တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် တရုတ်ကမ်းခြေစောင့်တပ် ချွမ်ဆန်းစစ်သင်္ဘော တာဝန်ယူ ကင်းလှည့် စောင့်ကြပ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် တရုတ်ကမ်းခြေစောင့်တပ် ချွမ်ဆန်းစစ်သင်္ဘော တာဝန်ယူ ကင်းလှည့် စောင့်ကြပ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ နယ်နိမိတ်ဖြစ်သော ဟွမ်ရန်သောင်ကျွန်းတွင် “ပိုင်နက်ပင်လယ် အခြေခံမျဉ်းများ” ဆိုသည်ကို ပိုင်းခြားသတ်မှတ်ခြင်းသည် တရုတ်နိုင်ငံ နယ်မြေပိုင်နက် အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိပါးပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၊ “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” စသည့် နိုင်ငံတကာဥပေဒကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ရာ ယင်းမှာ တရားဝင်မှု၊အကျုံးဝင် မရှိပေ။ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်၍ လုံးဝလက်ခံမည်မဟုတ်ပေ။

ဟွမ်ရန်သောင်ကျွန်းသည် တရုတ်နိုင်ငံ ရှိရင်းစွဲ နယ်မြေပိုင်နက်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဟွမ်ရန်သောင်ကျွန်းနှင့် ယင်းအနီးတဝိုက် ပင်လယ်ပြင်အပေါ် အငြင်းပွားဖွယ်မရှိသော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားပြီး သက်ဆိုင်ရာ ပင်လယ်ပြင်အပေါ် အချုပ်အခြာအာဏာ အခွင့်အရေးနှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ်၊ ငြိမ်းချမ်းစွာနှင့် ထိရောက်စွာဖြင့် ဟွမ်ရန်ကျွန်းအပေါ် အချုပ်အခြာအာဏာနှင့် စီမံခန့်ခွဲပိုင်ခွင့်ကို လုပ်ဆောင်လျက်ရှိသည်။ ဖိလစ်ပိုင်၏ နယ်မြေအတိုင်းအတာကို နိုင်ငံတကာစာချုပ်များစွာဖြင့် သတ်မှတ်ထားပြီးဖြစ်ပြီး ဟွမ်ရန်သောင်ကျွန်းသည် ၎င်းတို့ထဲတွင် မည်သည့်အခါမျှ မပါဝင်ခဲ့ပေ။ တရုတ်နိုင်ငံ၏ ဟွမ်ရန်သောင်ကျွန်းအပေါ် ဖိလစ်ပိုင်အဆိုပြုသော တရားမဝင် နယ်မြေပိုင်နက် တောင်းဆိုမှုများသည် မည်သည့် နိုင်ငံတကာဥပဒေ အထောက်အထားမျှ မရှိပေ။

ဖိလစ်ပိုင်နိုင်ငံသည် “တောင်တရုတ်ပင်လယ် အနုညာတစီရင်ဆုံးဖြတ်ချက်” ကို တစ်ဖက်သတ် အဆိုပြုခြင်းသည် “ကတိကဝတ်ပြုများကို မဖြစ်မနေ လိုက်နာရန်” ၊ “မိမိပြောဆိုထားသော စကား သို့မဟုတ် ပြုမူချက်အတိုင်း တည်စေရန်” စသည့် နိုင်ငံတကာဥပဒေ အခြေခံမူများကို ချိုးဖောက်ကာ UNCLOS အပါအဝင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တရုတ်-ဖိလစ်ပိုင် နှစ်ဖက်သဘောတူညီချက်နှင့် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” တို့ကို ချိုးဖောက်ခဲ့သည်။ “စီရင်ဆုံးဖြတ်ချက်” ဟု ဆိုသည့်အရာမှာ တရားမဝင်၊ အကျုံးမဝင်သလို စည်းနှောင်အားလည်း မရှိပေ။ တရုတ်နိုင်ငံအနေဖြင့် ယင်း “စီရင်ဆုံးဖြတ်ချက်” ကို လက်ခံအသိအမှတ်ပြုမည်မဟုတ်ဘဲ ယင်း “စီရင်ဆုံးဖြတ်ချက်” ကို အခြေခံထားသည့် မည်သည့် တောင်းဆိုချက်နှင့် လုပ်ဆောင်ချက်ကိုမဆို ကန့်ကွက်ပြီး လက်ခံမည်မဟုတ်ပါ။

ဖိလစ်ပိုင်သည် UNCLOS ခေါင်းစဉ်ဖြင့် “ပင်လယ်ရေကြောင်း ပိုင်နက်များ အက်ဥပဒေ (Maritime Zones Act)” ဆိုသည်ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်းနှင့် နန်ရှားကျွန်းစုရှိ ကျွန်းနှင့် သန္တာကျောက်တန်းအများစုနှင့် သက်ဆိုင်ရာ ပင်လယ်ရေပိုင်နက်များကို ၎င်း၏ပင်လယ်ရေကြောင်းပိုင်နက်အတွင်း တရားမဝင်ထည့်သွင်းရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် ပြည်တွင်းဥပဒေများမှတစ်ဆင့် တရားမဝင် "တောင်တရုတ်ပင်လယ် အနုညာတစီရင် ဆုံးဖြတ်ချက်" ကို ခိုင်မာစေရန် ကြိုးပမ်းမှုသည် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်နက် အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ရာ ယင်းသည် တရားဝင်မှု၊ အကျုံးဝင်မှု မရှိပေ။ ဟွမ်ရန်သောင်ကျွန်းနှင့် နန်ရှားကျွန်းစုများအပေါ် တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများသည် မည်သည့်အခြေအနေတွင်မဆို “ပင်လယ်ရေကြောင်း ပိုင်နက်များ အက်ဥပဒေ” ဟု ဆိုသည့်အရာ၏ သက်ရောက်မှုခံရမည်မဟုတ်ပေ။

ကာလတစ်ခုကြာ ဖိလစ်ပိုင်နိုင်ငံသည် ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် ရန်စ ပြဿနာရှာမှုများ မကြာခဏပြုလုပ်၍ ပုံကြီးချဲ့လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိပါးခဲ့သည်။ ယင်းမှာ ပင်လယ်ပြင် တင်းမာမှု အခြေအနေကို ပို၍ မြှင့်တင်ပေးပြီး တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို လက်တွေ့ကျကျ လေးစားလိုက်နာရန်၊ ဟွမ်ရန်သောင်ကျွန်းတွင် မည်သည့် ထိပါးရန်စသည့် လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။ သို့မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် အားလုံးကို ခိုင်မာပြတ်သားစွာ တုံ့ပြန်သွားမည် ဖြစ်သည်ဟု ဆိုသည်။ (Xinhua)

...........................................

(Chinese Version)

中华人民共和国外交部关于菲律宾共和国在中国领土黄岩岛划设所谓“领海基线”的声明

新华社北京7月31日电 中华人民共和国外交部关于菲律宾共和国在中国领土黄岩岛划设所谓“领海基线”的声明

菲律宾在中国领土黄岩岛划设所谓“领海基线”,严重侵犯中国领土主权,严重违反《联合国宪章》《联合国海洋法公约》等国际法,是非法的、无效的。中方对此坚决反对、绝不接受。  

黄岩岛是中国固有领土。中国对黄岩岛及其附近海域拥有无可争辩的主权,对相关海域拥有主权权利和管辖权。中国持续、和平、有效地对黄岩岛行使主权和管辖权。菲律宾的领土范围已由一系列国际条约所确定,黄岩岛从来不在其中。菲律宾对中国黄岩岛提出非法领土要求没有任何国际法依据。  

菲律宾单方面提起“南海仲裁案”,违反“约定必须遵守”“禁止反言”等国际法基本原则,违反包括《联合国海洋法公约》在内的国际法,违反中菲双边协议和《南海各方行为宣言》。所谓“裁决”非法、无效,没有拘束力。中方不接受、不承认该“裁决”,反对且不接受任何基于该“裁决”的主张和行动。  

菲律宾打着《联合国海洋法公约》的旗号,出台所谓“海洋区域法”,将中国黄岩岛和南沙群岛大部分岛礁及相关海域非法纳入菲方海洋区域,并妄图以国内立法形式固化非法的“南海仲裁案裁决”,严重侵犯中国在南海的领土主权和海洋权益,是非法的、无效的。中国对黄岩岛和南沙群岛的领土主权和海洋权益在任何情况下不受所谓“海洋区域法”的影响。  

一段时间以来,菲律宾频繁在黄岩岛海域挑衅滋事并进行煽宣炒作,侵犯中国领土主权和海洋权益,推高海上紧张局势,破坏南海和平稳定。中方要求菲方切实尊重中国领土主权和海洋权益,不得在黄岩岛采取任何侵权挑衅行动,否则中方都将予以坚决应对。(完)

图说:4月28日,海警川山舰在黄岩岛海域巡航值守(无人机照片)。新华社记者 陈斌 摄