
ဘန်ကောက်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ဩဂုတ် ၁၀ ရက် နံနက်ပိုင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Thongchai Yenprasert ဦးခေါင်းပိုင်း ကျည်ဆန်ထိမှန်ခဲ့ကြောင်း ထိုင်းမီဒီယာ၏ ဩဂုတ် ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
သတင်းအရ ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ Thongchai အပြင်းအထန် ဒဏ်ရာရပြီး ၎င်း၏ ကိုယ်ပိုင်ယာဉ်မောင်းလည်း ဒဏ်ရာရရှိ၍ နှစ်ဦးစလုံးကို ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။
သံသယရှိသူသည် ရဲတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာတွင် မှုခင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
...........................
(Chinese Version)
泰国暖武里府行政组织办公楼发生枪击 主席重伤
新华社曼谷8月10日电(记者赵彩琳 常天童)据泰国媒体10日报道,暖武里府行政组织办公楼内当天上午发生枪击,该府行政组织主席通猜头部中弹。
报道说,枪击发生于当地时间11时左右。通猜伤势严重,他的私人司机也在事件中受伤,二人已被送往医院救治。
据悉,嫌疑人已向警方投降。警方正在现场调查案件详情。(完)








