တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ပြိုင်ပွဲဝင်များက မိမိ၏ ပြိုင်ပွဲဝင်လက်ရာများအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ပြိုင်ပွဲဝင်များက မိမိ၏ ပြိုင်ပွဲဝင်လက်ရာများအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ် ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဖန်တီးခြင်း ကွန်ဗင်းရှင်း (တရုတ်) ပြိုင်ပွဲအစီအစဉ် တစ်နိုင်ငံလုံးဆိုင်ရာ ဗိုလ်လုပွဲနှင့် နိုင်ငံတကာပြိုင်ပွဲကို တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ဩဂုတ် ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။

အစီအစဉ်ကို “သိပ္ပံဆန်းသစ်မှုဖြင့် ဉာဏ်ရည်ရှိ အနာဂတ်ကို စတင်ခြင်း” ဟူသော အကြောင်းအရာကို အဓိကထား၍ “ကာဗွန်လျော့နည်းအနာဂတ်”၊ “AI နှင့် လူနေမှုဘဝ”၊ “စမတ်တည်ဆောက်မှု” စသည့် အကြောင်းအရာကြီး ၁၀ ခု ထားရှိသည်။ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပမှ လူငယ်လူရွယ် တစ်သောင်းနီးပါးက ဗိုလ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကျိန့်ကျိုးမြို့တွင် စုဝေးကာ ပြိုင်ပွဲတွင် ဉာဏ်ရည်နှင့် စွမ်းပကားများကို အားရဖွယ် ပြသကြသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

近万名中外“小发明家”齐聚郑州展风采

新华社照片,郑州,2026年8月16日

8月15日至16日,由中国友好和平发展基金会主办的2025-2026学年全球发明大会(中国)竞赛活动全国总决赛暨国际赛在河南郑州举行。活动以“科创启智未来”为主题,设立了“低碳未来”“AI与生活”“智能制造”等十大主题,近万名中外青少年选手来到郑州参加总决赛,在赛场上尽展智慧和风采。

1. 8月16日,选手在郑州国际会展中心展示自己的参赛作品。新华社记者 张浩然 摄

2. 8月16日,小朋友们在郑州国际会展中心拍摄参赛作品。新华社记者 张浩然 摄