ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် 
(ဆင်ဟွာ)
ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကျူးဘားနိုင်ငံအား အကူအညီပေးသော အိမ်သုံးဆိုလာပစ္စည်း အသစ်တစ်သုတ် စီမံကိန်း၏ ပထမအသုတ် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၇ ရက်က ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ကျင်းခဲ့သည်။ အဆိုပါအခမ်းအနားကို ကျူးဘားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး ဝန်ကြီး Perez Oliva ၊ ဒုတိယဝန်ကြီး Rivás ၊ ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟွာရှင်းတို့ တက်ရောက်ခဲ့ကြသည်။  

ကျူးဘားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်သည် ဆိုးရွားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ ပြည်သူလူထုက အမေရိကန်၏ တရားမမျှတမှု၊ တရားမဝင်မှု၊ တစ်ဖက်သတ်ပိတ်ဆို့မှုများမှ သယ်ဆောင်လာသည့် သက်ရောက်မှုများကို နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်း၊ ယခုအကြိမ် လှူဒါန်းပေးအပ်မှုက ကျူးဘားနိုင်ငံအတွက် အရေးကြီးသည့်အနက်အဓိပ္ပါယ်ရှိကြောင်း Perez Oliva က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံ၏ စွမ်းအင်အသွင်ပြောင်းမှုကို မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကာ စဉ်ဆက်မပြတ် ထောက်ကူအားပေးမှုများ ပံ့ပိုးခဲ့ကြောင်း၊ ယခုအသုတ်စက်ပစ္စည်းများကို ဝေးလံခေါင်သီသည့် ဒေသများရှိ မိသားစုများအပြင် ကလေးထိန်းကျောင်း၊ ဘဏ်၊ ဘိုးဘွားရိပ်သာ စသည့် စွမ်းအင်အကျပ်အတည်းရိုက်ခတ်ခံနေရသည့်အဖွဲ့အစည်းဌာနများအား ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟွာရှင်းက ယခုအသုတ် အကူအညီပေးသည့်စက်ပစ္စည်းများမှာ တရုတ်ပြည်သူများက အခက်အခဲများကြားတွင် တိုက်ပွဲဝင်ကြိုးစားရုန်းကန်နေကြသည့် ကျူးဘားပြည်သူများအား ပေးအပ်သည့် လက်ဆောင်ဖြစ်သလို တရုတ်-ကျူးဘား “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်မူဘောင်အောက်ရှိ စွမ်းအင်နှင့် ပြည်သူ့လူနေမှုဘဝကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ရလဒ်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံက စွမ်းအင်ကဏ္ဍ၌ ကိုယ်ပိုင်ရပ်တည်ရေးလမ်းစဉ်တွင် တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် ကူညီအားဖြည့်သွားမည် ဖြစ်ကာ ပို၍ နီးကပ်သည့် တရုတ်-ကျူးဘား အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိတ်ဆက်ပြောကြားချက်များအရ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျူးဘားနိုင်ငံသို့  ၂ ကီလိုဝပ် ဆိုလာဓာတ်အားပေးစက်ပစ္စည်း အစုံ ၅,၀၀၀ ပါဝင်သော အသုတ်တစ်သုတ်ကို ပေးအပ်ခဲ့ဖူးကြောင်း၊ ယခု အသစ်ထပ်မံပေးအပ်သည့် အိမ်သုံးဆိုလာပစ္စည်း  အစုံ ၅၀၀၀ သည် တစ်လုံးချင်းစီ၏ တပ်ဆင်စွမ်းအားနှင့် ဘက်ထရီ စွမ်းအင်သိုလှောင်နိုင်မှု နှစ်ခုလုံးကို အဆင့်မြှင့်တင်ထားပြီး ကျူးဘားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် အခြေအနေနှင့် အပူပိုင်း ရာသီဥတု အခြေအနေတို့နှင့်အညီ အထူးပြင်ဆင်မွမ်းမံထားခြင်း ဖြစ်သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国援古巴新一批家用太阳能设备项目交付首批物资

新华社哈瓦那8月7日电(记者蒋彪 李佳旭)中国援古巴新一批家用太阳能设备项目首批物资交付仪式7日在古巴首都哈瓦那举行。古巴副总理兼外贸外资部部长佩雷斯-奥利瓦、副部长里瓦斯,中国驻古巴大使华昕等出席。   

佩雷斯-奥利瓦表示,古巴国家电力系统正面临严峻挑战,民众每日承受美国不公正、非法、单边封锁带来的影响。此次捐赠对古巴具有重要意义。中方在推动古巴能源转型方面发挥重要作用,持续提供支持。该批设备将分发至偏远地区家庭,以及托儿所、银行、养老院等受能源危机影响的机构。   

华昕表示,这批援助设备是中国人民赠送给在困难中战斗的古巴人民的礼物,也是中古在共建“一带一路”倡议框架下开展能源民生合作的实际成果。中方将助力古巴在能源自主的道路上稳步前行,携手构建更加紧密的中古命运共同体。   

据介绍,中方曾于2025年11月向古巴交付一批5000套2千瓦光伏发电设备。新一批5000套家用太阳能设备在单机装机容量和电池储能容量方面均有所提升,并针对古巴电网情况和热带气候条件进行了优化。(完)

1. Photo taken on Jan. 26, 2026 shows the Cuban capitol building in Havana, Cuba. (Xinhua/Jiang Biao)