
ကိဗ်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ယူကရိန်းတပ်ဖွဲ့များသည် Tyumen ဒေသရှိ ရုရှားနိုင်ငံ၏ အကြီးဆုံး ရေနံဓာတုစက်ရုံများအနက် တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ယင်းစက်ရုံတွင် မီးလောင်မှုနှင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များ (SOF) က သြဂုတ် ၁၀ ရက်၌ Telegram တွင် ကြေညာချက်တစ်စောင်၌ ပြောကြားခဲ့သည်။
“Tobolsk ဒေသရှိ အဲဒီရေနံဓာတုစက်ရုံဟာ ကာကွယ်ရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ပစ္စည်းတွေ အပါအဝင် စက်မှုလုပ်ငန်းထုတ်ကုန်အမျိုးမျိုးအတွက် အခြေခံကုန်ကြမ်းတွေကို ထုတ်လုပ်တာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ယူကရိန်းဒရုန်းများသည် အဆိုပါပစ်မှတ်သို့ရောက်ရှိရန် ကီလိုမီတာ ၂,၀၀၀ ကျော် ပျံသန်းခဲ့သည်ဟုလည်း ကြေညာချက်၌ ဖြည့်စွက်ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
Ukraine says it strikes major Russian petrochemical complex
KIEV, Aug. 11 (Xinhua) -- Ukrainian forces struck one of Russia's largest petrochemical complexes in the Tyumen region, causing fires and damage at the facility, Ukraine's Special Operations Forces (SOF) said in a statement on Telegram on Monday.
"The petrochemical complex in Tobolsk produces basic raw materials for a wide range of industrial products, including those used in the defense industry," the statement said.
Ukrainian drones traveled more than 2,000 km to reach the target, it added. ■
English Caption
This photo taken on Dec. 18, 2022 shows equipment at Kovykta gas condensate field in Irkutsk, Russia. (Xinhua/Meng Jing)








