
နယူးယောက်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် ဗဟိုဘဏ် ဘုတ်အဖွဲ့သည် ဇူလိုင် ၂၉ ရက်တွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ငွေကြေးဆိုင်ရာ မူဝါဒ အစည်းအဝေးကို အဆုံးသတ်ခဲ့ပြီး အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ပွင့်လင်းဈေးကွက်ကော်မတီ (FOMC) က ဖက်ဒရယ် ရန်ပုံငွေ အတိုးနှုန်း ရည်မှန်းချက် အပိုင်းအခြားကို ၃.၅ ရာခိုင်နှုန်းမှ ၃.၇၅ ရာခိုင်နှုန်းကြားတွင် ဆက်လက် ထိန်းသိမ်းထားရန် သဘောတူကြောင်း ကြေညာခဲ့သော်လည်း အမေရိကန် ဗဟိုဘဏ် အတွင်းပိုင်းတွင် သဘောထားကွဲလွဲမှုမှာ သိသာထင်ရှားပေသည်။
ဤဆုံးဖြတ်ချက်သည် စျေးကွက်တွင် ယင်းမတိုင်မီ ပင်မအုပ်စု အမြင်သဘောထား ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိပြီး အမေရိကန် ဗဟိုဘဏ်အနေဖြင့် ယခုနှစ်အတွင်း ၅ ကြိမ် ဆက်တိုက် အတိုးနှုန်း မပြောင်းလဲဘဲ ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခ စသည့် အကြောင်းရင်းများကြောင့် မတည်ငြိမ်မှုများ ပြင်းထန်သော်လည်း စီးပွားရေးလှုပ်ရှားမှုသည် တည်ငြိမ်စွာ တိုးချဲ့လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်း ရည်မှန်းချက်နှင့် နှိုင်းယှဉ်ပါက မြင့်မားနေဆဲဖြစ်ပြီး အချို့သော အကြောင်းရင်းမှာ ထောက်ပံ့မှုဆိုင်ရာ ရိုက်ခတ်ခံရမှုများက စွမ်းအင်စသည့် လုပ်ငန်းများ၏ ဈေးနှုန်းကို မြှင့်တင်ပေးလိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ FOMC သည် ဈေးနှုန်းတည်ငြိမ်မှု အကောင်အထည်ဖော်ရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် ဗဟိုဘဏ်က ကြေညာချက်တွင် ဖော်ပြထားသည်။
သတိထားဖွယ်ကောင်းသည်မှာ FOMC အဖွဲ့ဝင် ၁၂ ဦးအနက် ၃ ဦးမှာ ထိုနေ့တွင် အတိုးနှုန်းမပြောင်းလဲဘဲ ဆက်လက် ထိန်းသိမ်းထားခြင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ၎င်းတို့က အတိုးနှုန်းကို ၂၅ အခြေခံပွိုင့် (BPS) တိုးမြှင့်ရန် အဆိုပြုခဲ့ကြသည်။ (Xinhua)

.......................................
(Chinese Version)
美联储年内连续第5次维持利率不变 内部分歧明显
新华社纽约7月29日电(记者刘亚南)美国联邦储备委员会29日结束为期两天的货币政策会议,宣布联邦公开市场委员会同意将联邦基金利率目标区间维持在3.5%至3.75%之间不变,但美联储内部分歧明显。
这一决定符合市场此前主流观点预期,为美联储年内连续第5次维持利率不变。
美联储在声明中表示,尽管中东冲突等因素带来的不确定性处于高位,经济活动仍稳健扩张。通胀相较2%的目标依然处于高位,部分原因是供应冲击推高了能源等行业的价格。联邦公开市场委员会将致力于实现价格稳定。
值得注意的是,联邦公开市场委员会12名成员中有3人在当日投票中反对维持利率不变的决定,他们主张加息25个基点。(完)
图说:7月29日,在美国首都华盛顿,美国联邦储备委员会主席凯文·沃什出席记者会。新华社发(李源清摄)








