အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့လေးတွင် ရိုက်ကူးသော ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း လက်ရှိအခြေအနေအား ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း Khasab မြို့လေးတွင် ရိုက်ကူးသော ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း လက်ရှိအခြေအနေအား ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းသွားလာမှု ပြန်လည်ဖော်ဆောင်ရန် အလားအလာ မရေရာမှုက ဈေးကွက်စိုးရိမ်မှု ဖြစ်ပွားစေရာ ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဩဂုတ် ၁၀ ရက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဆက်တိုက်မြင့်တက်ခဲ့ပြီး ထိုနေ့ ဈေးကွက်သိမ်းချိန်၌ ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။

ထိုနေ့ ဈေးကွက်သိမ်းချိန်အထိ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၃.၉၅ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၂.၁၃ ဒေါ်လာဖြင့် ဈေးကွက်သိမ်းခဲ့ရာ ၅.၀၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အောက်တိုဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၄.၁၇ ဒေါ်လာ တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၇.၇၂ ဒေါ်လာဖြင့် ဈေးကွက်သိမ်းခဲ့ရာ ၄.၉၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဩဂုတ် ၉ ရက် ဖော်ပြချက်အရ အမေရိကန်သမ္မတ ထရမ့်သည် ၎င်းတို့၏ အင်တာဗျူးကို ဖြေကြားရာတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအသစ်များ လုပ်ဆောင်ခြင်းထက် စီးပွားရေးအရ ဖိအားပေးခြင်းကို ပို၍ လိုလားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီကမူ လက်ရှိတွင် အီရန်အနေဖြင့် အမေရိကန်နှင့် မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ထားကြောင်း၊ အမေရိကန်က နားလည်မှုစာချွန်လွှာ ချိုးဖောက်သည့် လုပ်ရပ်များ ရပ်တန့်ပြီး သက်ဆိုင်ရာ ကတိကဝတ်ချိုးဖောက်မှုလုပ်ရပ်များကို ပြန်လည်ဖြည့်ဆည်းမှု မပြုလုပ်သေးမီ နှစ်ဖက် ဆွေးနွေးမှု ပြန်လည်စတင်သည့် ဖြစ်နိုင်ခြေအနေအထား မရှိဟု အီရန်ဘက်က ယူဆကြောင်း ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

အီရန်ရုပ်မြင်သံကြားဌာန၏ ဩဂုတ် ၈ ရက် ဖော်ပြချက်အရ အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး  Zolghadr က အကယ်၍ အမေရိကန်အနေဖြင့် ၎င်း၏ အပြုအမူကို မပြောင်းလဲပါက ဟော်မုဇ်ရေလက်ကြားသည် ပိတ်ထားဆဲ အခြေအနေတွင်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်ချက်မှာ အမေရိကန်ဘက်က အီရန်နိုင်ငံအပေါ် စစ်ရေးအရ လုပ်ဆောင်ချက်များကို ရေရှည်အပြီးတိုင် ရပ်တန့်ပေးရန် အပါအဝင် အချက် ၅ ချက်ကို ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း၊ ၎င်းတွင် အီရန်၏ ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန်၊ သက်ဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများကြောင့် အီရန်နိုင်ငံ ဆုံးရှုံးမှုများကို လျော်ကြေးပေးရန် စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် Oklahoma ဘဏ် BOK Financial ကုမ္ပဏီ၏ ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Dennis Kissler က ကုန်သည်အများစုသည် ရေနံစိမ်း ထောက်ပံ့မှု ကျပ်တည်းခြင်းသည် မကြာမီကာလအတွင်း အချိန်ပိုကြာမြင့်စွာ ဆက်လက်ရှိနေမည်ဟု ခံစားနေကြရကြောင်း ပြောကြားခဲ့သည်။

အွန်လိုင်းစီမံခန့်ခွဲမှုအဖွဲ့အစည်း FOREX.com ၏ စျေးကွက်လေ့လာသုံးသပ်သူ Razan Hilal က စျေးကွက်အနေဖြင့် ရေနံစိမ်း ထောက်ပံ့မှု ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ ဆက်လက် မသေချာမရေရာမှုတို့အကြား ချိန်ခွင်လျှာညှိရန် ကြိုးပမ်းနေကြောင်း၊ ယင်းက ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားရမှု ပရီမီယံကို စွမ်းအင်ဈေးနှုန်းတွင် ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

霍尔木兹海峡通航前景不明 国际油价10日上涨约5%

新华社纽约8月10日电(记者刘亚南)霍尔木兹海峡航运恢复前景不明引发市场担忧,国际原油期货价格10日盘中持续走高,当日收盘时上涨约5%。   

截至当天收盘,纽约商品交易所9月交货的轻质原油期货价格上涨3.95美元,收于每桶82.13美元,涨幅为5.05%;10月交货的伦敦布伦特原油期货价格上涨4.17美元,收于每桶87.72美元,涨幅为4.99%。   

美国阿克西奥斯新闻网站9日报道称,美国总统特朗普在接受其采访时,倾向于对伊朗施加经济压力,而非发动新的军事行动。   

伊朗外交部长阿拉格齐9日说,目前伊朗没有与美国进行任何谈判。在美国停止违反谅解备忘录的行为并对相关违约行为作出补救之前,伊朗方面认为双方不具备重新启动谈判的可能性。   

据伊朗新闻电视台8日报道,伊朗最高国家安全委员会秘书佐勒加德尔表示,如果美国不改变其行为,霍尔木兹海峡将维持关闭状态,重开霍尔木兹海峡的前提是美国满足永久停止对伊军事行动等5个条件,其中包括归还伊朗被冻结资产,赔偿相关军事行动给伊朗造成的损失。   

美国俄克拉何马银行金融控股公司负责交易业务的副总裁丹尼斯·基斯勒说,大多数交易商感到,原油供应收紧近期可能持续更长时间。   

在线经纪机构嘉盛集团市场分析师拉赞·希拉勒表示,市场试图在原油供应恢复和霍尔木兹海峡未来治理和安全持续不确定性之间取得平衡,这使得地缘政治风险溢价反映在能源价格之中。(完)

1. 这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄