
ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးစွမ်းရည်များ မြှင့်တင်ခြင်းဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ဩဂုတ် ၁၆ ရက်၌ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ၏ ဆောင်းပါးကို ယခုနှစ်အတွင်း ၁၆ ကြိမ်မြောက် ထုတ်ဝေမည့် CPC ဗဟိုကော်မတီ၏ အထင်ကရ မဂ္ဂဇင်းဖြစ်သော Qiushi ဂျာနယ်တွင် ဖော်ပြသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် အလွန်ကျယ်ပြန့်သော နယ်မြေ၊ ရှုပ်ထွေးသော ပထဝီအနေအထားနှင့် ရာသီဥတုအမျိုးမျိုး ရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိသည်ဟု ထိုဆောင်းပါး၌ ဖော်ပြထားသည်။ ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပခဲ့ပြီးနောက် ပါတီဗဟိုကော်မတီသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုကို ဦးဆောင်ကာ ကြီးမားသော သဘာဝဘေးအန္တရာယ် အများအပြားကို ကျော်လွှားနိုင်ခဲ့ပြီး အသက်အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှုများကိုလည်း အနည်းဆုံးအတိုင်းအတာအထိ လျှော့ချနိုင်ခဲ့ရာ ထိုအောင်မြင်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထိရောက်သော သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပါတီ၏ ဘက်စုံဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းခြင်း၊ ပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ခြင်း၊ သဘာဝတရား၏ နိယာမများကို လေးစားလိုက်နာခြင်း၊ ကြိုတင်ကာကွယ်မှုကို ဦးစားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုကို ဆက်လက်ဖော်ဆောင်ခြင်း၊ စနစ်တကျ ချဉ်းကပ်မှုကို ကျင့်သုံးခြင်း၊ ပြည်သူများ၏ ပါဝင်မှုကို အားပေးမြှင့်တင်ခြင်းတို့ လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများသည် လက်ရှိတွင် အခြေအနေသစ်များ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်ကြောင့် အဆိုပါလုပ်ငန်းစဉ်များ၏ အထူးအရေးပါမှုကို အပြည့်အဝ အသိအမှတ်ပြုရန်၊ အားသာချက်များကို စုစည်းတည်ဆောက်ရန်၊ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန်၊ သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရာတွင် နိုင်ငံ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုတို့ကို စဉ်ဆက်မပြတ် မြှင့်တင်ရန် လိုအပ်ကြောင်း ဆောင်းပါး၌ အလေးပေးဖော်ပြထားသည်။ ယင်းကဲ့သို့ ကြိုးပမ်းအားထုတ်မှုများက ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်၊ လူမှုဘဝ တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှု တည်ငြိမ်စွာ အဆက်မပြတ် တိုးတက်စေရန် အထောက်အကူပြုနိုင်သည်ဟုလည်း ဆိုသည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် ကြိုတင်ကာကွယ်ခြင်းကို ပိုမိုအလေးပေးသော ချဉ်းကပ်မှုကို ကျင့်သုံးရန်၊ နယ်မြေအကွာအဝေးဆိုင်ရာ စီမံကိန်းနှင့် ဆောက်လုပ်ရေးစီမံကိန်း အမျိုးမျိုးတို့တွင် ဘေးကင်းမှုနှင့် ခံနိုင်ရည်ရှိမှုဆိုင်ရာ လိုအပ်ချက်များ ထည့်သွင်းရန်၊ အဓိကမြို့ကြီးများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ အရေးကြီး အခြေခံအဆောက်အအုံများအတွက် သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိမှု စံနှုန်းများကို သင့်လျော်သလို အဆင့်မြှင့်တင်သွားရန်လည်း ဆောင်းပါး၌ တိုက်တွန်းထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260815/15fe5090f85f4e1680dc8ec2b9bac47d/c.html
..........................................................................
(English Version)
Xi's article on enhancing disaster management capabilities to be published
BEIJING, Aug. 15 (Xinhua) -- An article by Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on enhancing disaster prevention, mitigation and relief capabilities will be published on Sunday.
The article by Xi, also Chinese president and chairman of the Central Military Commission, will be published in this year's 16th issue of the Qiushi Journal, a flagship magazine of the CPC Central Committee.
China has a vast territory, complex geography and diverse climate, making it prone to frequent natural disasters, the article says. Since the 18th CPC National Congress, the CPC Central Committee has led officials and the public in overcoming a series of major natural disasters, minimizing casualties and property losses to the greatest extent possible, with achievements widely recognized by the international community.
According to the article, to ensure effective disaster prevention, mitigation and relief work, it is a must to uphold the Party's overall leadership, put people and their lives first, respect the laws of nature, prioritize prevention, pursue reform and innovation, take a systematic approach, and promote public participation.
China's disaster prevention, mitigation and relief work currently faces many new situations and challenges, the article says, stressing the need to fully recognize the utmost importance of such work, build on strengths, address weaknesses, and continuously improve the country's capabilities and competence to respond to natural disasters. Such efforts can help effectively safeguard people's lives and property, maintain social stability, and ensure steady and sustained progress in Chinese modernization.
The article calls for a more prevention-focused approach to disaster management, incorporating safety and resilience requirements into territorial spatial planning and various construction plans, and appropriately raising the disaster-resilience standards for key infrastructure in major cities and disaster-prone areas.
https://english.news.cn/20260815/15fe5090f85f4e1680dc8ec2b9bac47d/c.html
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, attends a meeting bringing together the national science and technology award conference, the general assemblies of the members of the Chinese Academy of Sciences (CAS) and the Chinese Academy of Engineering (CAE), and the 11th national congress of the China Association for Science and Technology at the Great Hall of the People in Beijing, capital of China, July 8, 2026. (Xinhua/Shen Hong)








