အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့၌ စမတ်ဖုန်းတစ်လုံး၏ မျက်နှာပြင်ပေါ်ရှိ TikTok အမှတ်တံဆိပ်အား  ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့၌ စမတ်ဖုန်းတစ်လုံး၏ မျက်နှာပြင်ပေါ်ရှိ TikTok အမှတ်တံဆိပ်အား ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

စီးပွားရေးဆိုင်ရာ ပြန်လည်ဖွဲ့စည်းပြီးနောက် TikTok က အမေရိကန်လုပ်ငန်းများအပေါ် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိတော့ခြင်းကြောင့် အမေရိကန်အစိုးရအနေဖြင့်  ဖက်ဒရယ်အစိုးရဆိုင်ရာစက်ပစ္စည်းများတွင် ဗီဒီယိုအတို လူမှုကွန်ရက်ပလက်ဖောင်း TikTok ကို အသုံးပြုခြင်းအား တားမြစ်ထားသော အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း အမေရိကန် Bloomberg သတင်းဌာန၏ ဩဂုတ် ၁၁ ရက် သတင်းအရ သိရသည်။

အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် အသုံးစရိတ်ရုံး (OMB) က ဩဂုတ် ၁၀ ရက်တွင် မှတ်စုစာတမ်းတစ်စောင်၌ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့သော အမိန့်ကို ပယ်ဖျက်ခဲ့ကြောင်း၊ ယင်းအမိန့်သည် အမေရိကန်ဖက်ဒရယ်အစိုးရ စက်ပစ္စည်းများတွင် TikTok အသုံးပြုခြင်းကို တားမြစ်ထားကြောင်း၊ ယင်းမတိုင်မီက အမေရိကန်တရားစီရင်ရေးဌာနက TikTok သည် သက်ဆိုင်ရာဥပဒေတွင် သတ်မှတ်ထားသော ထိန်းချုပ်ခံအက်ပ်လီကေးရှင်း မဟုတ်တော့ကြောင်း ထင်မြင်ချက်စာလွှာတစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အများအပြားသည် "ဒေတာလုံခြုံရေး" ဟူသော အကြောင်းပြချက်ဖြင့် အစိုးရအီလက်ထရောနစ်စက်ပစ္စည်းများတွင် TikTok အသုံးပြုခြင်းကို တားမြစ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美国撤销联邦政府设备使用TikTok禁令

新华社旧金山8月11日电(记者吴晓凌)据美国彭博社11日报道,美国政府已撤销一项禁止在联邦政府设备上使用短视频社交平台TikTok的指令,原因是TikTok美国业务重组后已不再构成国家安全威胁。   

报道说,白宫管理和预算办公室10日在一份备忘录中撤销了这项2023年发布的指令,该指令禁止在美国联邦政府设备上使用TikTok。此前,美国司法部已出具一份书面意见,结论是TikTok不再属于相关法律中所定义的受管制应用。   

2022年年底以来,美国联邦政府及多个州以所谓“数据安全”为由,禁止在政府电子设备上使用TikTok。(完)

1. The logo of TikTok is seen on the screen of a smartphone in Arlington, Virginia, the United States, March 13, 2024. (Xinhua/Liu Jie)