တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် မြို့တော်ချင်းသောင်ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတွင် ရပ်နားနေသော၊ "Joint Sea-၂၀၂၆" ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် ဒုံးလက်နက်တပ်ဆင်ထားသော ရုရှားစစ်သင်္ဘော Varyag ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် မြို့တော်ချင်းသောင်ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတွင် ရပ်နားနေသော၊ "Joint Sea-၂၀၂၆" ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် ဒုံးလက်နက်တပ်ဆင်ထားသော ရုရှားစစ်သင်္ဘော Varyag ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ မြောက်ပိုင်းရေယာဉ်စုတပ်ဖွဲ့အနေဖြင့် ဘာရန့်ပင်လယ်တွင် ရန်သူရေတပ်အုပ်စုပုံစံတုများအား ဖျက်ဆီးရန် လေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ထားကြောင်း အဆိုပါရေယာဉ်စုတပ်ဖွဲ့၏ ပြန်ကြားရေးဌာနက သြဂုတ် ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် Bastion ကမ်းရိုးတန်းဒုံးကျည်စနစ်၏ အထောက်အပံ့ဖြင့် စစ်သင်္ဘော Admiral Golovko နှင့် ဒုံးလက်နက်တပ်ဆင်ထားသော စစ်သင်္ဘော Marshal Ustinov ဦးဆောင်သည့် ရေတပ်တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ပါဝင်ပြီး လေယာဉ်များစွာကလည်း စစ်ရေးလေ့ကျင့်မှု၏ အဆင့်အမျိုးမျိုးတွင် ပါဝင်ခဲ့ကြောင်း ပြန်ကြားရေးဌာန၏ အဆိုအရ သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ကင်းထောက်လေယာဉ်များက ရန်သူပစ်မှတ်ပုံစံတုများကို ထောက်လှမ်းတွေ့ရှိပြီးမကြာမီ ရေယာဉ်စုတပ်ဖွဲ့က ၃၀၀ ကီလိုမီတာကျော်အကွာရှိ ပစ်မှတ်များကို စုပေါင်းဒုံးလက်နက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုတွင် စစ်သင်္ဘောများ၊ ကမ်းရိုးတန်းဒုံးလက်နက်တပ်ဖွဲ့များနှင့် ရေငုပ်သင်္ဘောတစ်စင်းတို့ ပါဝင်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် Kalibr ၊ Vulkan ၊ Oniks နှင့် Granit ဒုံးလက်နက်တို့ ပါဝင်ခဲ့သည်။

သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ခဲ့သည်ဟု အဆိုပါရေယာဉ်စုတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Russian Northern Fleet conducts drill in Barents Sea

ST. PETERSBURG, Aug. 3 (Xinhua) -- Russia's Northern Fleet has conducted military exercises in the Barents Sea to practice destroying mock enemy naval groupings, the fleet's press service said on Monday.

According to the press service, the drill involved a naval strike group led by the frigate Admiral Golovko and the missile cruiser Marshal Ustinov, supported by a Bastion coastal missile system, with multiple aircraft participating in different phases of the exercise.

Under the exercise scenario, reconnaissance aircraft detected mock enemy targets before the fleet carried out coordinated missile strikes against targets more than 300 km away, with warships, coastal missile units and a submarine taking part.

The strike involved Kalibr, Vulkan, Oniks and Granit missiles.

All designated targets were successfully hit, said the fleet. ■

English Caption

This photo taken on July 5, 2026 shows the Russian missile cruiser Varyag to participate in the "Joint Sea-2026" naval exercise docking at a military port in Qingdao, east China's Shandong Province. (Xinhua/Li Jie)