တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံမှ ကုလသမဂ္ဂ ဗဟိုအာဖရိကနှင့် ဆိုက်ပရပ်စ် မစ်ရှင်ဒေသများသို့ သွားရောက်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရဲတပ်ဖွဲ့ စတင်ထွက်ခွာခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံမှ ကုလသမဂ္ဂ ဗဟိုအာဖရိကနှင့် ဆိုက်ပရပ်စ် မစ်ရှင်ဒေသများသို့ သွားရောက်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရဲတပ်ဖွဲ့ စတင်ထွက်ခွာခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကုလသမဂ္ဂ ဗဟိုအာဖရိကနှင့် ဆိုက်ပရပ်စ် မစ်ရှင်ဒေသများသို့ သွားရောက်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရဲတပ်ဖွဲ့ စတင်ထွက်ခွာခြင်း အခမ်းအနားကို ဇူလိုင် ၃၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဇူလိုင် ၃၁ ရက်တွင် သိရသည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရဲတပ်ဖွဲ့ နှစ်ဖွဲ့သည် ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး ကုလသမဂ္ဂ ဗဟိုအာဖရိက မစ်ရှင်ဒေသနှင့် ဆိုက်ပရပ်စ် မစ်ရှင်ဒေသများသို့ အသီးသီး သွားရောက်ကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန်များကို ထမ်းဆောင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုရဲတပ်ဖွဲ့၏ အဖွဲ့ဝင် ၇ ဦးမှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အရန်ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အမြဲတမ်းရဲတပ်ဖွဲ့နှင့် ဒေသန္တရ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများမှ ဖြစ်ကြသည်။ ၎င်းတို့သည် အကြိမ်ကြိမ် စည်းကမ်းတင်းကျပ်စွာ စိစစ်ရွေးချယ်မှုများကို ဖြတ်သန်းပြီးနောက် ထူးချွန်သော ရမှတ်များဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တစ်ဦးချင်းရဲတပ်ဖွဲ့ဝင် ဆန်ခါတင်ရွေးချယ်စိစစ်မှုကို အောင်မြင်စွာ ဖြေဆိုနိုင်ကြပြီး တရုတ်နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရဲတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတွင် အထူးလေ့ကျင့်မှုများကို ခံယူခဲ့ကြသည်။ မစ်ရှင်ဒေသသို့ ရောက်ရှိပြီးနောက် တပ်ဖွဲ့ဝင်များသည် အရပ်သားများ လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ဒေသန္တရ ရဲဘက်ရေးရာစနစ် တည်ဆောက်မှုကို ထောက်ကူဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို တွဲဖက်ပံ့ပိုးဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရေး စသည့် လုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လှုပ်ရှားရေးကို အခိုင်အမာ ထောက်ခံကာ တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဗျူရို၏ သက်ဆိုင်ရာ တာဝန်ရှိသူက မိတ်ဆက် ပြောကြားခဲ့သည်။ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုရဲတပ်ဖွဲ့သည် ကုသမဂ္ဂ၏ အခွင့်အာဏာပေးအပ်မှုအောက်တွင် ပြစ်မှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး ကာကွယ်ရေး၊ ဒေသ တရားဥပဒေစိုးမိုးရေးအင်အား ပြန်လည်တည်ဆောက်ရေး စသည့် လုပ်ငန်းတာဝန်များကို သေချာထမ်းဆောင်ကာ အခြေစိုက်နိုင်ငံ၏ လူမှုအသိုက်အဝန်းစည်းစနစ် ပြန်လည်ဖော်ဆောင်ရေး၊ အရပ်သား လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး၊ ဒေသတရားစီရင်ရေးစနစ် ပြန်လည်တည်ဆောက်ရေးကို မြှင့်တင်ရာတွင် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #UN #PeaceKeeping #တရုတ် #ကုလသမဂ္ဂ #ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့

--------------------------------------------------------------------------------------

(Chinese Version)

中国赴联合国两任务区维和警队出征仪式举行

新华社北京7月31日电(记者李明辉)记者7月31日从公安部获悉,中国赴联合国中非、塞浦路斯任务区维和警队出征仪式7月30日在北京举行。两支维和警队从北京首都国际机场出发,分别前往联合国中非任务区和塞浦路斯任务区执行维和任务。   

维和警队的7名队员来自公安部常备维和警队和地方公安机关,历经多轮严格筛选后,以优异成绩顺利通过联合国维和单警甄选考核,并在中国维和警察培训中心接受了强化训练。到达任务区后,他们将重点开展平民安全防护、协助当地警务体系建设、配合人道主义救援和保护联合国人员设施等工作。   

公安部国际合作局有关负责人介绍,作为联合国安理会常任理事国,中国坚定支持并积极参加联合国维和行动。中国维和警察将在联合国授权下,认真履行打击犯罪、保护人权、重建当地执法力量等职责,为驻在国恢复社会秩序、保护平民安全、推进当地司法体系重建贡献力量。(完)

1. 7月30日,中国赴联合国中非、塞浦路斯任务区维和警队出征仪式在北京举行。这是7月30日拍摄的维和警队出征仪式。新华社记者 殷刚 摄