
ဝူဟန့်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နှင့် ဘီလာရုစ် “Swift Eagle 2026” လေထီးတပ်ဖွဲ့ ပူးတွဲလေ့ကျင့်ရေးကို ဩဂုတ် ၁၂ ရက်တွင် တရုတ်လေတပ် လေ့ကျင့်ရေးစင်တာတစ်ခု၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ယခုအကြိမ် ပူးတွဲလေ့ကျင့်ရေးသည် မြို့ပြအကြမ်းဖက်မှု တိုက်ဖျက်ရေး အကြောင်းအရာကို ဦးတည်ကာ အဓိကအားဖြင့် ကင်းထောက်ခြင်းနှင့် တန်ပြန်ကင်းထောက်ခြင်း၊ သိမ်းပိုက်ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းနှင့် အခိုင်အမာနေရာယူထားခြင်း စသည့် လေ့ကျင့်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။ ယင်းမှာ အကြမ်းဖက်မှုတန်ပြန်ရေးတာဝန်များ ထမ်းဆောင်နိုင်သည့် ပူးတွဲလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ရည်ရွယ်သည်။
ထို့အပြင် နှစ်ဖက်သည် လေ့ကျင့်ရေးကာလအတွင်း ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့် လှုပ်ရှားမှုများကိုလည်း စီစဉ်လုပ်ဆောင်သွားမည်ဖြစ်သည်။
ယင်းသည် တရုတ်နှင့် ဘီလာရုစ်တို့အကြား စတုတ္ထအကြိမ်မြောက် “Swift Eagle” စီးရီး ပူးတွဲလေ့ကျင့်ရေးဖြစ်ပြီး ပါဝင်လေ့ကျင့်သည့် တပ်ဖွဲ့များ၏ လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ဆင့်တိုးမြှင့်တင်ရန်နှင့် နှစ်နိုင်ငံစစ်တပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အထောက်အကူပြုမည်ဖြစ်သည်။ (Xinhua)
.......................................
(Chinese Version)
中白“神鹰-2026”空降兵联合训练开幕
新华社武汉8月12日电(高玉娇、李冬冬)中国与白俄罗斯“神鹰-2026”空降兵联合训练12日在中国空军某训练中心举行开幕仪式。
这次联训以联合城镇反恐行动为课题,主要开展侦察与反侦察、夺控与防卫、清剿与固守等演练,旨在提高遂行反恐任务的联合行动能力,为维护地区和平稳定发挥积极作用。
此外,双方还将在联训期间组织专题研讨、足球友谊赛、文化交流等活动。
这是中国和白俄罗斯举行的第4次“神鹰”系列联训,有助于进一步提升参训部队实战能力、深化两军务实合作。(完)
图说1:8月12日,中国与白俄罗斯“神鹰-2026”空降兵联合训练在中国空军某训练中心举行开幕仪式。 新华社发(王宝强 摄)
图说2:8月12日,中国与白俄罗斯“神鹰-2026”空降兵联合训练在中国空军某训练中心举行开幕仪式。这是仪式后,中方向白方参训官兵展示部分武器装备,白俄罗斯参训官兵对武器分解结合进行实操。 新华社发(邢康凯 摄)








