ဂျပန်နိုင်ငံသူ ဟိနာ ဟာယာတကို ၇ ပွဲအထိ အကြိတ်အနယ်ကစားခဲ့ရပြီး အဆုံးအဖြတ်ပွဲတွင် ၁၁-၈ မှတ်ဖြင့် အနိုင်ယူကာ ၄-၃ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ခွိုင်က ဟာယာတနှင့် မကြာခဏ ရင်ဆိုင်ဖူးသည့်အတွက် တစ်ဦး၏ နည်းဗျူဟာကို အခြားတစ်ဦးက သိရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းက အဆုံးအဖြတ် ယှဉ်ပြိုင်ကစားရာတွင် နည်းဗျူဟာပိုင်းကို အချိန်မီ ချိန်ညှိပြင်ဆင်နိုင်ခဲ့သည့်အပေါ် ချီးကျူးပြောဆိုခဲ့ပြီး ဝမ်မန့်ယွီနှင့် ရင်ဆိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အစွမ်းကုန်ယှဉ်ပြိုင်သွားမည်ဟု ကတိပြုခဲ့သည်။

တရုတ်နိုင်ငံမှ ချန်ရီ က ဂျပန်နိုင်ငံမှ Miwa Harimoto ကို ရှုံးနိမ့်ခဲ့သည့်အတွက် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ဆလိုဗေးနီးယားနိုင်ငံမှ ဒါကို ‌ယော်ဂစ်က အီဂျစ်နိုင်ငံမှ အိုမာ အက်ဆာကို ၄-၂ ပွဲဖြင့် အနိုင်ရရှိခဲ့သလို ဂျပန်နိုင်ငံမှ တိုမိုခါဇု ဟာရိမိုတိုက ပြင်သစ်နိုင်ငံမှ အလက်ဆစ် လီဘရွန်းကို ၄ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ ထို့အတူ ဂျပန်နိုင်ငံမှ ဆိုရ မာဆုရှိမကလည်း ဆွီဒင်နိုင်ငံမှ အဲလိယက်စ် ရာနီဖာကို ၄-၃ ပွဲဖြင့် ပွတ်ကာသီကာအနိုင်ရခဲ့ပြီး ပြင်သစ်နိုင်ငံမှ ဖီးလစ်ဇ် လီဘရွန်းက ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒရာနိုကို ၄-၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

............................................................................

(English Version)

Chinese trio reach women's singles semifinals at WTT Europe Smash

MALMO, Sweden, Aug. 15 (Xinhua) -- Chinese paddlers Wang Manyu, Wang Yidi and Kuai Man advanced to the women's singles semifinals at the World Table Tennis (WTT) Europe Smash Sweden on Saturday.

Top seed Wang Manyu defeated Chinese Taipei's Peng Yu-Han 4-1 in the quarterfinals. Looking ahead to the semifinals, Wang said she expected a tougher opponent and would make sure she was fully prepared and ready to "play more freely and fight for every point."

Wang Yidi swept compatriot Shi Xunyao 4-0 to reach the last four. Despite the straight-game win, Wang Yidi called the match closely contested and said she "may have had a little more luck." She added she hoped to stay calm, maintain a steady rhythm and play at her own level in the semifinals.

Kuai edged Japan's Hina Hayata 4-3 in a seven-game thriller, prevailing 11-8 in the decider.

Kuai said frequent meetings with Hayata left both familiar with each other's games. She credited decisive play and timely tactical adjustments for the win and pledged to "give it everything" against Wang Manyu in the semifinals.

China's Chen Yi lost 4-0 to Japan's Miwa Harimoto and missed out on a semifinal spot.

In the men's singles quarterfinals, Slovenia's Darko Jorgic beat Egypt's Omar Assar 4-2, while Japan's Tomokazu Harimoto swept France's Alexis Lebrun 4-0. Japan's Sora Matsushima edged Sweden's Elias Ranefur 4-3, and France's Felix Lebrun beat Brazil's Hugo Calderano 4-1.

English Caption 1

Kuai Man competes during the women's singles quarterfinal match between China's Kuai Man and Hayata Hina of Japan at the WTT Europe Smash Sweden 2026 in Malmo, Sweden, Aug. 15, 2026. (Xinhua/Weng Xinyang)

English Caption 2

Hayata Hina competes during the women's singles quarterfinal match between China's Kuai Man and Hayata Hina of Japan at the WTT Europe Smash Sweden 2026 in Malmo, Sweden, Aug. 15, 2026. (Xinhua/Weng Xinyang)