အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်း၌ လူအများက ယာယီခိုလုံရေးစခန်းများတွင် အနားယူနေကြသည်ကို 
၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်း၌ လူအများက ယာယီခိုလုံရေးစခန်းများတွင် အနားယူနေကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဩဂုတ် ၁၅ ရက် ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Flores ကျွန်းအနီး ပင်လယ်ပြင်တွင် ထိုနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သော အင်အား ၇.၇ အဆင့် ငလျင်နှင့် ပြင်းထန်သော နောက်ဆက်တွဲငလျင် များစွာကြောင့် အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်း ကယ်ဆယ်ရေးဌာနများ၏ သတင်းအရ ဒေသစံတော်ချိန် ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အထိ ယခုအကြိမ်ငလျင်ကြောင့် အနည်းဆုံး လူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ် အကဲဖြတ်သတ်မှတ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)

အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်း၌ နေထိုင်သူများက နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ခွာနေသည်ကို 
၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်း၌ နေထိုင်သူများက နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ခွာနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

印尼强震死亡人数升至47人

新华社雅加达8月15日电(记者张怡晟 李斯博)印度尼西亚国家抗灾署15日晚发布公告说,印尼东部弗洛勒斯岛附近海域当天早上发生的7.7级地震及多次强余震已造成至少47人死亡。   

另据当地救援部门消息,截至当地时间15日18时30分,此次地震造成至少50人受伤,救援与灾情评估工作仍在持续进行。(完)

1. 8月15日,在印度尼西亚弗洛勒斯岛,人们在临时避难所里休息。新华社发(阿里芬摄)

2. 8月15日,在印度尼西亚弗洛勒斯岛,居民走出住所避险。新华社发(阿里芬摄)