
ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံရေးပုဂ္ဂိုလ်များက A အဆင့် စစ်ရာဇဝတ်သားများကို ဂုဏ်ပြုထားသည့် ယာဆူကူနီဂူဗိမာန်သို့ ဩဂုတ် ၁၅ ရက်တွင် သွားရောက်ဂုဏ်ပြုမှုနှင့် စပ်လျဉ်း၍ မေးမြန်းမှုအား တရုတ်နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုနေ့တွင် ဖြေကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် ဂျပန်ဘက်၏ ယာဆူကူနီဂူဗိမာန်နှင့် စပ်လျဉ်းသော အပြုသဘောမဆောင်သည့် လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ဂျပန်ဘက်ထံသို့ အလေးအနက် အရေးဆိုမှု၊ ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဩဂုတ် ၁၅ ရက်သည် ဂျပန်စစ်ရှုံး၍ လက်နက်ချအညံ့ခံသည့်နေ့ဖြစ်ကြောင်း၊ ယနေ့တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယာဆူကူနီဂူဗိမာန်ထံ ဂါရဝပြုစရိတ် လှူဒါန်းခဲ့သလို အစိုးရအဖွဲ့ဝင် အချို့ကလည်း ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂုဏ်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံအနေဖြင့် ဂျပန်ဘက်၏ ယာဆူကူနီဂူဗိမာန်နှင့် စပ်လျဉ်းသော အပြုသဘောမဆောင်သည့် လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ဂျပန်ဘက်ထံသို့ အလေးအနက် အရေးဆိုမှု၊ ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်သည် ဒုတိယကမ္ဘာစစ်ကာလအတွင်းက ပြည်ပကျူးကျော်စစ်ကို ဆင်နွှဲခဲ့ရာ လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ “ယာဆူကူနီဂူဗိမာန်” ဟူသည်မှာ ဂျပန်စစ်ဝါဒီ၏ စိတ်ဓာတ်ဆိုင်ရာကိရိယာနှင့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ၎င်းဂူဗိမာန်တွင် ဂုဏ်ပြုထားသည့် A အဆင့် စစ်ရာဇဝတ်သား ၁၄ ဦးသည် ကျူးကျော်စစ်ပွဲများ ဆင်နွှဲခဲ့သည့် အဓိကတရားခံများပင်ဖြစ်ရာ အမှန်စင်စစ်တွင် “စစ်ရာဇဝတ်သား ဂူဗိမာန်” ပင်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ထောက်ပြခဲ့သည်။
ဂျပန်နိုင်ငံရေးပုဂ္ဂိုလ်များက မည်ကဲ့သို့ အကြောင်းပြချက် ဖန်တီးစေကာမူ ၎င်းတို့က စစ်ရာဇဝတ်သားများအတွက် ပြစ်မှု ပြောင်းပြန်လှန်ရန်၊ စစ်ရာဇဝတ်မှုတာဝန်အား ဖုံးကွယ်ရန်၊ သမိုင်းဖြစ်ရပ်မှန်အား ပုံမှန်ဖျက်ရန်၊ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်ရန် လမ်းခင်းပေးသည့် ရည်ရွယ်ချက်အစစ်အမှန်ကိုမူ ဖုံးကွယ်ပေးထားနိုင်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ မှားယွင်းသောလုပ်ရပ်သည် သမိုင်း၏တရားမျှတမှုအား စော်ကားခြင်း၊ ယဉ်ကျေးမှုအခြေခံစည်းအား စိန်ခေါ်ခြင်း၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ရန်စခြင်းပင်ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တစ်ပြေးညီ ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ယခုနှစ်သည် တိုကျိုရုံးတင်စီရင်မှု စတင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ သမိုင်းအား မှန်ကန်စွာနားလည်သိရှိ၍ ရှုမြင်ခြင်းသည် ဂျပန်နိုင်ငံက စစ်ပွဲအလွန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်ရန် လိုအပ်ချက်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်သည့် နိုင်ငံရေးအခြေခံဖြစ်သလို ဂျပန်က ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု ကတိကဝတ်အား လိုက်နာစောင့်ထိန်းနိုင်ခြင်း ရှိ၊ မရှိအား စမ်းသပ်သည့် အရေးကြီးစံနှုန်းပင်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
“ဂျပန်ဘက်က ကျူးကျော်မှုသမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး စစ်ဝါဒနှင့် ပြတ်ပြတ်သားသား ဖြတ်တောက်ကာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အာရှတိုက်အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရယူဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部发言人就日本政要参拜供奉甲级战犯的靖国神社答记者问
新华社北京8月15日电 外交部发言人15日就日本政要当日参拜供奉甲级战犯的靖国神社答问时表示,中方强烈谴责日方涉靖国神社消极动向,已向日方提出严正交涉、强烈抗议。
有记者问:8月15日是日本战败投降日。今天日本首相高市早苗向靖国神社供奉祭祀费,还有个别内阁成员参拜靖国神社。中方对此有何评论?
发言人表示,中方强烈谴责日方涉靖国神社消极动向,已向日方提出严正交涉、强烈抗议。
发言人指出,日本二战时期发动对外侵略战争,犯下惨无人道罪行。所谓“靖国神社”是日本军国主义的精神工具和象征,其供奉的14名甲级战犯是发动侵略战争的罪魁祸首,是事实上的“战犯神社”。无论日本政客编造何种理由,都无法隐藏其为战犯翻案、掩盖战争罪责、歪曲历史事实,为加速“再军事化”铺路的真实企图。有关错误行径是对历史正义的亵渎,对文明底线的挑战,对战后国际秩序的挑衅,国际社会一致坚决反对。
发言人说,今年是东京审判开庭80周年。正确认识和对待历史,是日本战后重返国际社会的重要前提,是日本同周边国家发展关系的政治基础,更是检验日本能否恪守和平发展承诺的重要标准。“我们敦促日方深刻反省侵略历史,同军国主义彻底切割,以实际行动取信于亚洲邻国和国际社会。”(完)
图说:2016年4月22日,在日本首都东京,日本跨党派国会议员团体“大家一起参拜靖国神社”议员参拜靖国神社。新华社记者马平摄








