
ပြုံယမ်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
အမေရိကန်-ဂျပန်-တောင်ကိုရီးယား တို့က စစ်ရေးလေ့ကျင့်မှုများဖြင့် ပူးတွဲ စစ်ဆင်ရေးစွမ်းရည်ကို အားကောင်းစေပြီး “သုံးပွင့်ဆိုင်” ပုံစံ ခြိမ်းခြောက်မှုဖြစ်ပေါ်လာလျက်ရှိရာ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအကျပ်အတည်း ဖြစ်လာနိုင်ခြေရှိသည်ဟု မြောက်ကိုရီးယား စစ်ရေးသုံးသပ်သူက ဩဂုတ် ၃ ရက်တွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ကြောင်း KCNA သတင်းဌာနက ဩဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆောင်းပါးတွင် အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့သည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို လျစ်လျူရှုကာ မျှော်မှန်းထားသည့် စစ်ရေးအရ အားသားချက်များ ပိုင်ဆိုင်နိုင်ရန် ပူးတွဲစစ်ရေးလုပ်ဆောင်မှုစွမ်းရည်များ အဆက်မပြတ် အားကောင်းစေခဲ့ကြောင်း၊ ဤကဲ့သို့သော “သုံးပွင့်ဆိုင်” ပုံစံ ခြိမ်းခြောက်မှုများသည် တစ်နေ့တခြား ထင်ရှားလာကြောင်း၊ လတ်တလောတွင် ကျင်းပခဲ့သော “ပစိဖိတ်ပတ်လည်ဝိုင်း စစ်ရေးလေ့ကျင့်မှု RIMPAC” အတွင်း တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ကွပ်ကဲမှုမစ်ရှင် တာဝန်ယူခဲ့ကြောင်း၊ ယင်းသည် အမေရိကန်က ဂျပန်နှင့် တောင်ကိုရီးယားကို ပိုမိုကြီးမားသော တာဝန်များ ထမ်းဆောင်စေခြင်းဖြင့် အာရှ-ပစိဖိတ် ဒေသတွင် စစ်ရေးအရ လုံးဝ ဗိုလ်ကျကြီးစိုးမှုရရှိရေးဟူသည့် မဟာဗျူဟာမြောက် ရည်မှန်းချက်ကို ဖော်ဆောင်ခြင်းမှာ သိသာထင်ရှားကြောင်း ဖော်ပြထားသည်။
ကိုရီးယားကျွန်းဆွယ်အနီး ဒေသများ၌ အမေရိကန်နှင့် တောင်ကိုရီးယားသည် ဇူလိုင်လတွင် နှစ်နိုင်ငံ လေကြောင်း ပူးတွဲစွမ်းရည် အားကောင်းစေရေးကို အကြောင်းပြ၍ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး ယင်းကာလအတွင်း “ပူးတွဲ စစ်ရေးထောက်ပံ့ပို့ဆောင်ရေး လေ့ကျင့်မှု” များ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ “ပေါင်းစည်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်” နှင့် ကွပ်ကဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် အမေရိကန်သည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်ကွပ်ကဲမှုဌာနချုပ်ကို လွတ်လပ်သော စစ်ဆင်ရေးစွမ်းရည်ရှိသည့် “ပေါင်းစည်းတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်” အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် အမေရိကန်သည် ဂျပန်နိုင်ငံတွင် တိုင်ဖွန်း တာလတ်ပစ်ဒုံးကျည်စနစ်ကိုပါ ဖြန့်ကြက်ထားပြီး ဤစနစ်ကို တောင်ကိုရီးယားနိုင်ငံတွင်ပါ ဖြန့်ကြက်ရန် စီစဉ်ထားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ဂျပန်သည် မိမိကိုယ်ကို နျူကလီးယားလက်နက်တပ်ဆင်ရေးအား လူသိရှင်ကြား ဆွေးနွေးခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း၌ အမေရိကန်ထုတ် “Tomahawk” ခရုဇ်ဒုံးကျည် ပစ်လွှတ်လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ကိုရီးယားကမူ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဖွံ့ဖြိုးရေးစီမံကိန်းများကို အင်တိုက်အားတိုက် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့၏ လှုပ်ရှားမှုသည် အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကို ဖျက်ဆီးကာ ကမောက်ကမဖြစ်မှုကို ဆိုးရွားစေသောကြောင့် ဘက်အသီးသီးအနေဖြင့် ဤလှုပ်ရှားမှုကို သတိပြုကာ တားဆီးထိန်းချုပ်သင့်ကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။ (Xinhua)
...........................
(Chinese Version)
朝中社:美日韩“三位一体”式威胁或成亚太新危机
新华社平壤8月4日电(记者王天僚)据朝中社4日报道,朝鲜军事评论员3日发表文章说,美日韩借军演强化联合作战能力,正形成“三位一体”式威胁,或成为亚太地区新的安保危机。
文章说,美日韩无视域内国家安全关切,不断强化联合战争执行能力,以期占据军事优势,这种“三位一体”式威胁日益凸显。在近期举行的“环太平洋”军演中,韩国和日本承担了指挥任务,这凸显了美国通过让日韩承担更大责任,以实现在亚太地区掌握绝对军事霸权的战略企图。
文章说,在朝鲜半岛周边地区,美韩7月以加强双方空中联合能力为由开展演习,其间进行大规模“联合后勤支援演习”;为加强与日本自卫队“统合作战司令部”的指挥协同,美国正加速推动驻日美军司令部改组为拥有独立作战能力的“统合军司令部”。美国还在日本部署“堤丰”中程导弹系统,并计划将这套系统部署到韩国。
文章指出,日本公开谈论自我核武装,并在太平洋开展美制“战斧” 巡航导弹发射演练;韩国则大举推进核潜艇开发项目。美日韩的行动破坏亚太地区安全,加剧动荡,各方应警惕这一动向并加以遏制。(完)
图说:这是2017年4月11日在韩国浦项拍摄的韩美军需物资两栖补给演习现场。新华社发(李相浩摄)








