အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein (ပုံတွင်မပါ) နှင့်အတူ ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein (ပုံတွင်မပါ) နှင့်အတူ ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အီရန်အနေဖြင့် အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း၊ ထို့ပြင် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုအား ပြန်လည်စတင်မည်၊  မစတင်မည် ကိုလည်း မဆုံးဖြတ်ရသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ဩဂုတ် ၁၅ ရက်တွင် အီရန်မီဒီယာများ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

အမေရိကန်သည် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာအား ချိုးဖောက်ခဲ့ပြီး စစ်မီး ပြန်လည်တောက်လောက်နေပြီဖြစ်သဖြင့် “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား သက်တမ်းတိုးမည်” ဟူသည်မှာ မရှိကြောင်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။

ကာတာနှင့် ပါကစ္စတန်တို့သည် စေ့စပ်ညှိနှိုင်းသူများအနေဖြင့် သတင်းအချက်အလက်ဖလှယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး အီရန်နှင့် ဆက်သွယ်မှုများထိန်းသိမ်းထားကြောင်း၊ သို့သော် ယင်းသည် အီရန်-အမေရိကန် နှစ်ဖက်က ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေသည်ဟု မဆိုလိုကြောင်းလည်း ၎င်းက ဆိုသည်။

အမေရိကန်နှင့် အီရန်သည် ဇွန် ၁၇ ရက်တွင် နားလည်မှုစာချွန်လွှာ အကြောင်းအရာကို တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရွက်စာတမ်းအရ အမေရိကန်နှင့် အီရန်သည် ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရန်နှင့် နောက်ဆုံးသဘောတူညီချက် ရရှိရန် ကတိပြုထားသည်။

အီရန်က လတ်တလောကာလတွင်း ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားသည့် စီးပွားရေးကုန်သင်္ဘောအား တိုက်ခိုက်သည် ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်စစ်တပ်က ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၈ ရက်တွင် နှစ်ရက်ဆက်တိုက် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အီရန်ဘက်ကမူ ဘာရိန်း၊ ကူဝိတ်၊ ကာတာနှင့် ဂျော်ဒန် စသည့်နိုင်ငံများရှိ အမေရိကန်ဘက် အဆောက်အဦများအပေါ် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန်နှင့် အီရန် ရရှိထားသည့် နားလည်မှုစာချွန်လွှာသည် “အဆုံးသတ်သွားပြီ” ‌ဟု ၎င်းအနေဖြင့် ယူဆကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇူလိုင် ၈ ရက်တွင် တူကီယဲနိုင်ငံ၌ နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေး တက်ရောက်ချိန်ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်၍ အမေရိကန်စစ်တပ်က အီရန်အား ဆက်တိုက် တိုက်ခိုက်မှု လုပ်ဆောင်ခြင်းသည် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာအား ဆိုးရွားစွာချိုးဖောက်နေသည်ဟု ယူဆကြောင်း ဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

伊朗外长:无意延长停火协议 未决定重启谈判

新华社德黑兰8月15日电 伊朗外交部长阿拉格齐15日接受伊朗媒体采访时表示,伊朗无意延长与美方的停火协议,且尚未决定是否重启与美国的谈判。  

阿拉格齐说,美国已违反伊美谅解备忘录,战火已重燃,不存在所谓的“延长停火协议”。  

他还说,卡塔尔和巴基斯坦作为调解方正开展交换信息的工作,并与伊朗保持联系,但这并不意味着伊美双方正在进行谈判。  

美国和伊朗方面6月17日公布谅解备忘录正式文本。根据这份文件,美伊承诺在60天内进行谈判并达成最终协议。  

美军7月7日和8日以回应伊朗近期袭击通过霍尔木兹海峡的商船为由,连续两天对伊朗发动军事打击,伊朗则向美方在巴林、科威特、卡塔尔和约旦等国的设施发动导弹和无人机袭击。美国总统特朗普7月8日在土耳其参加北约峰会时说,他认为美国和伊朗达成的谅解备忘录“已终结”。同一天,伊朗外交部发表声明,认为美军接连袭击伊朗严重违反伊美谅解备忘录。(完)

图说:6月28日,在伊拉克首都巴格达,伊朗外交部长阿拉格齐在与伊拉克外交部长侯赛因(未在画面中)举行的联合新闻发布会上讲话。新华社发(哈利勒·达伍德摄)