အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့် တက်ရောက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့် တက်ရောက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၁၄ ရက်တွင် “အီရန်ကိုအနိုင်တိုက်ပြီးနောက်” မကြာမီအချိန်အတွင်းမှာပင် “ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နယ်မြေအဖြစ် ကြေညာမည်” ဟု ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အကြီးအကျယ်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ “ကျွန်တော်တို့ အီရန်ကို လုံးဝအနိုင်တိုက်ပြီးတာနဲ့ မကြာမီမှာပဲ ဟော်မုဇ်ရေလက်ကြားက အမေရိကန်နယ်မြေဖြစ်တယ်ဆိုပြီး ကျွန်တော် ကြေညာမှာပါ” ဟု ထရမ့်က ထိုနေ့တွင် နယူးယောက်ပြည်နယ် လောင်းအိုင်းစ်လန်း၌ ကျင်းပသော အခမ်းအနားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းသည် ထိုစကားကို ပြောရင်း အနည်းငယ်ရယ်လိုက်ပြီး “ဒါဟာ အမှန်ပဲလေ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်နျူကလီးယားလက်နက်ရရှိခြင်းကို တားဆီးခြင်းနှင့် နှိုင်းယှဉ်ပါက ရေနံဈေးမြင့်မှုသည် အသေးအဖွဲ ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် “ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူး။ ကျွန်တော် မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။ ထရမ့်သည် ဩဂုတ် ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ “အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝထိန်းချုပ်ထားသည်... အီရန်အနေနဲ့ ဒါကို ဘာမှမတတ်နိုင်ဘူး” ဟု ဖော်ပြထားသည်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့၏   ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Khatam al-Anbiya ကမူ ဟော်မုဇ်ရေလက်ကြားမှာ အီရန်၏ “အပြည့်အဝ ထိန်းချုပ်မှု” အောက်တွင် ရှိနေပြီး အီရန်၏ ခွင့်ပြုချက်မရှိပါက မည်သည့်သင်္ဘောမျှ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည် မဟုတ်ကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းဌာန (IRNA) ၏ ဩဂုတ် ၁၃ ရက် ဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………………………..

(Chinese Version)

特朗普:击败伊朗后会宣布霍尔木兹海峡为美国领土

新华社华盛顿8月14日电(记者黄强 颜亮)美国总统特朗普14日声称,“击败伊朗后”他很快就会“宣布霍尔木兹海峡为美国领土”。  

特朗普当天在纽约州长岛举行的活动上发表讲话时说,伊朗正遭受惨败,“在我们彻底击败伊朗后,很快我就会宣布霍尔木兹海峡为美国领土”。他说出这句话时轻笑了一下,并补充道:“这是真的。”  

特朗普还称,与阻止伊朗获得核武器相比,高油价只是一个小问题,并称他“永远不会道歉。我做了正确的事”。  

特朗普12日在社交媒体发文称,“美国完全控制着霍尔木兹海峡……伊朗对此束手无策”。而据伊朗伊斯兰共和国通讯社13日报道,伊朗武装部队哈塔姆安比亚中央总部发言人在一份声明中表示,霍尔木兹海峡处于伊朗“完全掌控”中,未经伊朗许可,任何船只都无法安全通过。(完)

图说:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)