တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ နန်ရှားခရိုင်ရှိ Midea အိမ်သုံးလေအေးပေးစက် ကွမ်ကျိုးစက်ရုံတွင် ဥရောပဈေးကွက်သို့ တင်ပို့မည့် PortaSplit ရွေ့လျားရန်လွယ်ကူသော အပိုင်းလိုက်လေအေးပေးစက် ထုတ်လုပ်နေသော အလုပ်သမားများအား ၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ယခုနှစ်နွေရာသီတွင် ဥရောပတိုက် နေရာအများအပြားတွင် အစွန်းရောက် အပူပြင်းထန်သည့် ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး ဥရောပဈေးကွက်တွင် တရုတ်လေအေးပေးစက်များ ရောင်းအားမှာ စဉ်ဆက်မပြတ်ကောင်းမွန်လျက်ရှိသည်။ ဥရောပဈေးကွက်သို့ တင်ပို့သည့် Midea ၏ PortaSplit ရွေ့လျားရန် လွယ်ကူသော အပိုင်းလိုက်လေအေးပေးစက်သည် “ရေပန်းအစားဆုံး” ထုတ်ကုန်တစ်ခုဖြစ်လာခဲ့ပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ရောင်းအား ဆတိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ နန်ရှားခရိုင်ရှိ Midea အိမ်သုံးလေအေးပေးစက် ကွမ်ကျိုးစက်ရုံသည် နိုင်ငံတကာဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းရန် ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

................................

(Chinese Version)

中国空调热销海外 广东企业加紧生产

新华社照片,广州,2026年8月8日

今年夏季,欧洲多地遭遇极端高温天气,中国空调在欧洲市场持续热销,美的出口欧洲市场的PortaSplit移动分体式空调成为“爆款”产品,销量较去年实现翻倍。在广州南沙,美的家用空调广州工厂正在加紧生产,以应对国际市场需求。

图说1:在美的家用空调广州工厂,工人在生产出口欧洲市场的PortaSplit移动分体式空调(8月7日摄)。 新华社记者 梁旭 摄

图说2:这是美的家用空调广州工厂自动化生产线(8月7日摄)。新华社记者 梁旭 摄