ဂါဇာ လက်နက်ဖျက်သိမ်းရေးလမ်းပြမြေပုံကို ဟားမက်စ်နှင့် ပါလက်စတိုင်း အဖွဲ့များကို သဘောတူ

ဟားမက်စ်နှင့် ပါလက်စတိုင်းအဖွဲ့များက ၎င်းတို့၏ လက်နက်များ လက်ကျန်ရှိမှုနှင့် သိုလှောင်မှု ဖြည်းဖြည်းချင်းလျှော့ချရေးလုပ်ငန်းစဉ် အပါအဝင်  ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့် အကောင်အထည်ဖော်ရေးအစီအစဉ်ကို သဘောတူခဲ့ကြကြောင်း အီဂျစ်နိုင်ငံပိုင်ရုပ်မြင်သံကြားက ဇူလိုင် ၃၁ ရက် အစောပိုင်းက သတင်းဖော်ပြခဲ့သည်။

ဂါဇာ အမျိုးသားစီမံခန့်ခွဲမှုကော်မတီက လက်နက်များ လက်ကျန်ရှိမှုနှင့် သိုလှောင်မှု ဖြည်းဖြည်းချင်း၊ စနစ်တကျဖြေလျှော့ရေးလုပ်ငန်းစဉ်အား ကြီးကြပ်၊ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံမှ သတင်းရင်းမြစ်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

ဂျပန်နိုင်ငံ ကူမာမိုတိုငလျင်ကြောင့် သေဆုံးသူအရေအတွက် ၃၅ ဦးအထိ ရောက်ရှိလာ

ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း စီရင်စုအစိုးရက ဇူလိုင် ၃၁ ရက်၌ ပြောကြားခဲ့သည်။

ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ်အစည်းအဝေး၌ ကူမာမိုတိုအစိုးရ တာဝန်ရှိသူများက အင်အား ၇.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးနေဆဲ သေဆုံးသူများ အပါအဝင် သေဆုံးသူ ၃၅ ဦး ရှိကြောင်း ကြေညာခဲ့သည်။

စပိန်နိုင်ငံ စီယူတာနယ်မြေသို့ ထွက်ခွာလာသည့် တရားမဝင်ရွှေ့ပြောင်းသူအများအပြားအနက် သေဆုံးသူ ၅၇ ဦးအထိ မြင့်တက်လာ

စပိန်နိုင်ငံ မြောက်အာဖရိကနယ်မြေ စီယူတာသို့ ရောက်ရှိရေးအတွက် ပင်လယ်ရေ‌ကြောင်းမှတစ်ဆင့် ဝင်ရောက်ရန် ကြိုးစားသူများအနက် သေဆုံးသူ  အရေအတွက်မှာ ဇူလိုင် ၃၁ ရက်အထိ ၅၇ ဦးအထိ မြင့်တက်လာခဲ့သည်။

ထို့ပြင် လွန်ခဲ့သောနှစ်ရက်အတွင်း ယင်းနယ်မြေသို့ ဝင်ရောက်သည့် ရွှေ့ပြောင်းသူအများအပြားသည် အိမ်နီးချင်း မော်ရိုကိုနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ယင်းမှာ မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် အကြီးမားဆုံး ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာမှုအကျပ်အတည်းများအနက် တစ်ခုကို လျင်မြန်စွာအရှိန်လျှော့ချနိုင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။

စီယူတာနယ်မြေသို့ ဝင်ရောက်ပြီးနောက် မော်ရိုကိုနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းသွားလာသူ ၃၇,၅၀၀ ခန့်သည် စပိန်နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်မရှိခြင်း သို့မဟုတ် စပိန်နိုင်ငံ ပြည်မကြီးသို့ ဆက်လက်သွားရောက်ခွင့်မရှိခြင်းတို့ကို သိရှိရပြီးနောက် ၎င်းတို့၏ ဆန္ဒအလျောက် ပြန်သွားခဲ့ကြခြင်းဖြစ်ကြောင်း စပိန်အာဏာပိုင်များက ပြောကြားခဲ့သည်။

အာဖရိက CDC က အီဘိုလာရောဂါကို မထိန်းချုပ်နိုင်ကြောင်း သတိပေးလိုက်ပြီးနောက် ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာရောဂါဖြစ်ပွားသူ ၃,၅၀၀ ကျော် အထိ ရောက်ရှိလာ

ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာရောဂါဖြစ်ပွားမှုအတည်ပြုအရေအတွက်မှာ ၃,၅၃၂ ဦးနှင့် သေဆုံးသူ ၁,၅၅၆ ဦး ရှိကြောင်း ကွန်ဂိုနိုင်ငံ (DRC) ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇူလိုင် ၃၁ ရက်၌ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယခုအခါ အီဘိုလာကပ်ရောဂါကြောင့် Ituri ၊ North Kivu ၊ South Kivu ၊ Haut-Uele နှင့် Tshopo စသည့် နိုင်ငံ အရှေ့ပိုင်း ပြည်နယ်ငါးခုတွင် ရောဂါပျံ့နှံ့လျက်ရှိသည်။ လက်ရှိတွင် လူ ၈၀၇ ဦးမှာ သီးသန့်ထားရှိခြင်း သို့မဟုတ် ဆေးရုံ၌ ‌စောင့်ရှောက်မှုခံယူခြင်းဖြင့် နေထိုင်ရကာ ၆၂၆ ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။

……………………………………..

(English Version)

Daily World Briefing, Aug. 1

Hamas, Palestinian factions agree on Gaza disarmament roadmap

Hamas and Palestinian factions have agreed on a plan to implement the second phase of the Gaza ceasefire agreement, including a gradual process for inventorying and storing their weapons, Egypt's state TV reported early Friday.

The National Committee for the Administration of Gaza would oversee and implement the gradual and sequential process of inventorying and storing the weapons, the report said, citing an informed Egyptian source.

Death toll from Japan's Kumamoto Earthquake rises to 35

The death toll from a powerful earthquake that struck Japan's Kumamoto Prefecture has risen to 35, the prefectural government said Friday.

At a disaster response headquarters meeting held Friday morning, Kumamoto Prefecture Government officials announced that 35 people had died, including those whose deaths are still being investigated to determine whether they were caused by the magnitude 7.1 tremor.

Death toll rises to 57 as most illegal migrants leave Spain's Ceuta enclave

The death toll from those attempting to reach Spain's North African enclave of Ceuta by sea has risen to 57 by Friday.

Meanwhile, the vast majority of migrants who entered the territory over the past two days have returned to neighboring Morocco. It marked a rapid de-escalation of one of the largest irregular migration crises at Spain's southern border in recent years.

According to Spanish authorities, around 37,500 migrants have returned to Morocco after entering Ceuta, many of them voluntarily after discovering that they would not be able to remain in Spain or continue to Spain's mainland.

Ebola cases top 3,500 in DR Congo as Africa CDC warns of uncontrolled outbreak

The number of confirmed Ebola cases in the Democratic Republic of the Congo (DRC) has risen to 3,532, with 1,556 confirmed deaths, according to the latest figures released Friday by the country's public health authorities.

The epidemic has now spread across five eastern provinces: Ituri, North Kivu, South Kivu, Haut-Uele and Tshopo. Currently, 807 patients remain in isolation or under hospital care, while 626 individuals have recovered.