ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့ရှိ ပါလီမန်အဆောက်အအုံ (Reichstag Building) ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့ရှိ ပါလီမန်အဆောက်အအုံ (Reichstag Building) ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ၌ ကုမ္ပဏီလုပ်ငန်းများ ဒေဝါလီခံမှုအရေအတွက်သည် လက်ရှိတွင် မြင့်မားနေဆဲဖြစ်ပြီး လာမည့်လများအတွင်း ကုမ္ပဏီလုပ်ငန်းအများအပြား ဒေဝါလီခံရန် လျှောက်ထားလာနိုင်သည်ဟု ခန့်မှန်းရကြောင်း ဂျာမနီ ဖက်ဒရယ် စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်၍ ဖော်ပြထားသည်။  

အဆိုပါအစီရင်ခံစာသည် ဂျာမနီနိုင်ငံ Halle စီးပွားရေးသုတေသနဌာန (IWH) ၏ ကုမ္ပဏီလုပ်ငန်းဒေဝါလီခံမှုအလားအလာ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ဂျာမနီနိုင်ငံ၌ ကုမ္ပဏီလုပ်ငန်းဒေဝါလီခံမှု အရေအတွက်မှာ ၁၈,၄၇၈ ခုရှိပြီး ယမန်နှစ် ကာလတူထက် ၈.၃ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

Halle စီးပွားရေးသုတေသနဌာန၏ အချက်အလက်များအရ ယခုနှစ် ဇူလိုင်လတွင် ဂျာမနီနိုင်ငံ၌ ကုမ္ပဏီလုပ်ငန်းဒေဝါလီခံမှု အရေအတွက်မှာ ၁,၆၈၉ ခုရှိပြီး ယမန်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အလားတူကာလ၏ ပျမ်းမျှအဆင့်ထက် ၇၅ ရာခိုင်နှုန်း မြင့်မားကြောင်း၊ ဇူလိုင်လတွင် ဒေဝါလီခံသည့် အကြီးဆုံး ကုမ္ပဏီ ၁၀ ရာခိုင်နှုန်းသည် အလုပ်အကိုင် ၁၃,၀၀၀ နှင့် ဆက်စပ်နေပြီး ၎င်းတို့အနက် အလုပ်အကိုင် ၆,၀၀၀ ခန့်သည် စက်မှုကဏ္ဍနှင့် ဆက်စပ်ကြောင်း သိရသည်။  

ဂျာမနီ ခရက်ဒစ်အစီရင်ခံရေးအေဂျင်စီ “Creditreform” ၏ စီးပွားရေးပညာရှင် Patrik-Ludwig Hantzsch က ထိုနေ့တွင် ယခုနှစ်ကုန်အထိ ဂျာမနီနိုင်ငံ၌ ကုမ္ပဏီလုပ်ငန်းဒေဝါလီခံမှုအရေအတွက်သည် ဆက်လက်မြင့်တက်မည့်အရှိန်တွင် ရှိနေပြီး အနည်းဆုံး ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိ သိသိသာသာ လျော့ပါးရန် ခက်ခဲမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ ယင်းမတိုင်မီ ၎င်းက ဂျာမနီစီးပွားရေးသည် တည်ငြိမ်သောတိုးတက်မှုကို ပြန်လည်ရရှိမှသာလျှင် ကုမ္ပဏီလုပ်ငန်းဒေဝါလီခံမှုအခြေအနေမှာ တည်ငြိမ်လာနိုင်မည်ဟု ပြောကြားခဲ့သည်။ (Xinhua)

............................

(Chinese Version)

报告显示德国企业破产数量持续处于高位

新华社柏林8月13日电(记者车云龙 单玮怡)德国联邦经济和能源部13日发布报告说,德国企业破产数量目前仍处于高位,预计未来几个月还将有大量企业申请破产。  

报告援引德国哈雷经济研究所企业破产趋势数据说,2025年8月至2026年7月期间,德国企业破产数量为18478家,同比增长8.3%。  

哈雷经济研究所数据显示,今年7月德国企业破产数量为1689家,同比增长7%,较2016年至2019年同期平均水平高75%。7月规模最大的10%破产企业涉及1.3万个工作岗位,其中工业领域涉及近6000个岗位。

德国信用报告机构“信贷改革”公司经济学家帕特里克-路德维希·汉奇当天表示,预计到今年年底德国企业破产数量还将保持上升态势,且至少到2027年中期都难以明显缓解。他此前表示,只有德国经济恢复稳定增长,企业破产形势才可能趋于稳定。(完)

图说:这是7月24日在德国首都柏林拍摄的国会大厦。新华社记者 张豪夫 摄