အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပြည်နယ် ၂၅ ခုက ပူးတွဲ၍ ဩဂုတ် ၃ ရက်တွင် အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၌ တရားစွဲဆိုချက်တစ်ခု တင်သွင်းကာ အမေရိကန်အစိုးရ မကြာသေးမီရက်က “အတင်းအဓမ္မ လုပ်အားပေးခံရခြင်း” ဆိုသည့် အကြောင်းပြချက်ဖြင့်  နိုင်ငံနှင့် ဒေသပေါင်း ၆၀ အပေါ် ကောက်ခံခဲ့သော စည်းကြပ်ခွန်များကို တရားမဝင်ဟု စီရင်ဆုံးဖြတ်ပြီး ၎င်းအား ရုပ်သိမ်းရန်၊ တစ်ချိန်တည်းမှာပင် တရားစီရင်ရေးဆိုင်ရာ ပြန်လည်စိစစ်သုံးသပ်သည့်ကာလအတွင်း အဆိုပါ စည်းကြပ်ခွန်ကောက်ခံမှု အစီအမံများကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုနေ့ တရားစွဲဆိုမှုတွင် နယူးယောက်ပြည်နယ်၊ အိုရီဂွန်ပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ကော်လိုရာဒိုပြည်နယ်၊ ကွန်နက်တီကတ်ပြည်နယ် စသည့် ဒီမိုကရက်တစ်ပါတီ အဓိကအုပ်ချုပ်သည့်ပြည်နယ် ၂၅ ခု ပါဝင်ခဲ့သည်။ တရားစွဲဆိုမှုတွင် အမေရိကန်အစိုးရသည် ဒါဇင်နှင့်ချီရှိသော နိုင်ငံနှင့် ဒေသများထံ စည်းကြပ်ခွန်ထပ်မံ ကောက်ခံခဲ့ရာ ယင်းက အမေရိကန်စားသုံးသူနှင့် ကုမ္ပဏီလုပ်ငန်းများ၏ ကုန်ကျစရိတ်ကို မြင့်တက်စေမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ နောက်ဆုံးပြဋ္ဌာန်းခဲ့သော စည်းကြပ်ခွန်အစီအမံများသည် “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ” ပုဒ်မ ၃၀၁ ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုမရှိဘဲ “အတင်းအဓမ္မ လုပ်အားပေးခံရခြင်း” ဆိုသည့် အကြောင်းပြချက်ဖြင့်သာ ၎င်း၏ တရားဝင် စည်းကြပ်ခွန်အစီအစဉ်များကို ဆက်လက် ဖော်ဆောင်ခဲ့ကြောင်း၊ ယင်းအရ ကောက်ခံခဲ့သော စည်းကြပ်ခွန်များကို ပြန်လည်ပေးအပ်ရန် အဆိုပါပြည်နယ်များက တောင်းဆိုကြောင်း ဖော်ပြထားသည်။

ယင်းမတိုင်မီ အမေရိကန် တရားရုံးချုပ်က အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ IEEPA” တွင် သမ္မတက စည်းကြပ်ခွန် ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။ အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံးကလည်း အမေရိကန်အစိုးရ၏  “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ” ပုဒ်မ ၁၂၂ အရ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ဥပဒေအရ အခြေအမြစ်မရှိဟု ဆုံးဖြတ်ခဲ့သည်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ကြေညာချက်တစ်ရပ်တွင် အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်အစီအမံသည် မရှိမဖြစ် အိမ်သုံးပစ္စည်းများ၊ အစားအသောက်နှင့် ကုန်စုံဆိုင်ပစ္စည်းများ စသည့် နေ့စဉ်သုံးကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်၍ ကြိုးကြိုးစားစား လုပ်ကိုင်နေကြသော အမေရိကန် မိသားစုများအပေါ် အခွန်ကောက်ခံနေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ “အမေရိကန်အစိုးရအနေနဲ့ ဥပဒေကို လျစ်လျူရှုပြီး စည်းကြပ်ခွန်တွေကို ကျယ်ကျယ်ပြန့်ပြန့်ကောက်ခံလို့ မရဘူးဆိုတာ အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ဇူလိုင် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ” ပုဒ်မ ၃၀၁ အရ ဇူလိုင် ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်စည်းကြပ်ခွန်များကို အစားထိုးရန် “အတင်းအဓမ္မ လုပ်အားပေးခံရခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံနှင့် ဒေသ ၆၀ အပေါ် ၁၀ ရာခိုင်နှုန်း မှ ၁၂.၅ ရာခိုင်နှုန်းအထိရှိသော စည်းကြပ်ခွန် ကောက်ခံမည်ဟု ကြေညာခဲ့သည်။ စည်းကြပ်ခွန်အသစ်များသည် ဇူလိုင် ၂၄ ရက်တွင် အသက်ဝင်ခဲ့သည်။ ကုမ္ပဏီလုပ်ငန်းအများအပြားသည် အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံးတွင် တရားစွဲဆိုချက်နှစ်ခု တင်သွင်းခဲ့ပြီး တရားရုံးအနေဖြင့် ဤစည်းကြပ်ခွန် အစီအမံအသစ်ကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း စီရင်ဆုံးဖြတ်ရန် တောင်းဆိုခဲ့သည်။ (Xinhua)

.................................

(Chinese Version)

美国25州联合起诉美政府新关税措施

新华社纽约8月3日电(记者刘亚南)美国25个州3日向美国国际贸易法院提起联合诉讼,要求裁定美国政府日前以所谓“强迫劳动”为由对60个国家和地区征收的关税违法并予以废止,同时在司法审查期间暂停执行该关税措施。

当天参与起诉的州包括纽约州、俄勒冈州、亚利桑那州、加利福尼亚州、科罗拉多州、康涅狄格州等25个由民主党主政的州。起诉书说,美国政府再次对数十个国家和地区征收关税,这将增加美国消费者和企业的成本。美国政府最新关税措施不符合《1974年贸易法》第301条的要求,只是以“强迫劳动”为借口,继续实施其非法关税计划。这些州要求美国政府退还已经据此征收的关税。  

此前,美国最高法院认定美国《国际紧急经济权力法》没有授权总统征收大规模关税;美国国际贸易法院也认定美国政府依据《1974年贸易法》第122条征收10%全球进口关税的法律依据不成立。  

纽约州州长凯西·霍楚尔在一份声明中说,美国政府的关税措施推高了家庭必需品、食品杂货等日用品成本,无异于对辛勤工作的美国家庭征税。“最高法院裁决清楚表明,美国政府不能无视法律大范围征收关税。”

美国贸易代表办公室7月23日发布公告,宣布依据《1974年贸易法》第301条,以所谓“强迫劳动”为名对60个国家和地区征收10%至12.5%的关税,以替代7月24日到期的全球进口关税。新关税已于7月24日生效。多家企业已在美国国际贸易法院发起两项诉讼,要求法院裁定搁置或撤销这一新关税措施。(完)

图说:这是2026年5月11日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄