တူကီယဲနိုင်ငံ အန်ကာရာမြို့၌ အမေရိကန်သမ္မတ ထရမ့် (အလယ်) နေတိုးထိပ်သီးအစည်းအဝေးသို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အန်ကာရာမြို့၌ အမေရိကန်သမ္မတ ထရမ့် (အလယ်) နေတိုးထိပ်သီးအစည်းအဝေးသို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က တူကီယဲနိုင်ငံ အန်ကာရာမြို့၌ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် လျှို့ဝှက်စွာ စစ်လေယာဉ်ပြောင်းစီးကာ ထွက်ခွာခဲ့သည်ဟု  ဩဂုတ် ၁၁ ရက်တွင် အတည်ပြုခဲ့ပြီး ယင်းမှာ ခြိမ်းခြောက်မှုရှိသည်ဟု အမေရိကန် လျှို့ဝှက်စုံထောက်အဖွဲ့ (USSS) နှင့် စစ်တပ်တို့က ယူဆကာ ၎င်းအား အခြားလေယာဉ်ဖြင့် စီးနင်းစေလိုသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ညပိုင်းတွင် ထရမ့်က "ကျွန်တော့်ကို လျှို့ဝှက်စုံထောက်အဖွဲ့နဲ့ စစ်တပ်က လိုက်ပါပို့ဆောင်ပေးတာပါ။ သူတို့က ကျွန်တော့်ကို တခြားလေယာဉ် စီးစေချင်တယ်။ ဒါကြောင့် ကျွန်တော် သူတို့ပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ ခြိမ်းခြောက်မှုတစ်ခုခုရှိတယ်လို့တော့ ကျွန်တော်ထင်တယ်၊ ဒါပေမဲ့ ကျွန်တော် အဲဒါကို အသေးစိတ် မမေးခဲ့ဘူး။ ကျွန်တော်က မကြာခဏခြိမ်းခြောက်မှု ခံရလေ့ရှိတယ်" ဟု အိုဟိုင်းယိုးပြည်နယ်မှ ဝါရှင်တန်မြို့အနီးရှိ အန်ဒရူးစ် လေတပ်အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့အပြင် “ကျွန်တော်စီးခဲ့တဲ့ လေယာဉ်က တကယ်တော့ အန္တရာယ် ပိုများတယ်လို့ ကျွန်တော်ထင်တယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ထရမ့်က ဇူလိုင်လဆန်းပိုင်းတွင် တူကီယဲနိုင်ငံ၌ နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်ပြီး အမေရိကန်သို့ ပြန်လာချိန်တွင် ယုံကြည်ဖွယ် လုပ်ကြံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုကို လက်ခံရရှိခဲ့သဖြင့် အမေရိကန်လေတပ် C-32A အုပ်ချုပ်ရေး အထူးလေယာဉ်တစ်စင်းအား လျှို့ဝှက်စွာစီးနင်း၍ ထွက်ခွာသွားခဲ့ရာ သမ္မတအထူးလေယာဉ်ဟောင်း “Air Force One” ကို မစီးနင်းခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာ၏ ဩဂုတ် ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ဇူလိုင် ၈ ရက်တွင် မီဒီယာသတင်းထောက်များစွာက အန်ကာရာလေဆိပ်၌ “Air Force One” လေယာဉ်ဟောင်းပေါ်သို့ ထရမ့် တက်သွားသည်ကို ရိုက်ကူးနိုင်ခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းက လေဆိပ် အစားအသောက်တင်ယာဉ်ဖြင့် လျှို့ဝှက်စွာ လေယာဉ်ပေါ်မှဆင်းပြီး ဘိုးရင်း ၇၅၇ အား ပြုပြင်မွမ်းမံထားသည့် အုပ်ချုပ်ရေးအထူးလေယာဉ် C-32A ဖြင့် ပြောင်းလဲစီးနင်း ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အိမ်ဖြူတော်အရာရှိများ၊ လုံခြုံရေးဝန်ထမ်းများနှင့် သတင်းထောက်များ လိုက်ပါလာသော “Air Force One” လေယာဉ်ဟောင်းသည် တူကီယဲနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ လေယာဉ်နှစ်စင်းလုံး ဗြိတိန်နိုင်ငံသို့ ဆိုက်ရောက်ပြီးနောက် ထရမ့်က သမ္မတအထူးလေယာဉ်ဟောင်းပေါ်သို့ တစ်ဖန်လျှို့ဝှက်စွာ တက်ရောက်ခဲ့ပြီး ယင်းနောက်လေယာဉ်လှေကားပေါ်မှ ဆင်းသက်ခဲ့သည်။

ထိုမတိုင်မီ အိမ်ဖြူတော်က ထရမ့် တူကီယဲနိုင်ငံမှ ထွက်ခွာချိန်တွင် “Air Force One” လေယာဉ်ဟောင်းဖြင့် ဗြိတိန်နိုင်ငံ မီလ်ဒန်ဟော လေတပ်အခြေစိုက်စခန်းသို့ ဦးစွာသွားရောက်ပြီး ထို့နောက် “Air Force One” လေယာဉ်အသစ် ပြောင်းလဲစီးနင်း၍ အမေရိကန်သို့ ထွက်ခွာခဲ့သည်ဟု ကြေညာခဲ့သည်။ အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးက ထရမ့် လေယာဉ်ပြောင်းလဲစီးနင်းရန် စီစဉ်ခဲ့ခြင်းမှာ ထရမ့်သည် အီရန်နှင့် ပတ်သက်သည့် ယုံကြည်ဖွယ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


--------------------------------------------------------------------------------------

(Chinese Version)

特朗普证实参加北约峰会后曾秘密换乘飞机

新华社华盛顿8月11日电(记者杨伶 熊茂伶)美国总统特朗普11日证实,他此前参加土耳其安卡拉北约峰会后秘密改乘军用飞机离开,并表示这是因为美国特勤局和军方考虑到存在威胁,希望他乘坐另一架飞机。  

当晚,特朗普从俄亥俄州返回华盛顿附近的安德鲁斯空军基地后告诉记者:“我由特勤局和军方护送。他们想让我乘坐另一架飞机……所以我照做了。我想确实存在某种威胁,但我并没有过多追问……我经常收到威胁。”他还表示:“我认为我乘坐的那架飞机实际上风险更大。”  

《华盛顿邮报》10日报道称,特朗普7月初在土耳其参加北约峰会后回国时,因收到可信暗杀威胁而秘密乘坐一架美国空军C-32A行政专机离开,实际并未搭乘旧总统专机“空军一号”。7月8日,多家媒体记者拍摄到特朗普在安卡拉的机场登上旧“空军一号”,但实际上他被秘密安排乘坐餐饮转运车离开飞机,改乘由波音757改装的行政专机C-32A离开。随后,载有白宫官员、安保人员和记者的旧“空军一号”从土耳其起飞前往英国。两机抵达英国后,特朗普再次秘密登上旧总统专机并随后走下舷梯。  

此前,白宫对外宣称,特朗普离开土耳其时先乘坐旧“空军一号”前往英国米尔登霍尔空军基地,随后换乘新“空军一号”回国。一匿名美官员称,安排特朗普换乘飞机是因为特朗普受到牵涉伊朗的可信威胁。(完)

图说:7月8日,在土耳其安卡拉,美国总统特朗普(中)出席北约峰会。新华社发(穆斯塔法·卡亚摄)