
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) နှင့် အမေရိကန် အမိမြေလုံခြုံရေးဌာနတို့က မကြာမီက ချမှတ်ခဲ့သည့် ကန့်သတ်မှုအစီအမံများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက တန်ပြန်အစီအမံများ ချမှတ်လုပ်ဆောင်ခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်၏ ကန့်သတ်မှုအစီအမံများသည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော အရေးကြီး ဘုံသဘောတူညီချက်များကို ပြင်းထန်စွာ ချိုးဖောက်နေပြီး တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုလည်း အကြီးအကျယ် ထိပါးနေသည့်အတွက် တရုတ်နိုင်ငံဘက်က မလွှဲမရှောင်သာ တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ တန်ပြန်အစီအမံများအနက် ပြည်ပမှတင်သွင်းသည့် ပရင့်ထုတ်ခြင်းနှင့် မိတ္တူကူးခြင်းတို့ လုပ်ဆောင်နိုင်သော ရုံးသုံးပစ္စည်းအချို့အား အမျိုးသားလုံခြုံရေးအရ စုံစမ်းစစ်ဆေးခြင်း၊ အမေရိကန်သို့ ဒရုန်းနှင့် ဆက်စပ်သည့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်း တင်ပို့မှုများကို ပိုမိုတင်းကျပ်စွာထိန်းချုပ်ခြင်း၊ Compliance Testing LLC နှင့် အခြားသော အမေရိကန်ကုမ္ပဏီ ၆ ခုအား ဒဏ်ခတ်အရေးယူသည့် အစီအမံများ၊ တရုတ်နိုင်ငံ၏ မဖြစ်မနေ အသိအမှတ်ပြုထောက်ခံချက် ရယူရေး (CCC) စနစ်အရ အမေရိကန်အခြေစိုက် စိစစ်ရေးအဖွဲ့များအား စက်ရုံအလုပ်ရုံများထံသို့ နောက်ဆက်တွဲ စစ်ဆေးမှုများ လုပ်ဆောင်ခွင့် ရပ်ဆိုင်းခြင်းတို့ ပါဝင်သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါ အစီအမံများအနက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပကုန်သွယ်မှုအပေါ် အမျိုးသားလုံခြုံရေးအရ ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းလည်း ပါဝင်ကာ ပြည်ပဆော့ဝဲလ်စနစ် ပါရှိသော ပြည်ပမှတင်သွင်းသည့် ပရင့်ထုတ်ခြင်းနှင့် မိတ္တူကူးခြင်းတို့ လုပ်ဆောင်နိုင်သော ရုံးသုံးပစ္စည်းများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပမှတင်သွင်းသည့် အဆိုပါ ရုံးသုံးပစ္စည်းများသည် ပြည်ပကုန်သွယ်မှုတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကနဦး အချက်အလက်များက ညွှန်ပြလျက်ရှိသည်။
ပြည်ပဆော့ဝဲလ်စနစ်ဆိုသည်မှာ ပြည်ပမှ လူပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အဖွဲ့အစည်းများကသော်လည်းကောင်း တီထွင်၊ စမ်းသပ်၊ ပြုပြင်ထိန်းသိမ်းထားသည့် တွဲဖက်ပါရှိသော ဆော့ဝဲလ်များနှင့် driver ဆော့ဝဲလ်များကို ရည်ညွှန်းခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးခံရသော ထုတ်ကုန်များ တင်သွင်းမှု၊ သွင်းကုန်ပစ္စည်း၊ နည်းပညာ သို့မဟုတ် ဝန်ဆောင်မှုများက အမျိုးသားလုံခြုံရေး အကျိုးစီးပွားအပေါ် အကျိုးသက်ရောက်မှု၊ သက်ဆိုင်ရာကဏ္ဍများတွင် ပြည်တွင်းဝယ်လိုအားနှင့် နိုင်ငံခြားကုန်ပစ္စည်းများ၊ နည်းပညာများ သို့မဟုတ် ဝန်ဆောင်မှုများအပေါ် မှီခိုမှုအတိုင်းအတာ၊ သက်ဆိုင်ရာ ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ယင်းတို့အပေါ် သွင်းကုန်တင်သွင်းခြင်း၏ အကျိုးသက်ရောက်မှုများ၊ ပြည်တွင်းဝယ်လိုအား ပြည့်မီရေးနှင့် အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကို အကျိုးပြုနိုင်ရေးအတွက် ယင်းလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် အဆင့်အတန်း စသည်တို့ကို စစ်ဆေးသွားမည်ဟု သိရသည်။
ထို့ပြင် သက်ဆိုင်ရာ ပြည်ပအစိုးရ မူဝါဒနှင့် အစီအမံများက တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအပေါ် သက်ရောက်မှုအပြင် ပြည်ပကုန်သွယ်မှု၌ အမျိုးသားလုံခြုံရေး အကျိုးစီးပွားများအပေါ် သက်ရောက်နေသည့် အခြားကိစ္စရပ်များကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260805/131a0a1df6014585abbf11ebaaf1b79e/c.html
..................................................................
(English Version)
China rolls out countermeasures against U.S. restrictive measures
BEIJING, Aug. 5 (Xinhua) -- China has implemented a series of countermeasures in response to recent restrictive measures taken against China by the U.S. Federal Communications Commission (FCC) and the U.S. Department of Homeland Security, a Ministry of Commerce spokesperson said on Wednesday.
The U.S. restrictive measures seriously violated the important consensus reached by the two heads of state and severely infringed upon China's legitimate rights and interests, leaving China no choice but to respond, the spokesperson noted.
China's countermeasures includes a national security investigation into certain imported office equipment with printing and copying functions, tighter export controls on drone-related dual-use items to the United States, measures against Compliance Testing LLC and six other U.S. entities, and suspension of U.S.-based certification bodies' authorization to conduct follow-up factory inspections under the China Compulsory Certification (CCC) system, said the spokesperson.
Among the measures, the ministry launched China's first national security investigation into foreign trade, targeting imported office equipment with printing and copying functions that features foreign system software.
Preliminary information indicates that such imported office equipment may affect national security interests in foreign trade.
Foreign system software refers to driver software and embedded software developed, tested or maintained by foreign individuals or entities.
The investigation will examine the importation of products under probe; the impact of imported products, technologies or services on national security interests; domestic demand in relevant sectors and the extent of reliance on foreign goods, technologies or services; the state of development of relevant domestic industries and the impact of imports on them; and the capacity and level of such industries to meet domestic demand and serve national security interests.
It will also examine the impact of relevant foreign government policies and measures on China's national security interests, as well as any other matters affecting national security interests in foreign trade, the ministry said.
https://english.news.cn/20260805/131a0a1df6014585abbf11ebaaf1b79e/c.html
English Caption
File photo shows the entrance to the Chinese Ministry of Commerce (MOC) in Beijing, capital of China. (Xinhua/Li He)








