ယူကရိန်းနိုင်ငံ ကိဗ်မြို့ Shevchenkivsky ဒေသတစ်နေရာရှိ တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သော မြေအောက်လမ်းကြောင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့ Shevchenkivsky ဒေသတစ်နေရာရှိ တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သော မြေအောက်လမ်းကြောင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်/ မော်စကို၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၅ ရက်တွင် ဆိုရှယ်မီဒီယာတွင် ပို့စ်ရေးသားဖော်ပြခဲ့ရာ၌ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်နှင့် ၎င်း အနီးဝန်းကျင်ဒေသများအပေါ် အကြီးစားလေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင်ပင် ယူကရိန်း၏ ဒရုန်းဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဇယ်လန်းစကီးက ယခုအကြိမ် ရုရှားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၌ စုစုပေါင်း ပဲ့ထိန်းဒုံးကျည် ၂၄ စင်း၊ Zircon ဟိုက်ပါဆိုးနစ် ဒုံးကျည်နှင့် Oniks ခရုဇ်ဒုံးကျည် ၄ စင်းနှင့် ဒရုန်း ၁၁၅ စင်း ပစ်လွှတ်ခဲ့ပြီး ယင်းအနက် အချို့မှာ ဂျက်လေယာဉ်ဒရုန်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားစစ်တပ်၏ ပင်မပစ်မှတ်များမှာ ဒေသတွင်းရှိ အရပ်ဘက်ကုမ္ပဏီလုပ်ငန်းများ၏ ဂိုဒေါင်များ၊ အခြေခံအဆောက်အအုံများနှင့် ရထားဘူတာရုံများ ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဩဂုတ် ၅ ရက် သတင်းကြေညာချက်တွင် ဩဂုတ် ၄ ရက် ညပိုင်းမှ ဩဂုတ် ၅ ရက် နံနက်အစောပိုင်းအထိ ရုရှားစစ်တပ်သည် မြေပြင်အခြေစိုက် တိကျမှုမြင့်မားသော လက်နက်များနှင့် တာဝေးပစ် ထိုးစစ်ဒရုန်းများ အသုံးပြုကာ ကိဗ်မြို့နှင့် ကိဗ်ပြည်နယ်ရှိ ဒရုန်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် အသုံးပြုသည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးစင်တာများအပေါ် အကြီးစားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုကြေညာချက်တွင် အဆိုပါထောက်ပံ့ပို့ဆောင်ရေးစင်တာသည် ဒရုန်းအစိတ်အပိုင်းများ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများအပြင် ယူကရိန်းစစ်တပ်အတွက် ထောက်ပံ့ပစ္စည်း၊ နည်းပညာ အရင်းအမြစ်များ သိုလှောင် ဖြန့်ဖြူးပေးသလို ဒရုန်းမော်ဒယ်အမျိုးမျိုးနှင့် အီလက်ထရောနစ် တိုက်ခိုက်ရေးကိရိယာများ စသည်တို့ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တွင် ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်အတွက် လက်နက်နှင့် စစ်ဘက်သုံး ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသော ကုန်ခြောက်သင်္ဘော ၃ စင်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသစံတော်ချိန် ဩဂုတ် ၅ ရက် ၀၀ နာရီ ၂၁ မိနစ်မှ ၃၃ မိနစ်အထိ ကိဗ်မြို့နှင့် ကိဗ်ပြည်နယ် Brovary မြို့ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံများ ကြိမ်ဖန်များစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ရုရှားစစ်တပ်သည် ကိဗ်မြို့အပေါ် အသစ်တစ်ဖန် ပဲ့ထိန်းဒုံကျည်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းလေတပ်က ဆိုသည်။ (Xinhua)

...........................................

(Chinese Version)

乌称俄空袭致17死44伤 俄称打击乌无人机设施

新华社基辅/莫斯科8月5日电 乌克兰总统泽连斯基5日在社交媒体发文称,俄罗斯对乌克兰首都基辅及其周边地区的大规模空袭已造成17人死亡、44人受伤。俄国防部当天通报称,对乌方无人机相关设施实施了打击。  

泽连斯基说,俄军此次空袭共发射24枚弹道导弹、4枚“锆石”高超音速导弹和“缟玛瑙”巡航导弹,以及115架无人机,其中部分为喷气式无人机。泽连斯基称,俄军主要目标为当地民企仓库、基础设施和火车站。  

俄罗斯国防部5日通报称,4日晚至5日凌晨,俄军使用陆基高精度武器和远程攻击型无人机对位于基辅市和基辅州用于生产、存储和运输无人机零部件的物流及配送中心实施了大规模打击。  

通报说,该物流中心除存储和运输无人机零部件外,也为乌军储存及分发物资技术资源,还用于生产各型号无人机及电子对抗装备等。  

此外,俄国防部通报说,俄军还袭击了三艘为乌军运送武器和军用物资的干货船。  

据悉,当地时间5日零时21分至33分,基辅市和基辅州布罗瓦雷方向传出多轮强烈爆炸声。乌空军称俄军对基辅市发动了新一轮弹道导弹袭击。(完)

图说:这是7月19日在乌克兰基辅市舍甫琴科夫斯基区拍摄的一处在袭击中受损的地下通道。新华社记者 李东旭 摄