အမေရိကန်က ထရမ့်၏ ဒုတိယသက်တမ်း စတင်ချိန်မှစ၍ ဗီဇာ ၁၇၅,၀၀၀ ကျော် ပယ်ဖျက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယသက်တမ်း စတင်ထမ်းဆောင်ချိန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ဗီဇာ ၁၇၅,၀၀၀ ကျော် ပယ်ဖျက်ခဲ့ကြောင်း ဩဂုတ် ၁၀ ရက်၌ ကြေညာခဲ့သည်။
“ဒီဗီဇာအများစုကို ရုပ်သိမ်းခံခဲ့ရတာတွေကတော့ ပြစ်မှုကျူးလွန်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အရက်/မူးယစ်ဆေးဝါးသုံး၍ ကားမောင်းနှင်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါးပြစ်မှုများ စတဲ့ ပြစ်မှုဆိုင်ရာ လုပ်ရပ်တွေ ကျူးလွန်စဥ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် ဖြစ်ပါတယ်” ဟူ အဆိုပါ ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ဗီဇာအများစုကလည်း ဆင်ခြင်မဲ့ယာဥ်မောင်းနှင်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကလေးသူငယ်မတော်မတရားပြုမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှုတွေကြောင့် ပယ်ဖျက်ခံရတာလည်း ရှိပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နောက်ထပ်အပူလှိုင်း ချဉ်းကပ်လာသဖြင့် အင်္ဂလန်နိုင်ငံ၏ လေးပုံသုံးပုံနီးပါး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရ
ဩဂုတ်လ၏ ခြောက်သွေ့မှုစတင်လာပြီးနောက် အခြေအနေများ ဆိုးဝါးလာကာ အင်္ဂလန်နိုင်ငံ၏ လေးပုံသုံးပုံနီးပါးသည် ယခုအခါ မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့ရလျက်ရှိကြောင်း အမျိုးသား မိုးခေါင်ရေရှားမှုအဖွဲ့က ဩဂုတ် ၁၀ ရက်၌ သတိပေးခဲ့သည်။
စည်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများ၊ အစိုးရတာဝန်ရှိသူများ၊ ရေကုမ္ပဏီများနှင့် လယ်ယာစိုက်ပျိုးရေးဌာနများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့သည် ဩဂုတ် ၁၀ ရက် အစည်းအဝေးပြီးနောက် ယင်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အင်္ဂလန်နိုင်ငံရှိ ဒေသအားလုံးတွင် ရေအရင်းအမြစ်များအပေါ် ဖိအားများဖြင့် ကြုံတွေ့နိုင်မည်ဖြစ်ကာ လယ်ယာစိုက်ပျိုးရေး၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ၊ ရေကြောင်းသွားလာမှုနှင့် သဘာဝပတ်ဝန်းကျင် စသည်တို့အပေါ် သက်ရောက်မှုများ မြင့်တက်လာနိုင်မည်ဟု ယင်းအဖွဲ့က သတိပေးထားသည်။
ထိုင်းနိုင်ငံ နွန်သာဘူရီ အစိုးရရုံးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံး
ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ်တွင် ဩဂုတ် ၁၀ ရက် အစောပိုင်းက အစိုးရအရာရှိတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာသတင်းများအရ သိရသည်။
အဆိုပါ ပစ်ခတ်မှုမှာ နွန်သာဘူရီပြည်နယ်အုပ်ချုပ်ရေးရုံးအဖွဲ့ အဆောက်အအုံတွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Thongchai Yenprasert သည် ဦးခေါင်းအား သေနတ်ပစ်ခံခဲ့ရကာ အရေးပေါ်ဆေးကုသမှုလုပ်ဆောင်ရန် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး နောက်ပိုင်း၌ သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် သေနတ်သမားဖြစ်သူ နွန်သာဘူရီ လွှတ်တော်အမတ်ဟောင်း Chalong Riewraeng က ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့သည်။
ကိုလံဘီယာငလျင်ကြောင့် သေဆုံးသူ ၁၁၁ ဦး ရှိလာ
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က အင်အား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူအရေအတွက် ၁၁၁ ဦးရှိလာကာ အခြားသူ ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာ သမ္မတ Abelardo de la Espriella က ဘိုဂိုတာမြို့၌ ပြောကြားခဲ့သည်။
အဆိုပါ ငလျင်ကြောင့် လူနေအိမ်ခြေနှင့် လေဆိပ် ခြောက်ခုရှိ အခြေခံအဆောက်အအုံ ၁,၅၇၅ လုံး ပျက်စီးခဲ့ကာ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း De la Espriella က ဆိုသည်။
ငလျင်သက်ရောက်မှုကို တုံ့ပြန်ရန် ကိုလံဘီယာအစိုးရက သဘာဝဘေးအန္တရာယ် ကျရောက်သောနိုင်ငံအဖြစ် ဩဂုတ် ၁၀ ရက် အစောပိုင်းက ကြေညာခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Aug. 11
U.S. revokes over 175,000 visas since Trump's second term began
The U.S. State Department on Monday announced that it has revoked more than 175,000 visas since January 2025, when U.S. President Donald Trump began his second term.
"The majority of these visas were revoked due to law enforcement encounters for a range of criminal activity, with assault, driving under the influence, theft, and drug crimes being the leading causes," the department said in a statement.
"A significant share of visas were revoked for reckless driving, sexual assault, child abuse, fraud and embezzlement, and other crimes," the statement said.
Nearly three-quarters of England in drought as another heatwave approaches
Almost three-quarters of England is now in drought as conditions worsen following a dry start to August, the National Drought Group warned on Monday.
The group, made up of regulators, government officials, water companies and agricultural bodies, made the announcement after a meeting on Monday.
It warned that all regions of England are experiencing pressure on their water resources, with increasing impacts across agriculture, public supplies, navigation and the environment.
1 dead in Thailand's Nonthaburi government office shooting
The official, who was shot earlier on Monday in Thailand's Nonthaburi province, has died, according to Thai media reports.
A shooting incident occurred at the Nonthaburi Provincial Administrative Organization office building at about 11 a.m. local time. Thongchai Yenprasert, president of the provincial administrative organization, was shot in the head and rushed to the hospital for emergency treatment, and was later confirmed dead.
Following the incident, the shooter, former Nonthaburi MP Chalong Riewraeng, surrendered to police.
Colombia quake death toll rises to 111
The death toll from a magnitude 7.4 earthquake that struck western Colombia on Monday has risen to 111 nationwide, with 87 others injured, Colombian President Abelardo de la Espriella said in Bogota.
De la Espriella said the quake damaged 1,575 homes and infrastructure at six airports, where commercial flight operations have been suspended.
The Colombian government earlier Monday declared a state of national disaster to respond to the impact of the earthquake.








