
ယိုအန်ဒီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
China First Highway Engineering Co., Ltd. (CFHEC) က တာဝန်တည်ဆောက်ထားသော ကင်မရွန်း Nyong မြစ်ကူးတံတား ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသရှိ Nyong-et-Kelle တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကင်မရွန်းနိုင်ငံ ပြည်သူ့လုပ်ငန်းဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး စသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
Nyong မြစ်ကူးတံတားကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့သည်။ အဆိုပါစီမံကိန်း၏ စုစုပေါင်းအရှည်မှာ ၁,၁၂၀ မီတာခန့်ရှည်လျားပြီး ယင်းအနက် တံတား၏ စုစုပေါင်းအရှည်မှာ ၁၆၀ မီတာရှိကြောင်း၊ သံမဏိ-ကွန်ကရစ် ပေါင်းစပ်ရက်မဖွဲ့စည်းတည်ဆောက်ပုံကို အသုံးပြုထားပြီး ဒေသတွင်း လမ်းကွန်ရက်၏ အဓိက ထိန်းချုပ်ရေးဆိုင်ရာ ဆောက်လုပ်စီမံကိန်းဖြစ်သလို ကင်မရွန်းနိုင်ငံတွင် သံမဏိရက်မ အဆင့်ဆင့်တိုး၍ တွန်းတင်တည်ဆောက်သည့်စနစ်ကို ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်ခဲ့သည့် တံတားလည်း ဖြစ်သည်။ (Xinhua)
....................................
(Chinese Version)
中企承建喀麦隆尼永河大桥建成通车
新华社照片,雅温得,2026年8月6日
中交一公局集团承建的喀麦隆尼永河大桥竣工通车仪式8月5日在喀麦隆中部大区的尼永-凯莱举行,喀公共工程部长、交通部长和社会事务部长等出席仪式。据介绍,尼永河大桥从2024年6月开始建设,该项目全线总长约1120米,其中桥梁全长160米,采用钢混组合梁结构,是当地路网的关键控制性工程,也是喀麦隆首座采用钢梁顶推工艺建设的桥梁。
图说1:8月5日,喀麦隆公共工程部长埃马纽埃尔·恩加努·朱梅西在中部大区的尼永-凯莱举行的喀麦隆尼永河大桥竣工通车仪式上致辞。 新华社发(科普索摄)
图说2:8月5日,在喀麦隆中部大区的尼永-凯莱举行的喀麦隆尼永河大桥竣工通车仪式上,喀公共工程部长埃马纽埃尔·恩加努·朱梅西(前左三)等嘉宾为大桥通车剪彩。新华社发(科普索摄)








