
မက်ဒရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ဆီဗီလာအသင်း၏ တိုက်စစ်အားသန် နောက်ခံအစွန်လူ ဟွမ်လူ ဆန်းချက်ဇ်က ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းထံ ပြောင်းရွှေ့မှုမှာ အပြီးသတ်လုနီးပါး ရှိပြီဖြစ်ကြောင်း ဩဂုတ် ၅ ရက်၌ အတည်ပြုခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အဆိုပါ နောက်ခံလူအနေဖြင့် အပြောင်းအရွှေ့အား အပြီးသတ်ရန်အတွက် အင်္ဂလန်သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဆီဗီးလ်လေဆိပ်၌ မီဒီယာများကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် မာကို ရို့စ် နည်းပြအဖြစ် တာဝန်ယူနေသော ဘုန်းမောက်အသင်းနှင့် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမည်ဖြစ်သည်။
"အဆုံးသတ်မှာတော့ ဒါက စဉ်ဆက်မပြတ်တိုးတက်နေတဲ့ ပရောဂျက်ကောင်းတစ်ခုဖြစ်သလို နှစ်ဦးနှစ်ဖက်စလုံး လိုအပ်နေတဲ့အရာလည်း ဖြစ်တယ်လေ" ဟု ဟွမ်လူက ဆိုသည်။ ဘုန်းမောက်အသင်းအနေဖြင့် ၎င်းအား ခေါ်ယူရန် ယူရို ၁၁ သန်းဝန်းကျင် (အမေရိကန်ဒေါ်လာ ၁၂.၇ သန်း) ပေးချေရဖွယ်ရှိကာ ဆီဗီလာအသင်း၏ ဘဏ္ဍာရေးအတွက်လည်း အရေးတကြီး လိုအပ်နေသော ငွေကြေးဖြည့်တင်းမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
"ဆီဗီလာအသင်းအနေနဲ့ အဲဒီဝင်ငွေကို လိုအပ်နေသလို ကျွန်တော့်အနေနဲ့လည်း ဆက်ပြီးတိုးတက်နေဖို့ လိုပါတယ်။ အိမ်ကနေ ထွက်ခွာရတာက အမြဲတမ်းခက်ခဲပေမဲ့ ကျွန်တော် ဒီစီမံကိန်းအကြောင်းကို သိလိုက်ရချိန်နဲ့ အသင်းဘက်က ဒီကမ်းလှမ်းမှုကို လက်ခံရရှိချိန်မှာ ကျွန်တော်တို့နှစ်ဖက်စလုံးအတွက် သံသယဖြစ်စရာတွေ အများကြီးမရှိဘူးလို့ ထင်ပါတယ်" ဟု ၎င်းက ဝန်ခံခဲ့သည်။
သဘောတူညီမှုကို အပြီးသတ်နိုင်ရန် ကြာမြင့်စွာအချိန်ယူခဲ့ရသည်ဟု ဟွမ်လူက ဝန်ခံခဲ့သော်လည်း ကြုံတွေ့ရမည့် အရာများကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်ဟု ဆိုသည်။
"ဒါက ကြည်နူးစရာကောင်းတဲ့ နှစ်တွေဖြစ်ခဲ့ပြီး အနည်းငယ်ခက်ခဲတဲ့ အရာတချို့ရှိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အားလုံးကို ကျော်လွှားနိုင်ခဲ့ပါပြီ" ဟု အဆိုပါနောက်ခံလူက ပြောကြားခဲ့ကာ ၎င်းအနေဖြင့် မည်သည့်အရပ်ဒေသတွင်ရှိစေကာမူ ဆီဗီလာအသင်းကို အားပေးသွားမည်ဟု ဆိုသည်။ (Xinhua)


....................................................................................
(English Version)
Sevilla defender Sanchez terms his move to Bournemouth win-win
MADRID, Aug. 5 (Xinhua) -- Sevilla wing-back Juanlu Sanchez is on the verge of completing a move to Premier League club Bournemouth, the defender confirmed on Wednesday.
The 22-year-old spoke to the media at Seville airport as he prepared to fly to England to complete the deal, which will see him sign a contract through June 2030 with the club now coached by Marco Rose.
"At the end of the day, it's a good project to continue growing, and it's what we both needed," said Juanlu, who will reportedly cost Bournemouth around 11 million euros (12.7 million U.S. dollars), providing a much-needed boost to Sevilla's finances.
"The club (Sevilla) needed that income, and I also needed to keep growing. Leaving home is always complicated, but when I saw the project and the club saw the offer, I think neither of us had many doubts," he admitted.
Juanlu acknowledged that the deal had taken a long time to finalize but said he was "really looking forward to what's to come."
"These have been wonderful years, some a little tough, but in the end, we've all pulled through," added the defender, who said he would be "cheering for" Sevilla wherever he was.
English Caption 1
Real Madrid's Vinicius Junior (R) vies with Sevilla FC's Juanlu Sanchez during a La Liga football match between Real Madrid and Sevilla FC at Santiago Bernabeu stadium in Madrid, Spain, on Dec. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Real Madrid's Dean Huijsen (L) vies with Sevilla FC's Juanlu Sanchez during a La Liga football match between Real Madrid and Sevilla FC at Santiago Bernabeu stadium in Madrid, Spain, on Dec. 20, 2025. (Photo by Gustavo Valiente/Xinhua)








