
တိုကျို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဂျပန်ဘဏ္ဍာရေးဝန်ကြီး၏ ဩဂုတ် ၁၀ ရက်က ထုတ်ပြန်သော နိုင်ငံတကာငွေပေးချေမှု ကနဦးတွက်ချက်မှုရလဒ်အရ ပြည်ပရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း ပိုငွေသိသိသာသာ လျော့နည်းသွားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ဇွန်လ လက်ရှိစာရင်းရှင်းတမ်း (Current Account) မှာ လိုငွေပြဘက်သို့ ပြောင်းလဲသွားခဲ့ပြီး လိုငွေပြငွေပမာဏမှာ ယန်း ၉၂.၃ ဘီလီယံ (အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၅၈ ခန့်) ရှိကြောင်း သိရသည်။ ဂျပန် Kyodo သတင်းဌာန၏ ဖော်ပြချက်အရ ယင်းမှာ ဂျပန်နိုင်ငံ လက်ရှိစာရင်းရှင်းတမ်း ၁၇ လ အကြာတွင် ထပ်မံ၍ လိုငွေပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်စည်ကုန်သွယ်ရေးကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ဇွန်လ မော်တော်ကား၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ non-ferrous metals (သံမဟုတ်သော သတ္တုများ) စသည်တို့ တင်ပို့မှု မြင့်တက်လာခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ယမန်နှစ် ကာလတူထက် ၁၆.၃ ရာခိုင်နှုန်း တိုးတက်လာကာ ယန်း ၁၀.၄၈ ထရီလီယံအထိ ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းအခြေအနေ စဉ်ဆက်မပြတ်တင်းမာမှုများက နိုင်ငံတကာရေနံဈေးနှုန်းများ မြှင့်တင်ခဲ့ပြီး စွမ်းအင်တင်သွင်းမှုအပေါ် အလွန်အမင်းမှီခိုနေရသော ဂျပန်နိုင်ငံ၏ သွင်းကုန်မှာ ပို့ကုန်ထက် သိသိသာသာ မြင့်မားလျက်ရှိသည်။ ဇွန်လတွင် ဂျပန်နိုင်ငံ၏ သွင်းကုန်ပမာဏသည် ယမန်နှစ် ကာလတူထက် ၂၄.၃ ရာခိုင်နှုန်း တိုးတက်လာကာ ယန်း ၁၀.၆၂ ထရီလီယံအထိ ရှိခဲ့သည်။ ယင်းကြောင့် ထိုလ ကုန်စည်ကုန်သွယ်ရေးသည် လိုငွေပြဘက်သို့ ပြောင်းလဲသွားပြီး ယန်း ၁၃၅.၂ ဘီလီယံလိုငွေပြမှုဖြစ်ခဲ့သည်။
ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ခရီးသွားလုပ်ငန်း ငွေပေးချေမှုတွင် ပိုငွေပြမှု ကျဉ်းမြောင်းလာသောကြောင့် ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေပြမှုမှာ ယန်း ၂၂၈.၅ ဘီလီယံအထိ ကျယ်ပြန့်လာခဲ့သည်။ ဂျပန်အစိုးရခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ကိန်းဂဏန်းများအရ ဇွန်လတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားဧည့်သည်အရေအတွက်မှာ ယမန်နှစ်ကာလတူထက် ၆.၈ ရာခိုင်နှုန်း နည်းပါးသွားကြောင်း သိရသည်။
ထို့အပြင် အစုရှယ်ယာသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံမှုအမြတ်အစွန်း လိုငွေပြမှု ကျယ်ပြန့်လာခြင်း စသည်တို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း ပိုငွေမှာ သိသာထင်ရှားစွာ ကျဉ်းမြောင်းသွားခဲ့ပြီး ဇွန်လ ပြည်ပရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း ပိုငွေမှာ ယန်း ၃၈၀.၁ ဘီလီယံ ရှိကာ ယခင်နှစ် ကာလတူထက် ယန်း ၁.၀၆ ထရီလီယံအထိ သိသိသာသာ လျော့နည်းသွားခဲ့သည်။ (Xinhua)
............................
(Chinese Version)
日本6月经常项目转为逆差
新华社东京8月10日电(记者李诗萌 毕高锋)日本财务省10日公布的国际收支初步统计结果显示,由于海外投资收益顺差大幅减少,日本6月经常项目转为逆差,逆差额为923亿日元(1美元约合158日元)。据日本共同社报道,这是日本经常项目时隔17个月再次出现逆差。
货物贸易方面,6月日本汽车、半导体、有色金属等出口增加,出口额同比增长16.3%至10.48万亿日元。同时,由于中东局势持续紧张推高国际油价,能源高度依赖进口的日本进口增幅明显高于出口。6月日本进口额同比增长24.3%至10.62万亿日元。受此影响,当月货物贸易转为逆差,逆差额为1352亿日元。
服务贸易方面,由于旅游收支顺差收窄,服务贸易逆差额扩大至2285亿日元。根据日本政府观光局数据,6月访日外国游客数量同比减少6.8%。
此外,证券投资收益逆差扩大等导致海外投资收益顺差明显收窄,6月海外投资收益顺差为3801亿日元,同比大幅减少1.06万亿日元。(完)
图说:这是1月23日在日本东京拍摄的日本银行总部。新华社记者 贾浩成 摄








