
နန်ကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်ရေတပ်၏ ဟုန်ဟယ်သင်္ဘောနှင့် အင်ဒိုနီးရှားရေတပ်၏ KRI I Gusti Ngurah Rai အစောင့်သင်္ဘောတို့သည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ကျွန်း အရှေ့ဘက်ပင်လယ်ပြင်တွင် ပင်လယ်ပြင်သွားလာရေးလေ့ကျင့်မှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
လေ့ကျင့်မှုအတွင်း နှစ်နိုင်ငံစစ်သင်္ဘောများသည် စစ်ရေယာဉ်အုပ်စု ဖွဲ့စည်းကာ ပင်လယ်ပြင်ဆက်သွယ်ရေး၊ စုဖွဲ့လှုပ်ရှားမှု၊ ပင်လယ်ပြင်ထောက်ပံ့ရေးနှင့် သင်္ဘောခွဲခွာခြင်းအခမ်းအနားစသည့် အစီအစဉ်များအတွက် လက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ဟုန်ဟယ်သင်္ဘောမှ တပ်ဖွဲ့ဝင်များသည် တစ်မူထူးခြားသည့် နည်းဗျူဟာ အတိုကောက် အချက်ပြမှုနှင့် အလံအချက်ပြမှုစသည်တို့ကို ကျွမ်းကျင်စွာအသုံးချကာ အင်ဒိုနီးရှားရေတပ် Rai အစောင့်သင်္ဘောနှင့် ပင်လယ်ပြင်ဆက်သွယ်မှုနှင့် အမိန့်ပေးပို့မှုများ ပြုလုပ်ခဲ့သည်။ နှစ်ဖက်သည် ကြိုတင်ရေးဆွဲထားသော လေ့ကျင့်ရေးအစီအစဉ်အတိုင်း လိုက်လျောညီထွေစွာ လှုပ်ရှားကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး လေ့ကျင့်ရေးရည်မှန်းချက်အားလုံးကို အောင်မြင်စွာ ပြီးမြောက်စေခဲ့သည်။
ယခုအကြိမ် တရုတ်-အင်ဒိုနီးရှားရေတပ် ပင်လယ်ပြင်သွားလာရေးလေ့ကျင့်မှုသည် နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရန် အပြုသဘောဆောင်သော ဆန္ဒနှင့် ဆောင်ရွက်နိုင်စွမ်းတို့ကို အပြည့်အဝ ပြသခဲ့သည်။ (Xinhua)


....................
(Chinese Version)
中国海军红河舰与印尼海军“莱”号护卫舰位台岛以东海域圆满完成海上通航演练
新华社南京8月12日电(记者郭中正)中国海军红河舰与印度尼西亚海军“莱”号护卫舰12日上午,位台岛以东海域圆满完成海上通航演练。
演练期间,两国军舰组成舰艇编队,围绕海上通信、编队运动、海上补给及分航仪式等科目开展实兵演练。红河舰官兵熟练运用特殊战术信号简语、信号旗语等,与印尼海军“莱”号护卫舰进行海上通联与指令传达。双方按照预先拟制的演练方案,灵活机动,协同配合,顺利完成所有演练目标。
此次中国印尼海军海上通航演练,充分展示了双方务实合作、共同维护地区和平稳定的积极意愿和行动能力。(完)
图说1:8月12日,中国海军红河舰与印尼海军“莱”号护卫舰开展分航仪式演练(视频截图)。新华社发(李眺 摄)
图说2:8月12日,中国海军红河舰与印尼海军“莱”号护卫舰占领补给阵位后开展海上补给演练(视频截图)。新华社发(李眺 摄)








