
ရှီးအန်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ်သည် တရုတ်-ဥရောပ ရထား ပေါင်းစည်းကုန်အမှတ်တံဆိပ် အသုံးပြုခြင်း၏ ၁၀ နှစ်ပြည့်နှစ်ပတ်လည် ဖြစ်သည်။ အဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ၊ ဉာဏ်ရည်ထည့်သွင်းထားသော လည်ပတ်မှုစနစ်များနှင့် အဆင့်မြှင့်တင်ထားသော ပံ့ပိုးကူညီရေး ဝန်ဆောင်မှုများကို အမှီပြု၍ တရုတ်-ဥရောပ ရထား (ရှီးအန်း) ၏ ပြေးဆွဲမှုပမာဏ၊ ကုန်တင်သယ်ယူမှုပမာဏ၊ ကုန်ပစ္စည်းအပြည့်တင်ဆောင်မှုနှုန်းစသည့် အဓိကညွှန်းကိန်းများသည် တစ်နိုင်ငံလုံးတွင် စဉ်ဆက်မပြတ် ဦးဆောင်လျက်ရှိပြီး ဆန်ရှီးပြည်နယ်၏ ပြည်ပကုန်သွယ်မှုကို မြှင့်တင်ပေးသော၊ ပြည်တွင်း-နိုင်ငံတကာ နှစ်မျိုး စီးဆင်းမှုကို ချောမွေ့စေသော အဓိကစွမ်းအားတစ်ရပ် ဖြစ်လာခဲ့သည်။
မီးရထားဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-ဥရောပ ရထား (ရှီးအန်း) သည် စုစုပေါင်း အစင်းရေ ၃,၃၁၀ မောင်းနှင်ပြေးဆွဲခဲ့ပြီး ယခင်နှစ် ကာလတူထက် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တည်ငြိမ်ပြီး ထိရောက်မှုရှိသော ကုန်းလမ်းက လမ်းကြောင်းဖွင့်လှစ်ပေးပြီး ပြင်ပသို့ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထုတ်လွှတ်ဖွင့်လှစ်ပေးလျက်ရှိရာ ဆန်ရှီးပြည်နယ်၏ ပြည်ပကုန်သွယ်မှု အဆက်မပြတ် တိုးတက်မှုရရှိစေရန် တွန်းအားပေးလျက် ရှိသည်။
လက်ရှိတွင် တရုတ်-ဥရောပ ရထား (ရှီးအန်း) သည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးလိုင်း ၁၈ ခု ဖွင့်လှစ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ရထား-ပင်လယ်ရေကြောင်း ပူးတွဲ သယ်ယူပို့ဆောင်ရေးရထားလိုင်း ၆ ခုနှင့် ချင်းသောင်၊ နင်းပေါ စသည့် ဒေသများရှိ ဆိပ်ကမ်းများနှင့် ချိတ်ဆက်မှုကို အမှီပြုကာ ကုန်း-ပင်လယ်ရေကြောင်း လစ်လပ်မှုမရှိ ချိတ်ဆက် ပူးတွဲ သယ်ယူပို့ဆောင်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကုန်းတွင်းပိတ်ဖြစ်သော ဆန်ရှီးပြည်နယ်ကို ပြည်ပသို့ တံခါးဖွင့်လှစ်မှု ရှေ့ပြေးအဖြစ် ပြောင်းလဲစေခဲ့သည်။ (Xinhua)
.............................
(Chinese Version)
中欧班列激活陕西外贸新动能
新华社照片,西安,2026年7月30日
2026年是中欧班列统一品牌启用十周年。依托不断拓展的运输通道、智能化运营体系与优化升级的配套服务,中欧班列(西安)开行量、货运量、重箱率等核心指标持续领跑全国,成为拉动陕西外贸增长、畅通国内国际双循环的关键力量。
铁路部门数据显示,今年上半年,中欧班列(西安)累计开行3310列,同比增长8.3%,稳定高效的陆路开放通道,持续释放对外开放红利,带动陕西外贸实现不断增长。
目前,中欧班列(西安)已开通18条国际运输干线,同时依托6条铁海联运班列对接青岛、宁波等地的港口,实现陆海联运无缝衔接,让内陆陕西变身对外开放前沿。
图说1:货车在西安国际港站装运通过中欧班列运抵的集装箱(7月16日摄)。新华社记者 李一博 摄
图说2:开往德国杜伊斯堡的X8151次中欧班列在西安国际港站等待发车(7月16日摄,无人机照片)。新华社记者 李一博 摄








