
မက်ဒရစ်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
အက်သလက်တီကို မက်ဒရစ်အသင်းက တော့တင်ဟမ်အသင်းမှ အာဂျင်တီးနားလက်ရွေးစင် နောက်ခံလူ ခရစ်ရှန် ရိုမဲရိုးအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
"အက်သလက်တီကို မက်ဒရစ်နဲ့ တော့တင်ဟမ်အသင်းတို့ဟာ ခရစ်ရှန် ဂါဘရီရယ်လ် 'ကူတီ' ရိုမဲရိုးရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ရိုမဲရိုးဟာ ကျွန်တော်တို့အသင်းနဲ့ ၂၀၃၁ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ" ဟု အက်သလက်တီကိုအသင်းက ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။
ရိုမဲရိုးအနေဖြင့် ပြောင်းရွှေ့ကြေး ယူရို ၃၃ သန်း (အမေရိကန်ဒေါ်လာ ၃၈ သန်း) ဝန်းကျင်အပြင် အပိုဆုကြေး ယူရို ၇ သန်း ပါဝင်ဖွယ်ရှိသော ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အဆိုပါ တော့တင်ဟမ် အသင်းခေါင်းဆောင်ဟောင်းမှာ မြောက်လန်ဒန်တွင် လေးနှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် စပိန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် စီးရီးအေကလပ်အသင်းများဖြစ်သည့် ဂျီနိုအာနှင့် အတ္တလန်တာအသင်းတို့တွင်လည်း ကစားခဲ့ဖူးသည်။
ကွင်းလယ်တိုက်စစ်ကစားသမား လီကန်အင်း၊ စပိန်လက်ရွေးစင် အဲလက်စ် ဂရီမာလ်ဒိုနှင့် ဒိန်းမတ်ကွင်းလယ်လူ မော်တင် ဟျူးလ်မန်းတို့ပြီးနောက် ရိုမဲရိုးမှာ ယခုနွေရာသီတွင် အက်သလက်တီကိုအသင်းက ခေါ်ယူခဲ့သည့် စတုတ္ထမြောက် ကစားသမားဖြစ်လာခဲ့သည်။
ဒီယေဂို ဆီမြွန်နီ၏ အသင်းမှာ လာလီဂါ ရာသီအဖွင့်ပွဲစဉ်အဖြစ် တန်းတက် မာလာဂါအသင်းကို ဩဂုတ် ၁၉ ရက်တွင် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ (Xinhua)
.....................................................................
(English Version)
Atletico Madrid signs Argentina defender Romero from Tottenham
MADRID, Aug. 15 (Xinhua) -- Atletico Madrid has sealed the signing of Argentina international defender Cristian Romero from Tottenham Hotspur.
"Atletico Madrid and Tottenham Hotspur have reached an agreement over the transfer of Cristian Gabriel 'Cuti' Romero, who has signed for our club until June 30, 2031," Atletico announced on Saturday morning.
Romero has agreed a five-year contract for a price estimated to be in the region of 33 million euros (38 million U.S. dollars) with a further seven million euros in incentives.
The former Tottenham captain moves to Spain after four years in north London. He has also had spells with Serie A sides Genoa and Atalanta.
He becomes Atletico's fourth signing of the summer after attacking midfielder Lee Kang-in, Spain international Alex Grimaldo and Danish midfielder Morten Hjulmand.
Diego Simeone's side kicks off the new La Liga season at home to promoted Malaga on August 19.
English Caption 1
Cristian Romero (top) of Tottenham Hotspur celebrates scoring during the English Premier League match between Tottenham Hotspur and West Ham United in London, Britain, on Jan. 17, 2026. (Xinhua)
English Caption 2
Cristian Romero of Argentina reacts after the quarter final match between Argentina and Switzerland at the 2026 FIFA World Cup at the Kansas City Stadium in Kansas City, the United States, July 11, 2026. (Xinhua/Li Ming)








