
ထိုက်ယွမ်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုအသစ်များကို အာကာသထဲသို့ ဇူလိုင် ၃၀ ရက်၌ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုများကို ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။

၎င်းဂြိုဟ်တုများကို ဂြိုဟ်တုဆက်သွယ်ရေး၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အချက်အလက်ထုတ်လွှင့်ခြင်း စသည့် ဝန်ဆောင်မှုများအတွက် အဓိကအသုံးပြုမည်ဖြစ်ပြီး ဆက်စပ်နည်းပညာစမ်းသပ်မှုများနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ရာတွင်လည်း အသုံးပြုမည်ဖြစ်သည်။
ထိုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၆၀ ကြိမ်မြောက် ပျံသန်းမှုမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
............................................
English Version
China launches new communication technology test satellites
TAIYUAN, July 30 (Xinhua) -- China sent new communication technology test satellites into space from the Taiyuan Satellite Launch Center in north China's Shanxi Province on Thursday.
The satellites were launched at 9:00 a.m. (Beijing Time) aboard a modified Long March-6 carrier rocket and entered their planned orbits successfully.
They will be mainly used for services such as satellite communications, broadcasting and television, and data transmission, as well as to carry out related technology tests and verification.
This was the 660th flight mission of the Long March carrier rocket series. ■
English Caption 1, 2, 3
A modified Long March-6 carrier rocket carrying new communication technology test satellites blasts off from the Taiyuan Satellite Launch Center in north China's Shanxi Province, July 30, 2026. (Photo by Wang Yapeng/Xinhua)









