ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Awaji ဥယျာဉ်တွင်  ဂျပန်ပြည်သူများက ကြွေးကြော်စာတန်းများအား ကိုင်ဆောင်၍ လူထုစုဝေးပွဲတွင် ပါဝင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Awaji ဥယျာဉ်တွင် ဂျပန်ပြည်သူများက ကြွေးကြော်စာတန်းများအား ကိုင်ဆောင်၍ လူထုစုဝေးပွဲတွင် ပါဝင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရ အဓိကပုဂ္ဂိုလ်များ ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုအား တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ဩဂုတ် ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

သတင်းထောက်တစ်ဦးက သတင်းများအရ ဂျပန်စစ်ရှုံး၍ လက်နက်ချအညံ့ခံသည့်နေ့တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယာဆူကူနီ ဂူဗိမာန်သို့ ပူဇော်ငွေ လှူဒါန်းခဲ့သလို ဂျပန်ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi စသည့်သူများကလည်း သွားရောက်ဂါရဝပြုခဲ့ကြသည်ဟု သိရကြောင်း၊ ထို့အပေါ် မည်သို့ သုံးသပ်ပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကျန်ပင်းက ယာဆူကူနီ ဂူဗိမာန်သည် ဂျပန်စစ်ဝါဒီများ ပြင်ပသို့ ကျူးကျော်စစ်ပွဲ စတင်ရာ စိတ်ဓာတ်ရေးရာကိရိယာနှင့် အမှတ်လက္ခဏာဖြစ်ပြီး အာရှ-ပစိဖိတ် နိုင်ငံများရှိ ပြည်သူများ၏ အသက်သွေးများ လက်နှစ်ဖက်လုံးတွင်  ရွှဲစိုနေသည့် စစ်ရာဇဝတ်သားများကို ကိုးကွယ်ထားခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရေးသမားများ၏ သက်ဆိုင်ရာလုပ်ရပ်များသည် ရာဇဝင်သမိုင်း၏ တရားမျှတမှုကို ပြောင်ပြောင်တင်းတင်း ထိပါးစော်ကားခြင်း ဖြစ်သလို အာရှ-ပစိဖိတ် ဘေးသင့်နိုင်ငံများရှိ ပြည်သူများ၏ ခံစားချက်ကို ပြင်းထန်စွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ ၎င်း၏ မူလ သရုပ်မှန်မှာ ကျူးကျော်မှု ရာဇဝတ်မှုတာဝန်ကို ငြင်းပယ်၊ ဖုံးကွယ်ခြင်း ဖြစ်ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း ရလဒ်များနှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းစနစ်ကို စိန်ခေါ်ခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တစ်ဖက်က ပါးစပ်ဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း အမွှမ်းတင်ပြောကြားနေရင်း တစ်ဖက်က စစ်ရာဇဝတ်သားများကို ဦးတင်ကိုးကွယ်နေတဲ့ ဒီလို အယောင်အဆောင်လုပ်ဆောင်မှုက ဂျပန်လက်ယာယိမ်းအင်အားစုရဲ့ ဆိုးဝါးစွာ ပုံပျက်နေတဲ့ သမိုင်းအမြင်နဲ့ စစ်ဝါဒီတွေအတွက် ဝိညာဉ်ပြန်လည်အသက်သွင်းလိုတဲ့ အန္တရာယ်များတဲ့ အကြံအစည်ကို အပြည့်အဝ ဖော်ထုတ်ပြသနေတယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။

“ကျူးကျော်မှုသမိုင်းကို တည့်မတ်စွာ ရှုမြင်ပြီး စစ်ရာဇဝတ်မှုတာဝန်များကို နက်ရှိုင်းစွာ ပြန်လည်သုံးသပ်ခြင်းက ဂျပန်အနေနဲ့ အာရှအိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရေးကို တိုးတက်စေတဲ့ နိုင်ငံရေးအခြေခံဖြစ်တယ်” ဟု  ကျန်ပင်းက ပြောကြားခဲ့သည်။

“ဒီနှစ်က တိုကျိုရုံးတင်စီရင်တဲ့ နှစ် ၈၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဂျပန်ဘက်က သမိုင်းသင်ခန်းစာတွေကို လက်တွေ့ကျကျရယူဖို့၊ နောက်ကြောင်းပြန်လှည့်မှုတွေကို ရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ တကယ်လို့ ‘စစ်ဝါဒပုံစံသစ်’ ကို ခေါင်းမာစွာ တွန်းအားပေးဆောင်ရွက်နေမယ်ဆိုရင် ဒေသတွင်းငြိမ်းချမ်းရေးကို အန္တရာယ်ပေးတဲ့ ပြဿနာအရင်းအမြစ် ဖြစ်ပြီး တရားမျှတမှုရဲ့ စီရင်မှုနဲ့ သမိုင်းရဲ့ စာရင်းရှင်းမှုကို နောက်ထပ်တစ်ကြိမ် မုချမသွေခံစားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံတွင် လူထုစုဝေးပွဲ၌ ပါဝင်သော ပြည်သူလူထုကို 
၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံတွင် လူထုစုဝေးပွဲ၌ ပါဝင်သော ပြည်သူလူထုကို ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

------------------------------------------------------------------

(Chinese Version)

国防部新闻发言人就日本政要参拜靖国神社答记者问

新华社北京8月15日电(记者王春涛)国防部新闻发言人蒋斌15日就日本政要参拜靖国神社答记者问。

有记者问,据报道,在日本战败投降日当天,日本首相高市早苗向靖国神社供奉祭祀费,日本防卫大臣小泉进次郎等前往参拜。请问对此有何评论?

蒋斌表示,靖国神社是日本军国主义发动对外侵略战争的精神工具和象征,供奉有双手沾满亚太国家人民鲜血的战犯。日本政客有关行径公然亵渎历史正义,严重伤害亚太受害国人民感情,本质上是掩盖否定侵略罪责,挑战世界反法西斯战争胜利成果与战后国际秩序。

“一边嘴上标榜追求和平,一边向战争罪魁祸首顶礼膜拜,这种虚伪的作派,充分暴露出日本右翼势力严重扭曲的历史观和为军国主义扬幡招魂的危险图谋。”蒋斌说。

“正视侵略历史、深刻反省战争罪责,是日本发展同亚洲邻国关系的政治基础。”蒋斌表示,“今年是东京审判开庭80周年,我们要求日方切实汲取历史教训,停止倒行逆施,若一意孤行推进‘新型军国主义’,成为危害地区和平的祸根乱源,必将再次受到正义审判和历史清算。”(完)

1.     8月15日,在日本东京的淡路公园内,日本民众手持标语参加集会。 (配本社同题文字稿) 新华社记者 贾浩成 摄

2.     8月5日,民众在日本广岛和平纪念公园参加集会。 (配本社同题文字稿) 新华社记者 胡晓格 摄