အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ဂျွန်အက်ဖ်ကနေဒီ အနုပညာ ဖျော်ဖြေရေးစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးအဆင့် မဲခွဲပွဲမတိုင်မီ ကြိုဆိုဧည့်ခံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော ဥရုဂွေးအသင်း ကစားသမားဟောင်း ဒီယေဂို ဖော်လန်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ဂျွန်အက်ဖ်ကနေဒီ အနုပညာ ဖျော်ဖြေရေးစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးအဆင့် မဲခွဲပွဲမတိုင်မီ ကြိုဆိုဧည့်ခံပွဲ အခမ်းအနားသို့ ရောက်ရှိလာသော ဥရုဂွေးအသင်း ကစားသမားဟောင်း ဒီယေဂို ဖော်လန်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မွန်တီဗီဒီယို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဥရုဂွေးအသင်း၏ ယာယီမန်နေဂျာအဖြစ်မှ အမြဲတမ်းအဖြစ် ပြောင်းလဲလာဖွယ်မရှိဟု တိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန်က ဩဂုတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့်နောက် အသင်းနှင့် လမ်းခွဲခဲ့သည့်  မာဆယ်လို ဘီရယ်လ်ဆာ၏နေရာကို အသက် ၄၇ နှစ်အရွယ် ဖော်လန်က ဆက်ခံခဲ့ခြင်းဖြစ်သည်။

"ဒါက ယာယီအခြေအနေပါ။ ဥရုဂွေးဘောလုံးလောကက အကောင်းဆုံး ကစားသမားတွေနဲ့အတူ ဒီမှာရှိနေရတာက ကျွန်တော့်အတွက် တကယ့်အခွင့်အရေးကောင်းတစ်ခုပါပဲ" ဟု ဖော်လန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ "အသင်းရဲ့ ပဲ့ကိုင်ရှင်အဖြစ်နဲ့ ကစားသမားတွေကို ဦးဆောင်ရတာ၊ ကိုယ့်မှာရှိတဲ့ အတွေ့အကြုံတွေနဲ့ ပံ့ပိုးပေးရတာတွေက သိပ်ကိုကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ" ဟုလည်း ၎င်းက ဆိုသည်။

ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က လာမည့်နှစ် အစောပိုင်းတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားရာ အဆိုပါ တိုက်စစ်မှူးဟောင်းအနေဖြင့် ထိုရွေးကောက်ပွဲအပြီးတွင် အသင်း၌ဆက်ရှိနေရန် မျှော်မှန်းထားခြင်းမရှိပေ။

"မတ်လကိုကျော်ပြီး ကြိုစဉ်းစားကြည့်ဖို့တော့ ခက်ခဲပါတယ်" ဟု ဥရုဂွေး ယူ-၂၀ အသင်းကိုလည်း တာဝန်ယူနေသည့် ဖော်လန်က ဆိုသည်။

၎င်းအနေဖြင့် ဥရုဂွေးအသင်းအား တာဝန်ယူစဉ်အတောအတွင်း လူငယ်များကို မြေတောင်မြှောက်ပေးမည့် အစီအစဉ်များကို ချပြခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် ဂျပန်အသင်းနှင့် ခြေစမ်းပွဲ၌ အသင်းအား စတင်ကိုင်တွယ်သွားမည်ဖြစ်သည်။

"သင့်တင့်ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုရှိတာက ကောင်းတဲ့အချက်ပါပဲ။ အရည်အချင်းရော အလားအလာပါ အများကြီးရှိတဲ့ လူငယ်ကစားသမားတွေကလည်း ပိုပြီးကြိုးစားရမှာမို့လို့ အဲဒါက လက်ရွေးစင်အသင်းရဲ့ အဆင့်အတန်းကို ဘက်စုံတိုးတက်စေမှာပါ" ဟု ၎င်းက ဆက်လက်ပြောသည်။

ဖော်လန်မှာ ကစားသမားဘဝတွင် ဥရုဂွေးအသင်းအတွက် ၁၁၂ ပွဲ ကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူပေးခဲ့ကာ မန်ချက်စတာယူနိုက်တက်၊ အက်သလက်တီကို မက်ဒရစ်၊ အင်တာမီလန် စသည့် ကလပ်အသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။

၎င်းအနေဖြင့် ၂၀၁၀ ကမ္ဘာ့ဖလားတွင် ငါးဂိုးသွင်းယူကာ ဥရုဂွေးအသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့ပြီးနောက် အကောင်းဆုံးကစားသမားအဖြစ် ရွှေဘောလုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ပြင် ဖော်လန်မှာ နည်းပြဘဝတွင်လည်း ဥရုဂွေးကလပ်အသင်းများဖြစ်သည့် ပီနဲရိုးလ်နှင့် အာတေနက်စ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ မိုင်ယာမီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က ဥရုဂွေးအသင်းနှင့် ကိတ်ဗာဒီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-H ပွဲစဉ်မတိုင်မီ ဥရုဂွေးအသင်း ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ မိုင်ယာမီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က ဥရုဂွေးအသင်းနှင့် ကိတ်ဗာဒီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-H ပွဲစဉ်မတိုင်မီ ဥရုဂွေးအသင်း ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

......................................................................................

(English Version)

Forlan expects short tenure as Uruguay boss

MONTEVIDEO, Aug. 10 (Xinhua) -- Former striker Diego Forlan said Monday his spell as Uruguay's interim manager was unlikely to turn into a permanent role.

The 47-year-old succeeds Marcelo Bielsa, who departed after the team's failure to reach the knockout stage of this year's FIFA World Cup.

"This interim situation has come about. For me it's a real privilege to be there, alongside the best players we have in Uruguayan football," Forlan told reporters. "Being at the helm, leading the players and being able to contribute the experience one has is an enormous privilege."

The Uruguayan Football Association is scheduled to hold its presidential election early next year, and the former striker does not envisage remaining in the role after the vote.

"Thinking beyond March is difficult," said Forlan, who is also in charge of Uruguay's under-20 national team.

He outlined plans to promote youth during his tenure, which is due to begin with a friendly against Japan on September 24.

"The good thing is that there's healthy competition, and those young players who have a lot of talent and potential will have to make a greater effort, and that raises the overall level of the national team," he added.

Forlan scored 36 goals in 112 games for Uruguay over a career that included spells at Manchester United, Atletico Madrid, and Inter Milan, among other clubs.

He won the Golden Ball as the best player at the 2010 World Cup after scoring five goals to help Uruguay reach the semifinals.

Forlan's coaching experience includes spells in charge of Uruguayan clubs Penarol and Atenas.

English Caption 1

Uruguay's former football player Diego Forlan arrives for the welcome reception ahead of the final draw for the 2026 FIFA World Cup at John F. Kennedy Center for the Performing Arts in Washington, D.C., the United States, on Dec. 4, 2025. (Xinhua/Jia Haocheng)

English Caption 2

Players of Uruguay pose for photos before the group H match between Uruguay and Cape Verde at the 2026 FIFA World Cup at Miami Stadium, Miami, the United States, June 21, 2026. (Xinhua/Xu Zijian)