ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda တွင် အပျက်အစီးတစ်နေရာအပေါ်၌ ရပ်နေသော ကယ်ဆယ်ရေးဝန်ထမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda တွင် အပျက်အစီးတစ်နေရာအပေါ်၌ ရပ်နေသော ကယ်ဆယ်ရေးဝန်ထမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇွန် ၂၄ ရက် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၆,၃၀၁ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Jorge Rodríguez က လူမှုကွန်ရက်စာမျက်နှာ၌ နောက်ဆုံးထုတ်ပြန်သည့် သတင်းတွင် ကယ်ဆယ်ရရှိထားသူဦးရေမှာ ၆,၄၆၂ ဦးရှိနေဆဲဖြစ်ပြီး ဆေးကုသမှုခံယူသူ ၇၃,၃၅၆ ဦး ရှိကြောင်း ဖော်ပြထားသည်။ ဗင်နီဇွဲလားအစိုးရက နေအိမ် ၅၃,၃၁၄ လုံး ကို အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် နေအိမ် ၁၂,၄၁၁ လုံးကို နေထိုင်ရန် ကန့်သတ်ထားကြောင်း၊ နေအိမ် ၉,၅၆၇ လုံးမှာ အန္တရာယ်မြင့်မားသည့်အနေအထားတွင် ရှိကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအစိုးရအနေဖြင့် ငလျင်ဒဏ်သင့်နေရာများ၌ အပျက်အစီး တန်ချိန် ၄၈၃,၀၀၀ ကျော် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၄ ရက် ညပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ နှစ်ပေါင်းတစ်ရာကျော်အတွင်း အင်အားအပြင်းဆုံး ငလျင်လှုပ်ခတ်ခဲ့ရာ တစ်မိနစ်အတွင်း ပြင်းအား အဆင့် ၇ နှင့်အထက်ရှိသော အင်အားပြင်းငလျင်နှစ်ကြိမ် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda တွင် ရိုက်ကူးသော ငလျင်ဒဏ်သင့် မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda တွင် ရိုက်ကူးသော ငလျင်ဒဏ်သင့် မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉地震遇难人数升至6301人

新华社加拉加斯8月10日电(记者田睿)委内瑞拉全国代表大会主席豪尔赫·罗德里格斯10日说,6月24日地震造成的遇难人数已升至6301人。   

豪尔赫·罗德里格斯在社交媒体上发布的最新消息显示,获救人数仍为6462人,医院接诊73356人。委官方已对53314栋房屋进行评估,其中,12411栋房屋被限制居住,9567栋房屋处于高风险状态。委内瑞拉政府已在地震灾区清理超48.3万吨瓦砾。   

6月24日晚,委内瑞拉发生百余年来最强地震,一分钟内出现两次7级以上强震。(完)

1. 6月28日,在委内瑞拉拉瓜伊拉州卡拉巴耶达,救援人员站在一处废墟上。新华社发

2. 这是7月3日在委内瑞拉拉瓜伊拉州卡拉巴耶达拍摄的地震灾区景象。新华社记者 朱雨博 摄