တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ ရုန်ကျားခရိုင် ရှန့်ထန်မြို့နယ်၌ အင်အားကြီး ရေစုပ်ထုတ်သည့်စက်ဖြင့် လမ်းမမျက်နှာချင်းဆိုင်နေရာတွင် ရေဝပ်နေမှုများအား စုပ်ထုတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် ကျဲ့ကျန်းပြည်နယ် တိုင်ဖွန်းမုန်တိုင်းအလွန် အရေးပေါ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ထောက်ပံ့ပေးရန်အတွက် ဗဟိုအစိုးရဘတ်ဂျက်မှ ယွမ်သန်း ၂၀၀ အား အရေးပေါ်ခွဲဝေပေးခဲ့ကြောင်း၊ အဆိုပါဘတ်ဂျက်ငွေများကို အဓိကအားဖြင့် သဘာဝဘေးဒဏ်သင့်ဒေသ၌ ပျက်စီးသွားသော လမ်းများ၊ ရေအရင်းအမြစ် စသည့် အခြေခံအဆောက်အဦနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူသုံးအဆောက်အဦများ၏ သဘာဝဘေးအလွန် အရေးပေါ် ပြန်လည်ထူထောင် တည်ဆောက်ရေးတွင် အသုံးပြုသွားမည်ဖြစ်ပြီး ပုံမှန်လူနေမှုဘဝနှင့် ကုန်ထုတ်လုပ်မှုများ ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ဩဂုတ် ၁၀ ရက်က သိရသည်။

ဩဂုတ် ၉ ရက်ညပိုင်းတွင် ယခုနှစ် အမှတ် (၁၃) တိုင်ဖွန်းမုန်တိုင်း “Dolphin” သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုးမြို့ ယွိဟွမ်ခရိုင်မြို့၊ ဝန်းကျိုးမြို့ ယွဲ့ချင်းခရိုင်မြို့ ကမ်းရိုးတန်းမှ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ကျဲ့ကျန်းပြည်နယ်အပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုဖြစ်ခဲ့သည်။ ဩဂုတ် ၁၀ ရက်တွင် တရုတ်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေး ကော်မရှင်၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက အမျိုးသား အဆင့် ၄ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ ရုန်ကျားခရိုင် လမ်းမထက်တွင် တိုင်ဖွန်းမုန်တိုင်း “Dolphin” ကြောင့် လဲကျနေသော သစ်ပင်များအား ဝန်ထမ်းများက ရှင်းလင်းနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

国家发展改革委安排2亿元支持浙江台风灾害灾后应急恢复

新华社北京8月10日电 记者10日从国家发展改革委获悉,国家发展改革委紧急安排中央预算内投资2亿元,支持浙江省做好台风灾害灾后应急恢复,重点用于灾区受损道路、水利等基础设施和学校、医院等公共服务设施灾后应急恢复建设,推动尽快恢复正常生产生活秩序。

8月9日晚,今年第13号台风“白海豚”先后在浙江省台州玉环市、温州乐清市沿海登陆,对浙江省造成严重影响。8月10日,国家防减救灾委、应急管理部启动国家四级救灾应急响应。(完)

图说1:8月10日,在温州市永嘉县上塘镇,大功率排水设备对街面积水进行强排作业(无人机照片)。新华社发(苏巧将 摄)

图说2:8月10日,在温州市永嘉县街头,工作人员清理受台风“白海豚”影响而倒伏的树木。新华社记者 江汉 摄