နီပေါနိုင်ငံ Dhading ခရိုင်ရှိ Prithvi အဝေးပြေးလမ်း၏ လမ်းပိုင်းတစ်နေရာတွင် မြေပြိုမှုကြောင့် အပျက်အစီးများအား ရှင်းလင်းနေသည့် အလုပ်သမားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - National News Agency of Nepal via Xinhua)
နီပေါနိုင်ငံ Dhading ခရိုင်ရှိ Prithvi အဝေးပြေးလမ်း၏ လမ်းပိုင်းတစ်နေရာတွင် မြေပြိုမှုကြောင့် အပျက်အစီးများအား ရှင်းလင်းနေသည့် အလုပ်သမားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - National News Agency of Nepal via Xinhua)

ခတ္တမန္ဒူ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း Rolpa ခရိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးသေဆုံးကာ အခြားသူ နှစ်ဦးပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။

မြေပြိုမှုမှာ သြဂုတ် ၁၂ ရက် ညပိုင်းက ဝေးလံခေါင်သီသော တောင်ကုန်းဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၉ လုံး၊ နွားတင်းကုပ် ၂ ခု၊ ဆိုင်တစ်ဆိုင်နှင့် ဘုရားကျောင်းတစ်ကျောင်းတို့ မျောပါသွားခဲ့သည်။ ထိုဘေးအန္တရာယ်ကြောင့် ရွာငယ်လေးတစ်ခုလုံး ရေစီးထဲမျောပါသွားခဲ့သည်။

"မြေပြိုမှုဖြစ်ပွားရာနေရာကနေ ရုပ်အလောင်း ၅ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဟု အဆိုပါခရိုင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Krishna Shrestha က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ကျန်ရုပ်အလောင်း ၅ လောင်းမှာမူ ရေစုန်အတိုင်း မျောပါသွားပြီးနောက် အနီးရှိ Pyuthan ခရိုင်တွင် ကီလိုမီတာအများအပြား ကွာဝေးသောနေရာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသော ပျောက်ဆုံးနေသူနှစ်ဦးအတွက် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် အသက်ရှင်ကျန်ရစ်သူနှစ်ဦးကမူ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါရေဘေးသင့်ဒေသ၏ ခက်ခဲသော မြေပြင်အနေအထားနှင့် ဝေးလံခေါင်သီသော တည်နေရာတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အဟန့်အတားဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

10 killed in landslide in W. Nepal

KATHMANDU, Aug. 13 (Xinhua) -- A landslide triggered by incessant rainfall in Nepal's western Rolpa district has killed 10 people and left two others missing, police said on Thursday.

The landslide occurred on Wednesday night in a remote hilly area, sweeping away nine houses, two cowsheds, a shop and a church. The entire small settlement was washed away by the disaster.

"Five bodies have been recovered from the landslide site," Krishna Shrestha, spokesperson for the district police, told Xinhua. The other five bodies were recovered several kilometers away in neighbouring Pyuthan district after they were swept downstream.

Two survivors are receiving treatment while a search operation is underway for the remaining two missing people.

Rescue efforts were hampered by the difficult terrain and remote location of the affected area. ■

English Caption

Workers clear debris from a landslide on a section of the Prithvi Highway in Dhading district, Nepal, Oct. 5, 2025. (National News Agency of Nepal via Xinhua)