
ဂျကာတာ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဖလော်ရက်စ်ကျွန်းတွင် ပြင်းအား ၇.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူနှစ်ဦးရှိလာခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၅ ရက်၌ ပြောကြားခဲ့သလို နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်ခြေရှိကြောင်းလည်း အာဏာပိုင်များက သတိပေးထားကြောင်း သိရသည်။
Nagekeo ခရိုရှိ Mbay အနီးတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဒေသခံများအနေဖြင့် နောက်ဆက်တွဲငလျင်များအတွက်လည်း သတိရှိရှိနေထိုင်ကြရန် အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီက တိုက်တွန်းထားသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားသော ဆူနာမီသတိပေးလျက်ကိုမူ နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်မှုများကို နေရာအများအပြား၌ ခံစားခဲ့ရကြောင်း၊ ထိတ်လန့်နေသူအများစုမှာ ဘေးကင်းရေးအတွက် လမ်းများပေါ်သို့ အလျင်စလိုထွက်ပြေးခဲ့ကြကြောင်း ဒေသတွင်းမီဒီယာ၌ သတင်းဖော်ပြထားသည်။ ကယ်ဆယ်ရေးအဖွဲ့များကလည်း ဖလော်ရက်စ်ကျွန်းတစ်ခွင် ငလျင်ဒဏ်သင့်နေရာများ၌ ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်သေဆုံးမှုများကို အကဲဖြတ်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် အသေးစိတ်အချက်အလက်များ ထပ်မံထွက်ပေါ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Death toll rises to 2 after magnitude 7.7 quake hits off Indonesia's Flores Island
JAKARTA, Aug. 15 (Xinhua) -- The death toll from a magnitude 7.7 earthquake that struck off Indonesia's Flores Island has risen to two, an official at the National Disaster Management Agency said Saturday, as authorities warned of possible aftershocks.
Indonesia's Meteorology, Climatology and Geophysics Agency urged residents to remain vigilant against aftershocks following the powerful quake, which was centered near Mbay in Nagekeo Regency. A tsunami warning issued after the quake was later lifted.
Strong tremors were felt in several areas, prompting many panicked residents to rush into the streets for safe shelter, local media reported.
Rescue teams are continuing to assess damage and casualties in affected areas across Flores Island, with further details expected as emergency operations continue.
Photo 1, 2: This photo provided by Indonesia's National Search and Rescue Agency (Basarnas) shows rescuers conducting search and rescue operations after an earthquake, on Flores Island, Indonesia, on Aug. 15, 2026. (Basarnas/Handout via Xinhua)








