
ကျိုးခို (ဟဲနန်)၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံ ကျာလူမြစ် မြစ်ညာပိုင်းမှရေစီးဆင်းလာမှုနှင့် ရှားရင်မြစ် ရေပြန်လျှံတက်မှုတို့၏ ဖိအားသက်ရောက်မှုကြောင့် ဟဲနန်ပြည်နယ် ကျိုးခိုမြို့ ချွမ်းဟွေ့ခရိုင် ရှင်းပေဟွမ်တံတားအောက်ရှိ ကျာလူမြစ်အရှေ့ဘက်ကမ်း ဆည်ရိုး ကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။
ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဘက်ပေါင်းစုံမှ ကယ်ဆယ်ရေးအင်အားစုများသည် ကျိုးခိုမြို့သို့ အမြန်ဆုံး ရောက်ရှိလာကာ ကျိုးပေါက်ခဲ့သော ဆည်ရိုးကို အပြည့်အဝ ပိတ်ဆို့ရန် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ပိတ်ဆို့ခြင်းလုပ်ငန်းမှာ တစ်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းထောက်က ထိုနေရာမှ သိရှိခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
河南贾鲁河周口溃口封堵一线直击
新华社照片,周口(河南),2026年8月15日
8月13日23时许,受贾鲁河上游来水和沙颍河倒灌顶托挤压影响,河南省周口市川汇区新北环桥下贾鲁河东岸堤防出现溃口。
记者在现场了解到,险情发生后,多方救援力量快速赶赴周口,全力封堵溃口。目前,封堵进度已过半。
图说:这是8月15日拍摄的封堵作业现场(无人机照片)。 新华社记者 郝源 摄








