
ချုံချင့်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
“ရပ်ဝန်းနှင့် ပိုးလမ်းမ” နှင့် ယန်ဇီမြစ် စီးပွားရေးရပ်ဝန်း ဆုံစည်းရာအချက်အချာတွင် တည်ရှိသော ချုံချင့်မြို့သည် လက်ရှိတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း လမ်းကြောင်းသစ်၊ တရုတ်-ဥရောပ ရထား၊ ယန်ဇီမြစ် ရွှေအိုရောင် ရေလမ်းကြောင်းတို့ကို လစ်ဟာမှုမရှိ ချိတ်ဆက်ထားသော လမ်းကြောင်းကွန်ရက်အား တည်ဆောက်ထားပြီဖြစ်သည်။ ချုံချင့်သည် ဆိပ်ကမ်းအသွင်၊ ကုန်တွင်းဆိပ်ကမ်းအသွင်၊ လေကြောင်းဆိပ်ကမ်းအသွင်၊ ကုန်ထုတ်လုပ်ရေး ဝန်ဆောင်မှုအသွင်၊ ကုန်သွယ်စီးပွားကဏ္ဍ ဝန်ဆောင်မှုအသွင် ဟူသော “အသွင်ငါးသွင်” ဖြင့် ပြည့်စုံသည့် တရုတ်နိုင်ငံ၏ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအချက်ချာမြို့ကြီး ဖြစ်လာခဲ့သည်။
ယခုနှစ်များတွင် ချုံချင့်မြို့သည် လမ်းကြောင်းများ၏ အချက်အချာကျသည့် အားသာချက်ကို တိုးချဲ့ကာ ခေတ်မီအသွင် ကုန်စည် စုစည်းမှုနှင့် ခွဲဝေပို့ဆောင်မှုစနစ်ကို တည်ဆောက်ထားသလို ပြည်ပကုန်သွယ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍ အထွေထွေဝန်ဆောင်မှုစနစ်ကိုလည်း ဖန်တီးထားရာ "လမ်းကြောင်း+ကုန်သွယ်ရေး+ကုန်ထုတ်လုပ်ရေး" ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့သည်။
အချက်အချာကျသည့် အားသာချက်ကြောင့် မော်တော်ကား၊ အီလက်ထရောနစ် သတင်းအချက်အလက်၊ စက်ကိရိယာ ထုတ်လုပ်ရေး စသည့် အရည်အသွေးကောင်းမွန်သော 'ချုံချင့်ထုတ်' ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ရောက်ရှိစေသလို အရည်အသွေးကောင်းမွန်သည့် ပြည်ပကုန်ပစ္စည်းများကိုလည်း ချုံချင့်မြို့သို့ ပိုမိုဝင်ရောက်လာစေသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ “အသွင် ငါးသွင် ” ကုန်စည်သယ်ယူပို့ဆောင်ရေး အချက်အချာနေရာ၏ ကုန်စည်လက်ခံဆောင်ရွက်မှု ပမာဏမှာ တန်ချိန် သန်း ၁၂၀ အထိရှိပြီး အချက်အချာနေရာ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း စုစုပေါင်းဝင်ငွေမှာ ယွမ် ၄၀ ဘီလီယံ ကျော်ရှိရာ အချက်အချာနေရာစီးပွားရေးသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး “စစ်တုရင်ကစားမှု” တွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
重庆:放大枢纽优势推动“通道+经贸+产业”融合发展
新华社照片,重庆,2026年8月5日
地处“一带一路”和长江经济带联结点上的重庆,目前已构建起西部陆海新通道、中欧班列、长江黄金水道“无缝衔接”的通道网络,成为拥有港口型、陆港型、空港型、生产服务型、商贸服务型“五型”国家物流枢纽的城市。近年来,重庆放大通道枢纽优势,构建现代化集疏运体系,打造外贸外资综合服务体系,推动“通道+经贸+产业”融合发展。 枢纽优势让汽车、电子信息、装备制造等优质“重庆造”产品加速走向全球,也让越来越多的优质海外产品流入重庆。2025年,重庆“五型”国家物流枢纽的货物吞吐量达1.2亿吨,枢纽物流业务总收入突破400亿元,枢纽经济已成为高质量发展“棋盘”的一枚重要落子。
1. 7月28日,在重庆市沙坪坝区,一列满载货物的陆海新通道班列从重庆团结村中心站发车(无人机照片)。 新华社记者 黄伟 摄
2. 这是7月28日在重庆市沙坪坝区拍摄的重庆国际物流枢纽园区团结村中心站(无人机照片)。新华社记者 黄伟 摄








