
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် ကာကွယ်ရေးစင်တာ (CDC) က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်သော စောင့်ကြည့်တိုင်းတာမှု အချက်အလက်များအရ လတ်တလောကာလတွင် အမေရိကန်နိုင်ငံ၌ Cyclosporiasis အူလမ်းကြောင်းရောဂါ လူနာအရေအတွက် ဆက်တိုက်မြင့်တက်လာကြောင်း၊ ယခုနှစ် မေ ၁ ရက်မှစ၍ အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၄၅ ခု၌ စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ၊ အမေရိကန်ပြည်တွင်း၌ ကူးစက်သည့် အတည်ပြုလူနာ ၆,၇၀၇ ဦး အစီရင်ခံတင်ပြလာကြောင်း၊ ဓာတ်ခွဲခန်း စစ်ဆေးအတည်ပြုရန် လိုအပ်သည့် အခြား သံသယလူနာ ၁၁,၅၀၀ ဦးကျော်ရှိကြောင်း သိရသည်။
အမေရိကန် CDC ၏ မိတ်ဆက်ပြောကြားချက်အရ အဆိုပါအတည်ပြုလူနာများအနက် စုစုပေါင်း ဆေးရုံ၌ ကုသမှုခံနေသော လူနာ ၄၂၃ ဦးရှိကြောင်း၊ လက်ရှိတွင် သေဆုံးလူနာ အစီရင်ခံတင်ပြမှုမရှိကြောင်း သိရသည်။ လူနာများသည် အသက် ၁ နှစ်မှ ၉၈ နှစ်ကြားဖြစ်ပြီး ၎င်းအနက် ၅၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။ အတည်ပြုလူနာအားလုံးသည် ရောဂါစတင်ထပ်မဖြစ်ပွားမီ ၁၄ ရက်အတွင်း နိုင်ငံတကာခရီးသွားလာမှု မှတ်တမ်းမရှိပေ။ အသစ်တိုး သံသယလူနာများစွာသည် မီချီဂန်ပြည်နယ်နှင့် အိုဟိုင်းယိုးပြည်နယ်မှဖြစ်သည်။
လက်ရှိတွင် အမေရိကန် CDC သည် အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါး စီမံခန့်ခွဲမှုဌာန (FDA) နှင့် ပြည်နယ်များစွာမှ အများပြည်သူကျန်းမာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်၍ ဂေါ်ဖီထုပ်နှင့် ပတ်သက်သည့် Cyclosporiasis အူလမ်းကြောင်းရောဂါ ပြည်နယ်ဖြတ်ကျော် ကူးစက်မှုဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ လက်ရှိအထိ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် ပြည်နယ် ၉ ခုတွင် စုစုပေါင်း အစီရင်ခံတင်ပြသည့် Cyclosporiasis အူလမ်းကြောင်းရောဂါ အတည်ပြုလူနာပေါင်း ၁,၉၄၇ ဦးရှိကြောင်း သိရသည်။
အမေရိကန် CDC ၏ မိတ်ဆက်ပြောကြားချက်အရ Salmonella ဘတ်တီးရီးယား စသည့် ဘတ်တီးရီးယားများနှင့် နှိုင်းယှဉ်ပါက Cyclospora ပိုးသည် အရင်းအမြစ်ကို ခြေရာခံရန် ပိုခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အဆိုပါကပ်ပါးပိုးကို မျိုးရိုးဗီဇစဉ်ဆက်စစ်ဆေးခြင်း (Genomic sequencing) လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Cyclosporiasis အူလမ်းကြောင်းရောဂါသည် Cyclospora ပိုးကြောင့် ဖြစ်ပွားသည့် အူလမ်းကြောင်း ကပ်ပါးပိုးရောဂါဖြစ်ပြီး ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေမှတစ်ဆင့် ကူးစက်နိုင်သည်။ ကူးစက်ခံရသူသည် ရောဂါလက္ခဏာမရှိနိုင်သလို အရည်ဝမ်းသွားခြင်း၊ မကြာခဏဝမ်းသွားခြင်း၊ အစာအိမ်နာခြင်း၊ ပျို့အန်ခြင်း စသည့်လက္ခဏာများလည်း ပေါ်ထွက်လာနိုင်သည်။ အချိန်မီကုသခြင်းမရှိပါက ရောဂါဖြစ်ပွားမှုသည် ရက်အနည်းငယ်မှ လအနည်းငယ်အထိ ဆက်တိုက်ဖြစ်ပွားနိုင်သလို အပြန်ပြန်အခါခါလည်း ဖြစ်ပွားနိုင်ခြေရှိသည်။ အဆိုပါရောဂါသည် သာမန်အားဖြင့် အသက်အန္တရာယ်မရှိတတ်ပေ။ အမေရိကန်နိုင်ငံ၏ Cyclosporiasis အူလမ်းကြောင်းရောဂါ အဖြစ်များသည့်ကာလမှာ သာမန်အားဖြင့် နှစ်စဉ် မေ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美国环孢子虫病病例持续上升 确诊超6700例
新华社洛杉矶7月29日电(记者谭晶晶)美国疾病控制和预防中心28日公布的监测数据显示,近期美国环孢子虫病病例持续增加。自今年5月1日以来,全美已有45个州累计报告6707例实验室确诊、在美国本土感染的病例,另有超过1.15万例疑似病例有待实验室检测确认。
据美疾控中心介绍,这些确诊病例中,共有423例住院病例,暂无死亡病例报告。患者年龄介于1岁至98岁之间,其中56%为女性。所有确诊患者在发病前14天内没有国际旅行史。许多新增疑似病例来自密歇根州和俄亥俄州。
目前,美疾控中心正与美国食品和药物管理局及多个州的公共卫生部门合作,调查一起与球生菜相关的环孢子虫病跨州感染事件。截至目前,该事件涉及的9个州共报告1947例环孢子虫病病例。
据美疾控中心介绍,相较于沙门氏菌等细菌,环孢子虫更难溯源追踪,因为目前尚无法对这种寄生虫开展全基因组测序。
环孢子虫病是由环孢子虫引起的肠道寄生虫病,可通过受污染的食物或水感染。感染者可能没有症状,也可能出现水样腹泻、排便频繁、胃痛、恶心等症状。如不及时治疗,病情可能持续数天至数月,并可能反复发作。该病一般不危及生命。美国环孢子虫病流行季通常为每年5月1日至8月31日。(完)
图说:6月10日,一名女子在美国弗吉尼亚州阿灵顿一家超市选购食品。新华社记者李睿摄








